ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အဝတ်အထည်များ လှူဒါန်းခဲ့တဲ့ ဝတ်မှုံရွှေရည်

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အဝတ်အထည်များ လှူဒါန်းခဲ့တဲ့ ဝတ်မှုံရွှေရည်

ပရိသတ်အချစ်တော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေများစွာကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အခုချိန်ထိလဲ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ၁၉ နှစ်အရွယ်တည်းကနေ အခုချိန်ထိ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်လာပြီး အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပါတယ်။

လူလေးလှသလို စိတ်ထားလေးလဲကောင်းတဲ့ မင်းသမီးချော ဝတ်မှုံရွှေရည်က ရခိုင်ဒေသအတွင်းက စစ်ဘေးရှောင် ဒုက္ခသည်များကို အဝတ်အစားများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဝတ်မှုံရွှေရည် လှူဒါန်းတဲ့ အဝတ်အစားတွေက အဖိုးတန် ပွဲတက်ဝတ်စုံတွေ ဖြစ်နေတာကြောင့် အမည်မဖော်လိုသူတစ်ဦးမှ ပြန်လည်ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

အလှူပစ္စည်းလက်ခံသူ ထွန့်ထွန်လူးအများအကျိုးဆောင် အဖွဲ့မှ ကိုဇွဲလှိုင်က ဝတ်မှုံရွှေရည်ရဲ့ အလှူလေးနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြည့်ပြည့်စုံစုံပြောထားပါတယ်။” ရခိုင်စစ်ဘေးရှောင်များအတွက် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည် မှ အဝတ်အထည်များကို လှူဒါန်းပေးထားပါသည်။ မကစ် လှူဒါန်းပေးသော အဝတ်အထည်များမှာ ဇာတ်ဝင်ခန်းများတွင် ဝတ်ဆင်သော တန်ဖိုးကြီး ပွဲတက်ဝတ်စုံများဖြစ်နေသောကြောင့် အလှူပိုမို အထမြောက်သွားစေရန် ကျွန်တော်မှတဆင့် ပြန်လည်ရောင်းချပေးရာ အမည်မဖော်လိုသူ ရခိုင်အမျိုးသမီး အလှူရှင်တစ်ဦး မှ ငွေကျပ် ၆ သိန်း နှင့် ဝယ်ယူခဲ့ပါသည်။”

“၎င်းလှူဒါန်းခဲ့သော အလှူငွေကျပ် ၆ သိန်းကို လေးဝတီကုလရက္ခိတပရဟိတ မှ ဦးဆောင်သူ ကိုဗျာလထံ လွှဲပြောင်းပေးပြီး ဖြစ်ပါသည်။ ညီမငယ် မကစ် စိတ်သွားတိုင်း ကိုယ်ပါပြီး အောင်မြင်မှုအပေါင်းနှင့် ပြည့်စုံ ပါစေကြောင်း ဆုမွန်ကောင်း များတောင်းအပ်ပါသည်ခင်ဗျာ ..ကျေးဇူးတင်စွာဖြင့် ထွန့်ထွန်လူးအများအကျိုးဆောင်” ဆိုပြီး ပြောထားပါတယ်။

စေတနာရှင်လေး ဝတ်မှုံရွှေရည်ကတော့ လူလေးလှသလ်ု စိတ်ထားလေးလဲ ပြည့်ဝသူတစ်ဦးဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်တစ်ယောက် အခုလို လှူဒါန်းရတဲ့ အကျိုးကျေးဇူးကြောင့် ဆထက်မက အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ ဝတ်မှုံရွှေရည်ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓု ခေါ်သွားပေးပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.