မိန်းမ မရသေးလို့ သေလို့မဖြစ်ဘူးဆိုပြီး အားတင်းထားတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

မိန်းမ မရသေးလို့ သေလို့မဖြစ်ဘူးဆိုပြီး အားတင်းထားတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကြီးကို လာမယ့် ဧပြီလ(၁၀)ရက်နေ့မှာ ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် Birthday Show ကတော့ (၁၅)ကြိမ်မြောက် ကျင်းပတဲ့ Birthday Show ကြီးဖြစ်တယ်လို့ သိရပါတယ်။ နှစ်တိုင်းပရိသတ်တွေကို ထူးထူးခြားခြားဖျော်ဖြေပေးနေတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်မှာလဲ ပရိသတ်တွေအတွက် ထူးထူးခြားခြား အစီအစဉ်လေး ထည့်သွင်းပေးထားပါသေးတယ်။

မနေ့က မတ်လ (၃၀) ရက်နေ့ကတော့ Sai Sai Birthday Show အတွက် ကြိုတင်လက်မှတ်များ စတင်ရောင်းချတဲ့နေ့ပဲ ဖြစ်ပါတယ်။ စစရောင်းချတဲ့နေ့မှာတင် ပရိသတ်တွေ ရာချီ လုယက်ဝယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

လက်မှတ်တွေကို ရောင်းချပြီးတဲ့အခါမှာ စိုင်းစိုင်းခမ်းလှိုင်က လာရောက်သူ ပရိသတ်တွေကို သီချင်းတွေ ပျော်ပျော်ရွှင်ရွှင် သီဆိုခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေနဲ့လဲ ရင်းရင်းနှီးနှီး စကားပြောရင်း သူအားတင်းထားရတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

မိန်းမ မရသေးလို့ သေလို့မဖြစ်ဘူးဆိုပြီး အားတင်းထားတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

BTS အဖွဲ့ဝင်တို့ရဲ့ ဒိတ်တင်းသမိုင်းကြောင်းကို လှန်လှောကြည့်မိသောအခါ

စိုင်းစိုင်းကတော့ ပရိသတ်တွေကို အပြောလေးတွေနဲ့ ခြွေလိုက်ပြန်ပါပြီ။ စိုင်းစိုင်းရဲ့ လက်မှတ်မရလိုက်တဲ့သူတွေလဲ နောက်နေ့တွေ ရောင်းချဦးမှာမို့ အားမလျော့ကြပါနဲ့နော်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကြီးကို လာမယ့် ဧပြီလ (၁၀) ရက်နေ့ သုဝဏ္ဏဘူမိ ဖျော်ဖြေရေးကွင်းမှာ ကျင်းပမှာမို့ ဆက်ဆက်သွားကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Video: Thet Htar Hsee Hsar’s fb
Photo credit

Comments are closed.