လောင်းက စား မလုပ်တော့ ဖို့ ဘုရား မှာ သစ္စာဆိုထားတယ်ဆိုတဲ့ ညီနန္ဒ

လောင်းက စား မလုပ်တော့ ဖို့ ဘုရား မှာ သစ္စာဆိုထားတယ်ဆိုတဲ့ ညီနန္ဒ

Zawgyiဖြင့်ဖတ်ရန်
ပရိ သတ် အားပေးမှု ရရှိထားတဲ့ မင်းသား တစ်ယောက်ဖြစ်တဲ့ ညီနန္ဒကတော့ လက်ရှိချိန်တွေမှာ အနုပညာလောကနဲ့ ကင်းကွာနေခဲ့ပြီး သူ့ပရိသတ်တွေကတော့ သူ့အကြောင်းကိုစိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ ညီနန္ဒကတော့ လောင်ကစားကြောင့် ဒုက္ခရောက်ခဲ့ကာ သူ့အနေနဲ့ လက်ရှိမှာ ဘုရားတရားကို တစိုက်မတ်မတ်လုပ်နေပြီး ဘဝကို အကောင်းဆုံး

ဖြစ်အောင် ပြန်လည်ပြုလုပ်နေတယ်လို့ ပြောကြားလာခဲ့ကာ ပရိသတ်တွေ သိချင်နေတဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေနဲ့ မြန်မာ့ရုပ်ရှင်လောက အကြောင်းကိုပြောသွားခဲ့ပါတယ်။“မြန်မာရုပ်ရှင်လောကက အခုဆို တဖြေးဖြေးပြောင်းလဲလာပြီဆိုတော့ နောက်ဆို အရမ်းကောင်းသွားမှာပါ။ အခုတစ်ချို့ပေါ့နော်အားမလိုအားမရဖြစ်နေတဲ့ပရိတ်သတ်တွေကျ ကိုယ်တို့ မြန်မာကားတွေကိုတော့ ဒါrequestလုပ်တာပါ
တခြားနိုင်ငံခြားကားတွေနဲ့တော့ ယှဉ်ယှဉ်ပြီးမကြည့်ပါနဲ့

ကိုယ်တို့မြန်မာကားကို ကြည့်ရင် ပြီးခဲ့တဲ့နှစ် ကိုယ်တို့မြန်မာကားနဲ့ ဒီနှစ်မြန်မာကားတွေနဲ့ ယှဉ်ကြည့်ပေး သေချာတယ်
တိုးတက်လာပြီ။ အားလျှော့ဖို့ပြောတာတော့ မဟုတ်ပါဘူးကိုယ်တို့လည်း အားလုံးအကုန်လုံး ဝိုင်းပြီး တတ်နိုင်တာထက်ပိုကြိုးစားနေကြပါတယ် အခုဥက္ကဋ္ဌ
ဦးဇင်ဝိုင်းဆိုလည်း အရမ်းလေးစားဖို့ကောင်းတယ်ကိုယ်သူ့နေရာမှာ ဝင်ကြည့်တယ် လုပ်နိုင်ဖို့ မလွယ်ဘူး။ သူ့မှာ အများကြီးပဲ တိုးတက်ဖို့တစ်ခုထဲပဲမဟုတ်ဘူး တခြားလူမှုရေး
ကျန်းမာရေးကအစ ခေါင်းထဲထည့်ပြီး လုပ်နိုင်တာ သူ့ကိုလည်းအရမ်းလေးစားတယ် အဲ့တော့ ကိုယ်တို့ ကိုယ်တိုင်လည်း တာဝန်ရှိတယ် အကောင်းဆုံးလည်း လုပ်သွားမယ်
အကောင်းဆုံးလည်း ကြိုးစားသွားမယ်ဆိုတော့ အကိုတို့

ရုပ်ရှင်လောကက
တစ်နှစ်ထက်တစ်နှစ်ပြောင်းလဲတိုးတက်လာတာကတော့ သေချာပါတယ်။”“ဆိုင်ဖွင့်ပွဲလေးတစ်ခုမှာ ကိုခင်လှိုင်ဒါရိုက်တာလုပ်မယ့်ကားပေါ့ အဲ့ကာရိုက်တာလေးဆိုတော်တော်ကောင်းတယ် မြင့်မြတ် ကိုခင်လှိုင် တိုင်ရွန် အိချောပိုနဲ့ အကိုနဲ့ပေါ့ဇာတ်ကားတစ်ကားရှိပါတယ် Confirmဖြစ်သွားပါပြီ။ သြင်္ကန်ပြီးလောက်စရိုက်မှာပါ။”လို့နောက်ထပ်အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြသွားပါတယ်။
“အကို အခုသက်သက်လွတ်စားတာ ဒီနှစ်သြင်္ကန်ဆို ၂နှစ်ပြည့်ပါပြီ။ မနက်ဆို လေးနာရီ လေးဆယ့်ငါး အရမ်းအိပ်ရေးပျက်တဲ့နေ့ဆိုငါးနာရီ နောက်ဆုံးထပြီး ငါးနာရီ သုံးဆယ်တစ်မိနစ်ဆိုတာနဲ့ မဟာပဌာန်းကျမ်းကြီး ဓမ္မစကြာ မဟာသမယသုတ် တွေရွတ်တယ် မနက်ဆို ၇နာရီလောက်မှ ဘုရားရှိခိုးတာပြီးတယ်။ အဲ့ဒါဆိုမပျက်မကွက်လုပ်တာ တစ်နှစ်ခွဲတောင်ကျော်သွားပြီ ဘုရားတရားနဲ့ဆိုတော့ စိတ်တွေလည်းပြောင်းလာတယ်။အရင်ကလုပ်ခဲ့တာတွေကို နောင်တမရတော့ပါဘူး
ဘာလို့လဲဆိုတော့ နောက်လည်းလုပ်ဖြစ်မှာ မဟုတ်ဘူး သေချာတယ် အခုဆို လောင်းကစားဆို ဘောလုံးပွဲလည်း ဘုရားမှာ

သစ္စာဆို ကျိန်ပြီးတော့ ကတိထားထားတယ်။ ဖဲဆို
အပျော်တောင်မရိုက်တော့ဘူး ကိုင်လည်းမကိုင်ဘူး သေချာတာတစ်ခုက နောက်မလုပ်ပဲလိုတယ် ဘယ်တော့မှလည်းလုပ်မှာမဟုတ်သလို တခြားဘာအကြောင်းမှ မပြောတော့ပါဘူး
အဓိကက သမီးလေးရဲ့ အနာဂတ်အတွက်အကောင်းဆုံးရပ်တည်နေပါတယ်”လို့ ဘာသာရေးတွေကို တစိုက်မက်မက်ပြုလုပ်နေတာကို ပြောပြသွားခဲ့ပါတယ်။

Comments are closed.