မိခင်မေတ္တာကို အဓိကဖော်ကြူး ထားတဲ့ “နို့ဘီလူး” ရုပ်ရှင်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်း ဗီဒီယို

မိခင်မေတ္တာကို အဓိကဖော်ကြူး ထားတဲ့ “နို့ဘီလူး” ရုပ်ရှင်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်း ဗီဒီယို

ဒါရိုက်​တာ လူမင်းပုံ​ဖော်​ထားပြီး လူမင်းကိုယ်တိုင်အြ​ပင် ​​​​ဒိတ်​ဒိတ်​ကြဲ သရုပ်​​ဆောင်​​တွေဖြစ်​ကြတဲ့ ​ဇေရဲထက်​၊ ​ဒေါ်မြတ်​မွန်​နဲ့ ​ရွှေမှုံရတီတို့ အ​ကောင်းဆုံးပါဝင်​သရုပ်​​ဆောင်​ထားတဲ့ “နို့ဘီလူး” ရုပ်​ရှင်​ဇာတ်​ကားကြီးက​တော့ မတ်လ ၂၉ ရက်နေ့ကစတင်ပြီး ရုံတင်​ပြသ​ပေးနေပြီပဲ ဖြစ်​ပါတယ်​။ အပြင်​မှာတကယ်​ရှိတဲ့ ရိုးရာအစွဲတစ်​ခုကို အ​ခြေခံပြီးရိုက်​ကူးထားတာ​ကြောင့်​​ရော၊ ဘာသာ​ရေးနဲ့ ​မိဘ​မေတ္တာဖွဲ့ဇာတ်​ကားဖြစ်​တာ​ကြောင့်​ပါ ပရိသတ်​​တွေက ပိုပြီးစိတ်​ဝင်​စား​နေကြရတာပဲ ဖြစ်ပါတယ်။

(၅) နှစ်နီးနီးကြာမှ ပရိသတ်တွေထံကို ချပြပေးခွင့်ရတဲ့ “နို့ဘီလူး” ရုပ်ရှင်ကားကြီးဟာဆိုရင် မိဘမေတ္တာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီး တစ်ကားဖြစ်တာကြောင့် ကြည့်ရှုသူ ပရိသတ်အပေါင်းကို မျက်ရည်များ ဆို့နင့်သွားစေခဲ့ရတာပဲ ဖြစ်ပါတယ်။ ကြည့်နေရင်း မျက်ရည်များစီးကြလာခဲ့သည့်တိုင်အောင် ဆွဲဆောင်အား ကောင်းလွန်းခဲ့တဲ့ “နို့ဘီဘူး” ရုပ်ရှင်ကားကြီးမှ ဇာတ်ဝင်တေးသီချင်းကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

“နိ့ဘီလူး” ရုပ်ရှင်ကားကြီးမှ “သားမိုက်တစ်ယောက်ရဲ့နောင်တ” ဇာတ်ဝင်တေးသီချင်းကို တေးရေး အကယ်ဒမီ ခင်မောင်ကြီးမှ ရေးဖွဲ့ပေးထားတာဖြစ်ပြီး တေးဆို ရဲထိုက်က သီဆိုပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ မျက်ရည်ကြွေဆင်းသွားရလောက်အောင် အရမ်းကောင်းလွန်းတဲ့ ဇာတ်ဝင်တေးမို့ ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

“နို့ဘီလူး” ရုပ်ရှင်ကားကြီရဲ့ အကောင်းဆုံးဇာတ်ဝင်တေးသီချင်း video

မိခင်တစ်ယောက်ရဲ့ မေတ္တာကို အဓိကဖော်ကြူးထားတဲ့ သီချင်းကောင်းလေးကို နားထောင်လိုက်ရတဲ့အတွက် ပရိသတ်ကြီးလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ “နို့ဘီလူး” ဇာတ်ဝင်တေးသီချင်းကို နားထောင်ရင်း ရင်နင့်သွားရလောက်အောင် အရမ်းကို ခံစားမိတယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ မတ်လ ၂၉ ရက်နေ့မှစတင်ပြီး ရုံတင်ပြသပေးနေဆဲဖြစ်တဲ့ “နို့ဘီလူး” ရုပ်ရှင်ကားကြီးကို သွားရောက်ကြည့်ရှု အားပေးကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Kay Kay
Ref: နို့ဘီလူး ရုပ်ရှင်ကားကြီး ဖေ့ဘုတ်

Comments are closed.