အရသာ အရမ်းရှိပြီး ထမင်းမြိန်စေမည့် ယိုးဒယားငါးပိထောင်း ချိုချဉ်စပ်လေး လုပ်နည်း

အရသာ အရမ်းရှိပြီး ထမင်းမြိန်စေမည့် ယိုးဒယားငါးပိထောင်း ချိုချဉ်စပ်လေး လုပ်နည်း

အရသာ အရမ်းရှိပြီး ထမင်းမြိန်စေမည့် ယိုးဒယားငါးပိထောင်း ချိုချဉ်စပ်လေး လုပ်နည်း

ယိုးဒယား ငါးပိဖျော်ဖို့ ငါးပိစိမ်းစား ထမင်းစားဇွန်း ၄ ဇွန်း၊ ခရမ်းကဆော့သီး ၁၀ လုံး၊ သံပုရာသီး ၃ လုံး၊ ငရုတ်သီးစိမ်းအနီ ၁၅ တောင့် အစိမ်း ၂၀ တောင့်၊ ပုဇွန်ခြောက်မှုန့် လက်တဆုတ်စာ၊ ကြက်သွန်ဖြူ ၁၀ မွှာ၊ အသားမှုန့်၊ ငါးငံပြာရည်တို့ လိုပါတယ်ရှင်။

ပထမဆုံး ငါးပိစိမ်းစားကို ငှက်ပျောဖက်လေးနဲ့ပတ်ပြီး ကင်ပါ။ ကြက်သွန်ဖြူ မညက်တညက် ထောင်းပြီး ဖယ်ထားပါ။ ငရုတ်သီး စိမ်းနီထောင်းပါ။ ငါးပိကင်ထည့်ပါ။ ကြက်သွန်ဖြူထောင်းပြီးသား ထည့်ထောင်းပါ။ ပုဇွန်ခြောက်မှုန့် ထည့်ထောင်းပါ။

ကြက်သားမှုန့် သံပုရာရည် ရေနွေးစတီးဇွန်း ၇ ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်းနဲ့ ၂ ဇွန်း ထည့်မွှေပြီးရင် ခရမ်းကဆော့သီးလေးတွေ ရေဆေးပြီး ထည့်ပြီးရင်တော့ အရမ်းစားကောင်းတဲ့ ယိုးဒယား ငါပိဖျော်လေး ရပါပြီရှင်။

ကြိုက်နှစ်သက်ရာ အသီးအရွက်ပြုတ်လေးတွေနဲ့ တွဲဖက်စားရင် အရမ်းကောင်းပေါ့။ ထမင်း ၂ ပန်းကန်ကတော့ အေးဆေးပေါ့။

Comments are closed.