ပိုမိုစိတ်ချ ဘေးကင်းတယ်ဆိုတဲ့ အမျိုးသားသုံးတားဆေး

ပိုမိုစိတ်ချ ဘေးကင်းတယ်ဆိုတဲ့ အမျိုးသားသုံးတားဆေး

အခုခေတ်ကြီးမှာ စားဝတ်နေရေးတွေခက်ခဲလာတာကြောင့်ရော လူဦးရေများပြားထူထပ်လာတာကြောင့်ရော လူတော်တော်များများဟာ ရင်သွေးယူဖို့တွန့်ဆုတ်လာသလိုရင်သွေးတွေကို အဆင်သင့်မဖြစ်သေးပဲရောက်မလာစေဖို့ တားဆီးထားကြပါတယ်။ ဒီလိုတားဆီးတဲ့နေရာမှာ ဒုက္ခအရောက်ဆုံးကတော့ မိန်းကလေးတွေပါပဲ။ စိတ်ကျေနပ်မှုကိုနှစ်ဦးသဘောတူယူတာဖြစ်ပါလျက် မိန်းကလေးကပဲ တားဆေးတွေစားရင် အသားအရည်တွေမညီညာ၊ဝက်ခြံတွေထွက်၊ခန္ဓာကိုယ်က ဝလိုက်ပိန်လိုက်ဖြစ် စတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတစ်ယောက်ထဲ ခါးစည်းခံကြရပြီးယောက်ျားလေးတွေကတော့ နေသာသပလေညာကဖြစ်နေကြတာပါ။

ဒါ့အပြင်တားဆေးမစားဘူးဆိုပြန်တော့ ရင်သွေးလေးရလာရင်အရင်ဆုံးဒုက္ခအပေါင်းနဲ့ကြုံတာကလည်း မိန်းကလေးတွေပါပဲ။ နေရထိုင်ရတာမအီမသာတွေဖြစ်ပြီး တစ်လျှောက်လုံးဒုက္ခအပေါင်းသရဖူဆောင်းတော့တာပါ။ ဒါကြောင့်လည်းဘယ်လိုမှမတတ်နိုင်ပဲ တားဆေးတွေစားနေကြရတာပါ။ ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ ဆေးသိပ္ပံပညာရှင်တွေက ယောက်ျားလေးတွေကိုယ်ဝန်ဆောင်နိုင်မယ့်နည်းကို စမ်းသပ်တီထွင်နေပြီဖြစ်သလို အမျိုးသားတွေစားနိုင်တဲ့ တားဆေးကိုတီထွင်တာလည်း အောင်မြင်လုနီးပါးရှိနေပြီဖြစ်ပါတယ်။

မကြာသေးမီကမှ ထွက်ပေါ်လာတဲ့သတင်းတွေအရ အမျိုးသားတွေစားလို့ရတဲ့ တားဆေးတွေက စမ်းသပ်စစ်ဆေးမှုတွေကိုအောင်မြင်စွာကျော်ဖြတ်လာနိုင်ခဲ့ပြီလို့ ဝမ်းသာစရာသိရပါတယ်။ New Orleans မှာရှိတဲ့ Endocrine Society က အမျိုးသားတွေရဲ့ မျိုးပွားပိုးထုတ်မှုကို ထိန်းချုပ်ပေးမယ့် တားဆေးတစ်မျိုးကိုတီထွင်နိုင်ခဲ့ပါပြီ။ အဲဒီဆေးက 11-beta-MNTDC လို့နာမည်ရပြီး အမျိုးသားအယောက်သုံးဆယ်ကိုစမ်းသပ်ပြီးသွားပါပြီ။

အရင်တုန်းကလည်း အလားတူဆေးမျိုးတွေတီထွင်ခဲ့ပေမယ့် အဲဒီဆေးတွေဟာ စမ်းသပ်စစ်ဆေးတဲ့အဆင့်မှာ ယောက်ျားလေးတွေရဲ့ တစ်တီတူးချင်စိတ်ကို သိသိသာသာကြီးလျှော့ချပစ်လိုက်တာကြောင့် အဆင်မပြေခဲ့ပဲ ယောက်ျားလေးတွေကမသောက်ချင်ကြဘူးလို့သိရပါတယ်။ ဒါပေမယ့် အခုတီထွင်လိုက်တဲ့ 11-beta ဆေးကတော့ အဲဒီလိုလျော့ကျသွားတဲ့ side effects တွေမတွေ့ရပဲ ခေါင်းကိုက်ခြင်းနဲ့ ဝက်ခြံထွက်ခြင်းလောက်သာ တွေ့ရတယ်လို့သိရပါတယ်။ ဒီ side effects တွေက မိန်းကလေးတွေလစဉ်ခံစားရတဲ့ ဝေဒနာရဲ့အစွန်းထွက်လောက်သာရှိတာပေမယ့် ယောက်ျားလေးတော်တော်များများကတော့ မခံစားနိုင်တဲ့အတွက် တားဆေးအသုံးပြုဖို့ငြင်းဆန်နေကြဆဲပဲဖြစ်ပါတယ်။ ဒီတားဆေးဟာ ဈေးကွက်ထဲကို သိပ်မကြာတော့တဲ့အချိန်ကာလမှာ ဝင်ရောက်လာတော့မှာဖြစ်ပြီးတရားဝင်ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီသတင်းက သတင်းကောင်းပဲလား။ အဲဒီဆေးထွက်လာရင် ဝယ်ယူသုံးစွဲကြမှာလား။ မိန်းကလေးတွေအနေနဲ့ တားဆေးတွေအနစ်နာခံပြီးသောက်နေရတဲ့အဖြစ်ကနေ ကင်းလွတ်နိုင်ပြီထင်လား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say

Comments are closed.