သင်္ကြန်မှာ ကဲဖို့ အားခဲထားသူတွေ ကျိန်းသေ ကျော်မသွားသင့်တဲ့ပို့ပါ.. တွေ့ရင် အပြတ်သိမ်းမည်

သင်္ကြန်မှာ ကဲဖို့ အားခဲထားသူတွေ ကျိန်းသေ ကျော်မသွားသင့်တဲ့ပို့ပါ.. တွေ့ရင် အပြတ်သိမ်းမည်

အိတ်ဇောဖြုတ်မောင်းသည့်ဆိုင်ကယ်များနှင့် ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ဆိုင်ကယ်များကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်

မော်လမြိုင်၊ မတ် ၃၀

သင်္ကြန်မတိုင်မီကာလနှင့် ပွဲတော်ကျင်းပသည့် ကာလအတွင်း၌ အိတ်ဇောဖြုတ်မောင်းသည့်ဆိုင်ကယ်များနှင့်ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ဆိုင်ကယ်များကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးကပြောသည်။

မတ်လ(၂၉)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရရုံး၌ပြုလုပ်ခဲ့သည့် သင်္ကြန်ပွဲတော်ကျင်းပရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။အဆိုပါဆိုင်ကယ်များကို ဖမ်းဆီးရမိပါက တစ်ခါတည်းသိမ်းဆည်းသွားမည်ဖြစ်ပြီး သင်္ကြန်ကာလပြီးဆုံးမှသာ တရားရုံးတင်၍ အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“ဆိုင်ကယ်အိတ်ဇောနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကျွန်တော်ပြောထားပြီးဖြစ်ပါတယ်။ တချို့ ဆိုင်ကယ်တွေက

အိတ်ဇောဖြုတ်ပြီးမောင်းတာရှိသလို တချို့ဆိုင်ကယ်တွေက ပါဝါကြီးတဲ့အတွက် ပါဝါအိတ်ဇောတွေပါတယ်။အဲ့ဒါတွေကိုတွေ့ရင် တစ်ခါတည်းအပြတ်သိမ်းသွားမှာဖြစ်တယ် လိုင်စင်မရှိရင်မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ် “ ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးက အထက်ပါဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဆိုင်ကယ်များဖြင့်အုပ်စုဖွဲ့သွားလာသည့်အသင်းအဖွဲ့များ၌ ယဉ်ကျေးမှုနှင့်မလျော်ညီသော ဝတ်စားဆင်ယင်မှုများနှင့်အရက်သေစာအလွန် အကျူးသောက်စားထားသူများကိုလည်း ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ယဉ်ကျေးမှုနဲ့ မညီတာတွေကိုလည်း လက်ခံမှာမဟုတ်ဘူး လက်ခံလိုက်ရင် ဒါတွေကအမှန်ဖြစ်သွားလိမ့်မယ် စည်းကမ်းရှိရှိသွားရင်ဘာမှမဖြစ်ဘူးအရက်သေစာအရမ်းသောက်စားပြီး အန္တရာယ်ရှိတဲ့အနေအထားဆိုရင် ကျွန်တော်တို့ထိန်းသိမ်းသွားမယ်” ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးက ထပ်မံပြောဆိုခဲ့သည်။သက်ြန်ပွဲတော်ကာလမတိုင်မီတွင် လူစည်ကားရာအရပ်များ ၊ လမ်းဆုံလမ်းခွများနှင့် မဏ္ဍပ်များတွင် သင်္ကြန်ပွဲတော်အတွင်း၌

ရှောင်ကြဉ်ရမည့် တားမြစ်ချက်များကိုလည်း ဗီနိုင်းများဖြင့်ချိတ်ဆွဲထားပေးမည်ဖြစ်ကြောင်း သိရသည်။ယခုနှစ်မော်လမြိုင်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်ပြုလုပ်တော့မည်မဟုတ်ဘဲ သံလွင်ပန်းခြံတွင် အပန်းဖြေသင်္ကြန်ကဲ့သို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်ကပြောသည်။“ ထီးတွေနဲ့အလှဆင်ထားမယ် လှေမှာရေဖြည့်ထားပြီး ရေကစားဖို့ထားထားမယ် ရပ်မိရပ်ဖတွေနဲ့ပူးပေါင်းပြီး တစ်နေ့ကိုစတုဒီတာ နှစ်မျိုးလောက်ကျွေးမွေးသွားပါမယ် တီးဝိုင်တွေလည်းထားပေးဖို့ စီစဉ်ထားပေးပါတယ် တီးဝိုင်းမရရင်တောင် ဆောင်းဘောက်နဲ့သီချင်းတွေဆိုနိုင်အောင် စီစဉ်ထားပါတယ်” ဟု ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်ကပြောသည်။

သင်္ကြန်မဏ္ဍပ်ဆောက်လုပ်လိုသူများအနေဖြင့် မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဧပြီလ(၇)ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပြီး အလှပဆုံးဆင်ယင်ထားသည့်မဏ္ဍပ်များကို ဆုချီးမြင့်သွားမည်ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးကဆိုသည်။သံလွင်ပန်းခြံတွင်ကျင်းပမည့် အဆိုပါအပန်းဖြေသင်္ကြန်ကို အကျ ၊ အကြတ် ၊ အတက်နေ့များတွင်ပြုလုပ်သွားမည်ဖြစ်ပြီ သက်ြန်လည်ပတ်သူများအတွက် နေ့ခင်းဘက်နေပူချိန်တွင် အပန်းဖြေနိုင်ရန်ရည်ရွယ်၍ပြုလုပ်ကြောင်း သိရသည်။သင်္ကြန်ပွဲတော်ကျင်းပသည့်ကာလအတွင်း၌ ဗဟိုမဏ္ဍပ်မရောက်ခင်ကမ်းနားလမ်းတွင် တစ်လမ်းမောင်းပြုလုပ်သွားမည်ဖြစ်ပြီး

ဆိုင်ကယ်နှင့်ကားများကို တစ်လမ်းစီခွဲထားမည်ဖြစ်ကြောင်း သိရသည်။ယခုနှစ်မွန်ပြည်နယ်သင်္ကြန်ပွဲတော်အတွက် မွန်ပြည်နယ်အစိုးရအနေဖြင့် ဘက်ဂျက်ငွေ ကျပ်သိန်း(၂၀၀၀)ခန့် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်း – နောင်ခန့် ဓါတ်ပုံ – Myint Soe

Comments are closed.