စိုင်းစိုင်း Show ကြိုတင်လက်မှတ်ကို အလုအယက်ဝယ်ယူနေကြတဲ့ ရာချီလှတဲ့ လူအုပ်ကြီးမြင်ကွင်း

စိုင်းစိုင်း Show ကြိုတင်လက်မှတ်ကို အလုအယက်ဝယ်ယူနေကြတဲ့ ရာချီလှတဲ့ လူအုပ်ကြီးမြင်ကွင်း

တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကြီးကို လာမယ့် ဧပြီလ(၁၀)ရက်နေ့မှာ ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် Birthday Show ကတော့ (၁၅)ကြိမ်မြောက် ကျင်းပတဲ့ Birthday Show ကြီးဖြစ်တယ်လို့ သိရပါတယ်။ နှစ်တိုင်းပရိသတ်တွေကို ထူးထူးခြားခြားဖျော်ဖြေပေးနေတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်မှာလဲ ပရိသတ်တွေအတွက် ထူးထူးခြားခြား အစီအစဉ်လေး ထည့်သွင်းပေးထားပါသေးတယ်။

ဒီကနေ့ မတ်လ(၃၀) ရက်နေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ (၁၅)ကြိမ်မြောက် မွေးနေ့ Show ကြီးအတွက် ကြိုတင်လက်မှတ်တွေကို ရန်ကုန်မြို့ မြန်မာပလာဇာမှာ စတင်ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။ စတင်ရောင်းချတဲ့ရက်မှာပဲ ကြိုတင်လက်မှတ် ဝယ်ယူသူတွေ ရာနဲ့ချီ ပြည့်နှက်နေတာကို တွေ့ရပါတယ်။

များပြားလှတဲ့ လူအုပ်ကြီးကို လက်မှတ်ရောင်းချခဲ့တာကြောင့် အခက်အခဲ အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် စိုင်းစိုင်းခမ်းလှိုင်ကို ချစ်တဲ့ ပရိသတ်တွေကတော့ ဇွဲကောင်းကောင်းနဲ့ အခုချိန်ထိ ဝယ်ယူနေဆဲလို့ သိရပါတယ်။

စိုင်းစိုင်းရဲ့ မွေးနေ့ Show လက်မှတ်ဝယ်ယူသူတိုင်းကို စိုင်းစိုင်းခမ်းလှိုင်ပုံပါတဲ့ AYA Visa Card ရရှိမှာဖြစ်ပြီး ပထမဆုံး လက်မှတ်ဝယ်ယူသူ အယောက် ၁၀၀၀ကို Sai Birthday Show ဦးထုပ်များ လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

ကြိုတင်လက်မှတ်ဝယ်သူတွေနဲ့တင် အုံးအုံးထခဲ့တဲ့ မြင်ကွင်းကတော့ ကြောက်ခမန်းလိလိပဲနော်။ ဒီနေ့ စိုင်းစိုင်းရဲ့ လက်မှတ်မရလိုက်တဲ့သူတွေလဲ နောက်နေ့တွေ ရောင်းချဦးမှာမို့ အားမလျော့ကြပါနဲ့နော်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကြီးကို လာမယ့် ဧပြီလ (၁၀) ရက်နေ့ သုဝဏ္ဏဘူမိ ဖျော်ဖြေရေးကွင်းမှာ ကျင်းပမှာမို့ ဆက်ဆက်သွားကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.