တစ်ယောက်တည်းနဲ့ နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်ထားတဲ့ အုပ်စိုးခန့်ရဲ့ အခွီဗီဒီယို

တစ်ယောက်တည်းနဲ့ နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်ထားတဲ့ အုပ်စိုးခန့်ရဲ့ အခွီဗီဒီယို

ကောင်မလေးတွေ သည်းသည်းလှုပ်အားပေးကြတဲ့ တက်သစ်စအဆိုတော်လေး အုပ်စိုးခန့်က အခုဆိုရင် အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်က သီချင်းတွေကိုလဲ သီဆိုနေပြီး သူ့ရဲ့သီချင်းတွေကလဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်တော်လေးအောင်မြင်တာကို တွေ့ရပါတယ်။ အုပ်စိုးခန့်ကို အားပေးတဲ့ ပရိသတ်တွေကလဲ အမြို့မြို့ အနယ်နယ်မှာ အများအပြား ရှိနေတာဖြစ်ပြီး အခိုင်အမာ ရပ်တည်နေလျက်ရှိပါတယ်။

အုပ်စိုးခန့်က လွန်ခဲ့တဲ့လကပဲ သူ့ရဲ့တစ်ကိုယ်တော်အခွေဖြစ်တဲ့ The Number One အခွေကို အောင်အောင်မြင်မြင် ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုအခွေထဲက သီချင်းတွေက တော်တော်လေး အောင်မြင်ပြီး Top Ten မှာ နံပါတ် (၁) နေရာကိုတောင် ရောက်ရှိခဲ့ပါတယ်။

အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ အုပ်စိုးခန့်က ဟာသဗီဒီယိုလေးတွေလဲ ရိုက်ကူးပြီး ပရိသတ်တွေကို မျှဝေလေ့ရှိပါတယ်။ အုပ်စိုးခန့်က ဒီတစ်ခါမှာတော့ သူတစ်ယောက်တည်းနဲ့ နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်ထားတဲ့ ဟာသဗီဒီယိုလေးကို ပရိသတ်တွေဆီ မျှဝေလိုက်ပြန်ပါတယ်။

ပရိသတ်ကြီးလဲ အုပ်စိုးခန့်ရဲ့ ပုံရိပ်လေးကို ကြည့်ပြီး အသည်းတယားယားနဲ့ သဘောကျနေကြမယ်ထင်ပါတယ်။ ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူး တင်ရှိပါတယ်။

Rowena
Source: Oak Soe Khant’s fb

Comments are closed.