အောင်မြင်မှုရရှိဖို့ နေ့စဉ်ဆောင်လုပ်သင့်တဲ့ အရာ (6) မျိုး

အောင်မြင်မှုရရှိဖို့ နေ့စဉ်ဆောင်လုပ်သင့်တဲ့ အရာ (6) မျိုး

လူဆိုတာ နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့ အခက်အခဲတွေကြားက သတ္တဝါတွေဖြစ်ပါတယ်။ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်တလျှောက် မွှေးပျံ့ဆိုတာ သင့်ရဲ့ ဂုဏ်သတင်းရနံ့တွေ လိုအပ်ပါတယ်။ဒီအတွက် ပညာတွေ တတ်ဖို့ မလိုပါဘူး။ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုမှာ ကောင်းမွန်တဲ့ သဘောထားတတ်ဖို့ပဲလိုပြီး နေ့တိုင်း မပင်ပမ်းမခက်ခဲပဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး အကျိုးဖြစ်ထွန်းနိုင်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

1. အပြုံးကို ဆောင်ခြင်း

လူသားတွေအတွက် အရေးကြီးဆုံးလိုအပ်နေတာ အပြုံးဖြစ်ပါတယ်။ကိုယ်က စီးပွားရေးလုပ်နေသူတစ်ယောက်ဆို ဒါဟာ ပိုလို့တောင်လိုအပ်နေပါသေးတယ်။မနက်ခင်းတိုင်းကို ကောင်းမွန်တဲ့ အပြုံးနဲ့ စတင်သူဟာ တနေ့တာပတ်လုံး အဆင်ပြေချောမွေ့နေတတ်ပြီး သင့်ရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်မြန်ဆန်စေတာဖြစ်ပါတယ်။

2. အငြင်းအခုံ မပြုလုပ်ခြင်း

အငြင်းအခုံမလုပ်ပဲ ကောင်းမွန်စွာနားထောင်ပေးလိုက်ခြင်းက သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေမှာမဟုတ်ပါဘူး။တကယ် ငြင်းခုံဖို့ လိုအပ်လာရင်တော့ ငြင်းခုံသင့်ပါတယ်။အဲ့လိုမှ မဟုတ်ပဲ အရေးမပါသူတစ်ဦးအတွက် စိတ်ဒုက္ခခံ ငြင်းခုံခြင်းထက် အမူအရာလောက်သာ ပြ ငြင်းဆန်ခြင်းက သင့်ကို လူချစ်လူခင်ပေါများစေတဲ့ အချက်ဖြစ်စေမှာပါ။

3. ကြင်နာခြင်း

ကြင်နာတတ်ခြင်းကလည်း နေ့စဉ်လူနေမှုဘဝမှာ ရှိသင့်တဲ့အရာဖြစ်ပါတယ်။လူတိုင်းမှာသာ ကြင်နာတတ်မှုမရှိရင် ကမ္ဘာကြီးဟာ ကူရာ ကယ်ရာမဲ့သွားမှာဖြစ်ပါတယ်။လူတိုင်းဆီမှာ ကြင်နာတတ်မှုမရှိခဲ့သည့်တိုင် သင့်ထံမှာ မြဲနေပါစေ။လူတိုင်းကို အကူအညီလိုသူလို သဘောထားပါ။သင့်ရှေ့မှာ ထောက်မကျိုးသူတစ်ယောက်ကလည်း မိဘရဲ့ ဆုံးမသြဝါဒမရခဲ့လို့ အကူအညီလိုနေသူအဖြစ် သဘောထားပေးနိုင်ရင် ကမ္ဘာကြီးဟာ ငြိမ်းချမ်းနိုင်ပါတယ်။

4.ရယ်မောခြင်း

ရယ်မောပါ။ရယ်မောဖို့ ဘယ်တော့မှ မမေ့ပါနဲ့။တရက်တာမှာ ရယ်စရာမရျိရင် အဲ့နေ့က အချည်းအနှီးပဲလို့ ကမ္ဘာကျော် ဟာသမင်းသားကြီး ချာလီချက်ပလင်က ပြောခဲ့ပါတယ်။ဒီတော့ ရယ်စရာအကြောင်းကို တွေ့အောင်ရှာပါ။တွေ့တဲ့အခါ အားရပါးရ ရယ်မောပါ။ရယ်မောခြင်းဟာ စိတ်ဖိဆီးမှုကို လျော့ကျပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်လာစေပါတယ်။ရုပ်ပိုင်းဆိုင်ရာကိုလဲ အရွယ်တင်နုပျိုစေပြီး စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတာဖြစ်ပါတယ်။အကြောင်းမဲ့ ရယ်မောနေခြင်းကိုတော့ ရှောင်ကြဉ်ပါ။

5. နားထောင်မှု စွမ်းရည်

အမြဲတမ်း နားထောင်ပေးသူသာ လုပ်ပါ။လူတွေရဲ့ အခက်အခဲ၊အတွေ့အကြုံ၊နာကျင်မှု၊ပျော်ရွှင်မှု အဖြစ်အပျက်တွေကို သင်ဟာ နားထောင်ပေးမယ်ဆိုရင် သင်ဟာ ကမ္ဘာတစ်ပတ်ခရီးထွက်ပြီး အမှန်တရားရှာနေသူထက် ပိုအဓိပ္ပာယ်ရှိသလို သူတို့ရင်ထဲမှာ အမြဲမှတ်မှတ်ထင်ထင် ကျန်ရှိနေနိုင်တဲ့ အကောင်းဆုံး လူဖြစ်နေမှာပါ။

6. ယုံကြည်မှုရှိခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ကိုယ့ိက်ုယ်ကို ယုံကြည်ခြင်းက သင့်ကို အများထက် ဆွဲဆောင်မှုပိုရှိစေပြီး သင့်ရဲ့ လုပ်ငန်းဆောင်တာတိုင်းကို တိုးတက်အောင်မြင်စေပါတယ်။ရှက်ရွံ့နေခြင်းက တကယ်တော့ အလုပ်မဖြစ်ပါဘူး။သင့်မှာ စွမ်းရည်ကောင်းတွေ ရှိပါလျက်နဲ့ သင်ဟာ ရှက်ရွံနေမယ်ဆိုရင် ဒါတွေဟာ တိမ်မြုပ်ပျောက်ကွယ်ပြီး သင့်ကိုယ်သင် ယုံကြည်မှုအားနည်းသူလို အရှုံးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.