ဒေါင်းရဲ့ ပုံတူကောက်ရိုးပန်းချီဖန်တီးလိုက်တဲ့ သားသခင်

ဒေါင်းရဲ့ ပုံတူကောက်ရိုးပန်းချီဖန်တီးလိုက်တဲ့ သားသခင်

သားသခင်ဆိုတာဟာ ကိုယ်တိုင်ရေးစာအုပ်တွေလည်းထွက်ထားသလို ဟောပြောပွဲတွေတော်တော်များများကိုလည်း လိုက်လံဟောပြောနေတဲ့ လူငယ်စာရေးသူတစ်ဦးဖြစ်ပါတယ်။ သားသခင်က လူငယ်ပရိသတ်တော်တော်များများကိုပိုင်ဆိုင်ထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကိုဂုဏ်ပြုတဲ့ ကဗျာတွေကိုလည်း ရေးစပ်ဖူးသူတစ်ဦးဖြစ်ပါတယ်။ သားသခင်ဟာ မကြာသေးမီက သူ့ရဲ့ နောက်ထပ် အနုပညာ personality တစ်ခုကိုလည်း ပရိသတ်တွေအတွက်ထုတ်ပြလိုက်ပါသေးတယ်။

အဲဒါကတော့ ဒေါင်း ရဲ့ ပုံတူပန်းချီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆေးနဲ့ဆွဲတဲ့ပန်းချီသက်သက်မဟုတ်ပဲ ကောက်ရိုးနဲ့ဖန်တီးထားတဲ့ ပန်းချီလို့ဆိုပါတယ်။ ပုံတူပန်းချီကတော့ ဒေါင်းနဲ့သိပ်တူလှတယ်မဟုတ်ပဲ ဒေါင်းမဟုတ်ဘူးလို့လည်းပြောလို့မရတဲ့ အနေအထားပါ။ ဒါပေမယ့် ခမ်းခမ်းနားနား ပီပီပြင်ပြင်ပုံတူပန်းချီတစ်ခုဖြစ်ပါတယ်။ ပရိသတ်အချို့ကတော့ ပန်းချီက ဒေါင်းနဲ့မတူပဲ သားသခင်မျက်နှာနဲ့ပိုတူနေတယ်လို့ ဝေဖန်ထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သားသခင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ စာပေပါရမီအပြင် ဒီလို လက်မှုပညာပါရမီပါပါနေတဲ့အတွက် ပရိသတ်တွေက သိပ်ကိုအံ့သြပြီး အားပေးနေကြပါတယ်။

ပန်းချီမှာ ဒေါင်းမျက်နှာဘေးမှာ “အိပ်မက်တိုင်းက ဝိုးတဝါးပါ။ ဒါပေမယ့် တကယ်ရှိတယ်”ဆိုတဲ့ ဒေါင်းရေးထားတဲ့ စာသားလေးကို ထည့်ရေးပေးထားပါတယ်။ ဒေါင်းပုံရဲ့ အောက်နားမှာတော့ “အနုပညာ သားသခင်”လို့ နာမည်ရေးထိုးထားပါတယ်။ပန်းချီကားတွေမှာများသောအားဖြင့် ပန်းချီဆရာတွေက လက်မှတ်လောက်ပဲ မထင်မရှားထိုးတတ်ကြတာပေမယ့် သားသခင်ကတော့ သူ့နာမည်ကိုထင်ထင်ရှားရှား ကြီးကြီးမားမားရေးထိုးထားတာတွေ့ရပါတယ်။ ပန်းချီကားရဲ့ တန်ကြေးကတော့ နှစ်သိန်းပါတဲ့။ နွားစာကောက်ရိုးသားနဲ့လုပ်ထားတာဖြစ်ပြီး ဒေါင်းရဲ့ မွေးနေ့အတွက် ပရိသတ်တစ်ဦးကလာအပ်ထားတာလို့သိရပါတယ်။ သားသခင်က မင်းကိုနိုင်ရဲ့ ပုံတူကိုလည်းဖန်တီးနေသေးကြောင်း မသိမသာလေးထည့်ပြောသွားပါသေးတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.