Video Call လေးနဲ့အလွမ်းသယ်နေတဲ့ လင်းလင်းတို့မိသားစု

Video Call လေးနဲ့အလွမ်းသယ်နေတဲ့ လင်းလင်းတို့မိသားစု

ပြည်သူ့အချစ်တော် ဇနီးမောင်နှံလေးဖြစ်တဲ့ အဆိုတော်သရုပ်ဆောင် ချစ်သုဝေနဲ့ တေးရေးတေးဆို လင်းလင်းတို့ကတော့ အမြဲတမ်းလိုလို ပရိသတ်တွေကို သူတို့မိသားစုရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေတတ်ကြပါတယ်။ သူတို့ရဲ့ ခေတ် နဲ့ သစ် အမွှာသမီးလေးနှစ်ယောက်ကလည်း ပရိသတ်အချစ်ကို ငယ်ငယ်လေးကတည်းက ရရှိထားတာ ဖြစ်ပြီး သူတို့ရဲ့ ပျော်ရွှင်စရာ မိသားစုလေးကတော့ ပရိသတ်တွေ အမြဲလိုလို အားကျတတ်ကြပါတယ်။

လင်းလင်းက Video Call ခေါ်ရင်း သူ့ကလေးတွေနဲ့ပဲ ဓါတ်ပုံရိုက်ခဲ့ပြီး ဇနီးလေးနဲ့ ဓါတ်ပုံရိုက်ဖို့ မေ့သွားတဲ့အကြောင်းလေး ရေးထားတာကြောင့် ပုံလေးရဲ့အောက် Comment မှာတော့ ဇနီးဖြစ်သူ ချစ်သုဝေကလည်း “အောင်မလေးမေ့တဲ့အတိုင်းထားတာမဟုတ်ဘူး ညည်းကို မချစ်ဖို့ကြိုးစားနေပြီ ကျုပ်ကလည်းတော်ပြီ သည်းတကယ်ပြောတာ ဖေ လာမခေါ်နဲ့” ဆိုပြီး ချစ်စရာကောင်းတဲ့ စိတ်ဆိုးဟန် စာသားလေးကိုလည်း ရေးထားပါသေးတယ်။

တကယ်ကို လိုက်ဖက်ပြီး ပျော်စရာကောင်းတဲ့ သူတို့ရဲ့ ဇနီးမောင်နှံကတော့ သူ့တို့တင်လိုက်တဲ့ ဓါတ်ပုံလေးတွေကတော့ အမြဲတမ်းအားကျစရာကောင်းနေပါတယ်။ သူတို့မိသားစုရဲ့ ပုံရိပ်လေးတွေနဲ့ သမီးလေး အစားကို အားရပါးရစားနေတဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.