အံမင်းညိုရဲ့သမီးလေး နှလုံးကုသလို့မရခဲ့တဲ့အပေါ်မှာ စိတ်မကောင်းစွာပြောပြလာတဲ့ ချစ်သုဝေ

အံမင်းညိုရဲ့သမီးလေး နှလုံးကုသလို့မရခဲ့တဲ့အပေါ်မှာ စိတ်မကောင်းစွာပြောပြလာတဲ့ ချစ်သုဝေ

ချစ်သုဝေနဲ့ လင်းလင်းတို့ ရဲ့ အမြွှာသမီးလေးတွေဖြစ်ကြတဲ့ ခေတ်နဲ့သစ်ရဲ့ (၂) နှစ်ပြည့်ကို ရည်မှန်းပြီး ခေတ်သစ်ဖောင်ဒေးရှင်းကို ငွေကျပ်သိန်း ၂၀၀ နဲ့ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ရည်ရွယ်ချက်ကတော့ ကျန်းမာရေးချို့တဲ့သောကလေးတွေအတွက် ရည်ရွယ်ပြီး ကူညီလှူဒါန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေးဟာလဲ နှလုံးအပေါက်ပါတဲ့ ရောဂါဖြစ်နေတာလဲဖြစ်ပါတယ်။

အံမင်းညို သမီးလေးအကြောင်းသိခဲ့တဲ့ ချစ်သုဝေတို့ မိသားစုဟာ အံမင်းညိုရဲ့ သမီးလေးကိုကုသပေးဖို့ကြိုးစားခဲ့ကြပါတယ်။

ကုသပေးဖို့ အလှူရှင်ပေါ်ထွက်လာပေမယ့်လဲ အံမင်းညိုရဲ့သမီးလေးဟာ ကုသလို့မရတော့တဲ့အခြေအနေကိုရောက်ရှိနေတာလဲဖြစ်ပါတယ်။ ကိုအံ့မင်းညိုရဲ့သမီးလေး နှလုံးကကုသလို့မရခဲ့တဲ့အပေါ် ချစ်သုဝေကပြောပြလာခဲ့ပါတယ်။ချစ်သုဝေက “ကိုအံမင်းညိုရဲ့သမီးလေးအတွက်က အမတို့ဖောင်ဒေးရှင်းအနေနဲ့သွားတာမဟုတ်ဘဲ မိသားစုအနေနဲ့ ကုပေးဖို့ပါ။ ဒါပေမဲ့ ကလေးက ငယ်ငယ်ကတည်းက ဖြစ်ထားပြီး ကုသခြင်းမရှိထားတော့ နှောင်းသွားတဲ့ သဘောဖြစ်သွားတယ်” ဆိုပြီး အံ့မင်းညိုသမီးလေးအတွက် စိတ်မကောင်းစွာ ပြောပြလာခဲ့ပါတယ်။

ကိုအံ့မင်းညိုရဲ့သမီးလေး နှလုံးကကုသလို့မရခဲ့တဲ့အပေါ် ပြောပြလာတဲ့ချစ်သုဝေရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်။ကိုအံမင်းညိုသမီးလေးလဲ မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်video ကြည့်ရန်အောက်တွင်ဖော်ပြပေးလိုက်ပါတယ်နော်

Comments are closed.