“ေအာင္လအန္ဆန္” ကို အားက်တယ္လို႔ေျပာလိုက္တဲ့ “ဒမီးထရီးရတ္ ဂၽြန္ဆန္”

“ေအာင္လအန္ဆန္” ကို အားက်တယ္လို႔ေျပာလိုက္တဲ့ “ဒမီးထရီးရတ္ ဂၽြန္ဆန္”

Zawgyi ျဖင့္ဖတ္ရန္

MMA သိုင္းေပါင္းစုံေလာကမွာ ၁၂ ႀကိမ္တိုင္တိုင္ ခ်ံပီယံခါးပတ္ကို ထိန္းထားနိုင္ခဲ့တဲ့ “ဒမီးထရီးရတ္ ဂၽြန္ဆန္ (Demetrious Johnson)” ကို MMA ပရိသတ္ေတြအေနနဲ႔ မသိတဲ့သူ ရွိလိမ့္မယ္မထင္ပါဘူး။ MMA ေလာကကို ယေန႔ထက္ထိတိုင္ ႏွစ္အေတာ္ လႊမ္းမိုးေနဆဲျဖစ္တဲ့ UFC ရဲ့ ခ်ံပီယံ ကစားသမားေဟာင္း တစ္ေယာက္လည္းျဖစ္ပါတယ္။

‘ဂၽြန္ဆင္’ ဟာ MMA ေလာကမွာ ခ်ံပီယံခါးပတ္ကို အၾကားဆုံး ထိန္းထားနိုင္ခဲ့တဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ့နာမည္ေျပာင္ကေတာ့ “မိုက္တီးေမာက္စ္” ျဖစ္ပါတယ္။ ေသးငယ္တဲ့ ခႏၶာကိုယ္နဲ႔ သြက္လက္ဖ်တ္လတ္မွုကေတာ့ စူပါႂကြက္တစ္ေကာင္လိုပါပဲ။ သူ႔ကို စိန္ေခၚသူတိုင္းကို တိုက္ကြက္လွလွေတြနဲ႔ ပုံစံမ်ိဳးစုံ ပြဲသိမ္းနိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

MMA မွာ ၾသဇာအာဏာႀကီးတဲ့ UFC ရဲ့ ဖလိုင္းဝိတ္တန္း ခ်ံပီယံခါးပတ္ကို ၂၀၁၂ ခုႏွစ္ ထဲက ရရွိထားခဲ့ၿပီး ေနာက္ထပ္ (၁၁) ႀကိမ္တိုင္တိုင္ ကာကြယ္နိုင္ခဲ့ပါတယ္။ ၆ ႏွစ္ၾကာ ခ်ံပီယံခါးပတ္ကို ထိန္းထားနိုင္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ၾသဂုတ္လက “Cejudo” နဲ႔ ဒုတိယအႀကိမ္ မေၾကပြဲမွာ အမွတ္နဲ႔ ရွုံးနိမ့္ၿပီး ခ်ံပီယံခါးပတ္ လႊဲေျပာင္းေပးခဲ့ရသူပါ။

အခုေတာ့ ‘ဂၽြန္ဆန္’ ဟာ UFC နဲ႔ လမ္းခြဲခဲ့ၿပီး ONE Championship ရဲ့ ကစားသမားတစ္ဦးျဖစ္လာခဲ့ပါၿပီ။

“ဂၽြန္ဆန္” က ONE နဲ႔ လက္တြဲခဲ့ရတာနဲ႔ ပက္သက္ၿပီး “က်ေနာ္က ဒီနယ္ပယ္မွာဆိုရင္ အသက္ငယ္ေသးတဲ့ ကစားသမားျဖစ္တာေၾကာင့္ အျခားမတူတဲ့အရာေလးေတြလည္း လုပ္ၾကည့္ခ်င္ေသးတယ္၊ ဒါ့အျပင္ က်ေနာ္က ကမၻာပတ္ခရီးသြားၿပီး အာရွတိုက္က ကစားသမားေတြရဲ့ ကစားပုံေတြကိုလည္း ဂုဏ္ယူဝင့္ႂကြားစြာနဲ႔ ၾကည့္ခ်င္ေသးတယ္။ ဒီလို အာရွကိုလွည့္ပတ္ၿပီး ခရီးသြားရတဲ့ အခြင့္အေရးကိုလည္းရခ်င္တယ္ ၿပီးေတာ့ ဝိတ္တန္းအသစ္တစ္ခုလုံးကိုလည္း ျပန္စရမွာဆိုေတာ့ စိတ္လွုပ္ရွားစရာလည္း ေကာင္းလို႔ပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

“ဒမီးထရီးရတ္ ဂၽြန္ဆန္” ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ရန္ကုန္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ “ေအာင္လအန္ဆန္း” ရဲ့ ယွဥ္ၿပိဳင္မွုကို ၾကည့္ရွုခဲ့ၿပီး ေလးစားအားက်မိတယ္လို႔ ဆိုပါတယ္။

“က်ေနာ္ပထမဦးဆုံး ‘ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္’ ရဲ့ ရန္ကုန္မွာ ေနာက္ဆုံးထိုးခဲ့တဲ့ပြဲကို ၾကည့္လိုက္တဲ့အခ်ိန္မွာ အရမ္းအားက်သြားတယ္။ သူေလွာင္အိမ္ထဲဝင္လိုက္တဲ့အခ်ိန္မွာ ျမန္မာပရိသတ္ေတြရဲ့ အားေပးမွုက တစ္ကယ့္အံ့မခမ္းပဲဗ်ာ၊ သူရဲေကာင္းႀကီးအျဖစ္ အားလုံးက သူ႔ကို လက္ခံထားၾကတယ္။ အဲဒီမွာက ကစားသမားမွမဟုတ္ဘူး ဘယ္သူမဆို ကိုယ္ခံပညာကို အေျခခံေလာက္ေတာ့ သိထားၾကတယ္ ရိုးရိုးသားသားေျပာရရင္ ကိုယ္ခံပညာကို အေျခခံေလာက္ေတာ့ သိထားၾကတယ္ ရိုးရိုးသားသားေျပာရရင္ တစ္ကယ့္ကို ကိုယ္ခံပညာတို႔ ေမြးဖြားရာဌါေနႀကီးပဲ သိုင္းေပါင္းစုံ တစ္ခုထဲတင္မဟုတ္ဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

“ဒမီးထရီးရတ္ ဂၽြန္ဆန္” က MMA ကစားသမားအျဖစ္ ၂၀၀၇ ခုႏွစ္မွာ စတင္ရပ္တည္ခဲ့ၿပီး ဘန္တန္ဝိတ္တန္းမွာ ကစားခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၂ ခုႏွစ္မွာေတာ့ ဖလိုင္းဝိတ္တန္းကို ေျပာင္းေရြ႕ကစားခဲ့ၿပီး ခက္ခဲၾကမ္းတမ္းတဲ့ ကစားသမားေတြကို ယွဥ္ၿပိဳင္ေက်ာ္ျဖတ္ခဲ့ၿပီး ၂၀၁၂ ခုႏွစ္ စက္တင္ဘာလမွာ ခ်ံပီယံျဖစ္လာခဲ့ၿပီး ၆ ႏွစ္ဆက္တိုက္ ထိန္းထားနိုင္ခဲ့ပါတယ္။

ONE Championship နဲ႔ လက္တြဲခဲ့ၿပီး မွာ သူ႔ရဲ့ ပထမဦးဆုံးပြဲအျဖစ္ လာမယ့္ မတ္လ ၃၁ ရက္ေန႔ ဂ်ပန္နိုင္ငံ တိုက်ိဳမွာ ျပဳလုပ္မယ့္ A New Era ပြဲႀကီးမွာ ဂ်ပန္ကစားသမား “ယုရာဝါကာမတ္ဆု” နဲ႔ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

ဒီပြဲမွာ ျမန္မာ့စပါးအုံး “ေအာင္လအန္ဆန္” ကလည္း ဂ်ပန္ကစားမား “ကန္ဟာဆီဂါဝါ” နဲ႔ မေက်ပြဲ ျပန္လည္ထိုးသတ္ၿပီး ခ်ံပီယံခါးပတ္ကို ကာကြယ္သြားမွာျဖစ္ပါတယ္။
‘A New Era’ ပြဲႀကီးကို မတ္လ ၃၁ ရက္ေန႔ ညေန ၄ နာရီ အခ်ိန္မွာ MNTV ႐ုပ္သံလိုင္းကေန တိုက္ရိုက္ LIVE ထုတ္လႊင့္မွုကို အားေပးၾကည့္ရွုနိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ONE ရဲ့ Mobile Application နဲ႔ YouTube Channel တို႔မွလည္း တိုက္ရိုက္အားေပးနိုင္ပါေၾကာင္း သတင္းေကာင္းပါးလိုက္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

“အောင်လအန်ဆန်” ကို အားကျတယ်လို့ပြောလိုက်တဲ့ “ဒမီးထရီးရတ် ဂျွန်ဆန်”

MMA သိုင်းပေါင်းစုံလောကမှာ ၁၂ ကြိမ်တိုင်တိုင် ချံပီယံခါးပတ်ကို ထိန်းထားနိုင်ခဲ့တဲ့ “ဒမီးထရီးရတ် ဂျွန်ဆန် (Demetrious Johnson)” ကို MMA ပရိသတ်တွေအနေနဲ့ မသိတဲ့သူ ရှိလိမ့်မယ်မထင်ပါဘူး။ MMA လောကကို ယနေ့ထက်ထိတိုင် နှစ်အတော် လွှမ်းမိုးနေဆဲဖြစ်တဲ့ UFC ရဲ့ ချံပီယံ ကစားသမားဟောင်း တစ်ယောက်လည်းဖြစ်ပါတယ်။

‘ဂျွန်ဆင်’ ဟာ MMA လောကမှာ ချံပီယံခါးပတ်ကို အကြားဆုံး ထိန်းထားနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ပြောင်ကတော့ “မိုက်တီးမောက်စ်” ဖြစ်ပါတယ်။ သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ သွက်လက်ဖျတ်လတ်မှုကတော့ စူပါကြွက်တစ်ကောင်လိုပါပဲ။ သူ့ကို စိန်ခေါ်သူတိုင်းကို တိုက်ကွက်လှလှတွေနဲ့ ပုံစံမျိုးစုံ ပွဲသိမ်းနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

MMA မှာ သြဇာအာဏာကြီးတဲ့ UFC ရဲ့ ဖလိုင်းဝိတ်တန်း ချံပီယံခါးပတ်ကို ၂၀၁၂ ခုနှစ် ထဲက ရရှိထားခဲ့ပြီး နောက်ထပ် (၁၁) ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့ပါတယ်။ ၆ နှစ်ကြာ ချံပီယံခါးပတ်ကို ထိန်းထားနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လက “Cejudo” နဲ့ ဒုတိယအကြိမ် မကြေပွဲမှာ အမှတ်နဲ့ ရှုံးနိမ့်ပြီး ချံပီယံခါးပတ် လွှဲပြောင်းပေးခဲ့ရသူပါ။

အခုတော့ ‘ဂျွန်ဆန်’ ဟာ UFC နဲ့ လမ်းခွဲခဲ့ပြီး ONE Championship ရဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့ပါပြီ။

“ဂျွန်ဆန်” က ONE နဲ့ လက်တွဲခဲ့ရတာနဲ့ ပက်သက်ပြီး “ကျနော်က ဒီနယ်ပယ်မှာဆိုရင် အသက်ငယ်သေးတဲ့ ကစားသမားဖြစ်တာကြောင့် အခြားမတူတဲ့အရာလေးတွေလည်း လုပ်ကြည့်ချင်သေးတယ်၊ ဒါ့အပြင် ကျနော်က ကမ္ဘာပတ်ခရီးသွားပြီး အာရှတိုက်က ကစားသမားတွေရဲ့ ကစားပုံတွေကိုလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြည့်ချင်သေးတယ်။ ဒီလို အာရှကိုလှည့်ပတ်ပြီး ခရီးသွားရတဲ့ အခွင့်အရေးကိုလည်းရချင်တယ် ပြီးတော့ ဝိတ်တန်းအသစ်တစ်ခုလုံးကိုလည်း ပြန်စရမှာဆိုတော့ စိတ်လှုပ်ရှားစရာလည်း ကောင်းလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

“ဒမီးထရီးရတ် ဂျွန်ဆန်” ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ “အောင်လအန်ဆန်း” ရဲ့ ယှဉ်ပြိုင်မှုကို ကြည့်ရှုခဲ့ပြီး လေးစားအားကျမိတယ်လို့ ဆိုပါတယ်။

“ကျနော်ပထမဦးဆုံး ‘မြန်မာ့စပါးအုံး အောင်လအန်ဆန်’ ရဲ့ ရန်ကုန်မှာ နောက်ဆုံးထိုးခဲ့တဲ့ပွဲကို ကြည့်လိုက်တဲ့အချိန်မှာ အရမ်းအားကျသွားတယ်။ သူလှောင်အိမ်ထဲဝင်လိုက်တဲ့အချိန်မှာ မြန်မာပရိသတ်တွေရဲ့ အားပေးမှုက တစ်ကယ့်အံ့မခမ်းပဲဗျာ၊ သူရဲကောင်းကြီးအဖြစ် အားလုံးက သူ့ကို လက်ခံထားကြတယ်။ အဲဒီမှာက ကစားသမားမှမဟုတ်ဘူး ဘယ်သူမဆို ကိုယ်ခံပညာကို အခြေခံလောက်တော့ သိထားကြတယ် ရိုးရိုးသားသားပြောရရင် ကိုယ်ခံပညာကို အခြေခံလောက်တော့ သိထားကြတယ် ရိုးရိုးသားသားပြောရရင် တစ်ကယ့်ကို ကိုယ်ခံပညာတို့ မွေးဖွားရာဌါနေကြီးပဲ သိုင်းပေါင်းစုံ တစ်ခုထဲတင်မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

“ဒမီးထရီးရတ် ဂျွန်ဆန်” က MMA ကစားသမားအဖြစ် ၂၀၀၇ ခုနှစ်မှာ စတင်ရပ်တည်ခဲ့ပြီး ဘန်တန်ဝိတ်တန်းမှာ ကစားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ ဖလိုင်းဝိတ်တန်းကို ပြောင်းရွေ့ကစားခဲ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ ကစားသမားတွေကို ယှဉ်ပြိုင်ကျော်ဖြတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ချံပီယံဖြစ်လာခဲ့ပြီး ၆ နှစ်ဆက်တိုက် ထိန်းထားနိုင်ခဲ့ပါတယ်။

ONE Championship နဲ့ လက်တွဲခဲ့ပြီး မှာ သူ့ရဲ့ ပထမဦးဆုံးပွဲအဖြစ် လာမယ့် မတ်လ ၃၁ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမှာ ပြုလုပ်မယ့် A New Era ပွဲကြီးမှာ ဂျပန်ကစားသမား “ယုရာဝါကာမတ်ဆု” နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာ့စပါးအုံး “အောင်လအန်ဆန်” ကလည်း ဂျပန်ကစားမား “ကန်ဟာဆီဂါဝါ” နဲ့ မကျေပွဲ ပြန်လည်ထိုးသတ်ပြီး ချံပီယံခါးပတ်ကို ကာကွယ်သွားမှာဖြစ်ပါတယ်။
‘A New Era’ ပွဲကြီးကို မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာ MNTV ရုပ်သံလိုင်းကနေ တိုက်ရိုက် LIVE ထုတ်လွှင့်မှုကို အားပေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ONE ရဲ့ Mobile Application နဲ့ YouTube Channel တို့မှလည်း တိုက်ရိုက်အားပေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Credit : popolay

Comments are closed.