အဖေတူ အစားပုတ်တဲ့ သမီးလေးတွေကို ဂရုစိုက်နေတာနဲ့ ဇနီးလေးကို မေ့သွားခဲ့တဲ့ လင်းလင်း

အဖေတူ အစားပုတ်တဲ့ သမီးလေးတွေကို ဂရုစိုက်နေတာနဲ့ ဇနီးလေးကို မေ့သွားခဲ့တဲ့ လင်းလင်း

ပရိသတ်တွေ အားကျရတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလဲ အကောင်းဆုံး တည်ဆောက်ထားတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလဲ အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ လင်းလင်းက သူနဲ့တူလ်ု့ အစားပုပ်တဲ့ သမီးလေးတွေနဲ့ ဗီဒီယို call ပြောရင်း သမီးလေးတွေနဲ့သာ ဓာတ်ပုံရိုက်ပြီး ချစ်ဇနီးလေးကို ခေတ္တခဏမေ့သွားခဲ့ကြောင်းကို ” ဘယ်သူမှမပြောခင် ကြိုပြောထားလိုက်မယ် ဒီလိုဝါးတီးကို အားရပါးရဆွဲတာ ဖအေတူဟေ့ ဖအေတူ …သမီးတွေနဲ့ vdo call ပြောပြီး ဓာတ်ပုံရိုက်တာ သူတို့အမေနဲ့ ရိုက်ဖို့မေ့နေလို့ ပြန် ရိုက်လိုက်ရတယ်။ တော်သေး ခိခိ” ဆိုပြီး ပြောထားပါတယ်။

သမီးလေးတွေနဲ့ယှဉ်ရင် အလိုလိုနောက်ရောက်သွားခဲ့တဲ့ ချစ်သုဝေကတော့ လင်းလင်းကို စိတ်ဆိုးပြီး ” အောင်မလေးမေ့တဲ့အတိုင်းထားတာမဟုတ်ဘူး… ညည်းကို မချစ်ဖို့ကြိုးစားနေပြီ ကျုပ်ကလည်း😤😤😤😤😤တော်ပြီ သည်းတကယ်ပြောတာ ဖေ လာမခေါ်နဲ့”ဆိုပြီး ချစ်စနိုးလေး စိတ်ကောက်နေတာကို တွေ့ရပါတယ်။

ဖေဖေလင်းလင်းတစ်ယောက် မေမေချစ်သုဝေကို မေ့သွားတာ သစ်သစ်လေး ဒါမိျုးတွေ စားပြနေလို့ပါတဲ့။

လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ စနောက်ကျီစယ်လေ့ရှိတဲ့ ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံပါပဲ။ ခေတ်နဲ့ သစ်ကလဲ တစ်နေ့တစ်ခြား အမူအယာပေါင်းစုံလုပ်ပြပြီး ချစ်စရာကောင်းနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ လင်းလင်းနဲ့ ချစ်သုဝေတို့လို သာယာပျော်ရွှင်ဖွယ် မိသားစုလေးကို ပိုင်ဆိုင်နိုင်ပါစေလ်ု့ ဆုတောင်းလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.