တဏှာလောဘစိတ်ကြီးတဲ့သူတွေက ဖောက်ပြန်ကြတယ်…

တဏှာလောဘစိတ်ကြီးတဲ့သူတွေက ဖောက်ပြန်ကြတယ်…

ဖောက်ပြန်ကြတဲ့သူတွေအများစုက ရှိတာနဲ့မတင်းတိမ်နို်င်တဲ့တဏှာလောဘကြောင့် ဖောက်ပြန်ကြတာကို တွေ့ရပါတယ်။

သူတို့ရဲ့ တဏှာလောဘ စိတ်ကြောင့်သူတို့အိမ်ထောင်ဘက်တွေနဲ့ မတင်းတိမ်နိုင်ပဲ နောက်တစ်ယောက်ကိုပါ လိုလားကြတာ။ဒီလို ဖောက်ပြန်ရင် လူ့အဖွဲ့အစည်းက မကြိုက်ဘူးဆိုတာကို သိရဲ့သားနဲ့သူတို့ရဲ့တဏှာစိတ်ကို မထိန်းနိုင်လို့ ဖောက်ပြန်ကြတယ်တာလို့ယူဆမိပါတယ်။

လူ့အဖွဲ့စည်းမှာ သိက္ခာမရှိ၊ စည်းမရှိ၊ သီလမရှိ၊ အကျင့်စရိုက်မကောင်းတဲ့တန်ဖိုးမဲ့သူ အဖြစ်ခံကြပြီး မိသားစုနဲ့ အသိုင်းဝိုင်းရဲ့ အထင်သေးမှု၊ ရှုံ့ချမှုတို့ကို လက်ခံချင်ပေမဲ့လက်ခံချတာဟာ သူတိုရဲ့ ဆိုးဝါးလှတဲ့ တဏှာလောဘစိတ်ကို မထိန်းသိမ်းနိုင်ကြလို့ပါ။အဲလောက်ထိ တဏှာကို မက်နေတာကလည်း သူတို့ရဲ့ အကုသိုလ်အရှိန်ကောင်းတာကလည်း ကြောက်စရာပါပဲ။

သူတို့မှာ ရှက်ရမှန်းလည်း မသိ။ ကြောက်ရမှန်းလည်း မသိ။ ငရဲဆိုတာလည်း မသိ။ လူ့ဂုဏ်သက္ခာမဲ့စွာနဲ့ အသက်ရှင်နေရမဲ့ အနာ၈တ်ကိုလည်း မသိ။ နောက်ဆုံး ကိုယ့်ရဲ့ တဏှာကြောင့် မိသားစုတစ် ပြိုကွဲရတယ် ဆိုတာကိုလည်း ဂရုမစိုက်နိုင်လောက်အောင် အသိတရားနဲ့ဆင်ခြင်တုံတရား မရှိတဲ့ အသိဥာဏ်မဲ့တဲ့သူ ဆိုတာလည်း ပေါ်လွင်စေပါတယ်။

အဲဒီလို လူတွေနဲ့ ဖောက်ပြန်ကြတဲ့ လင်ရှိမှန်း၊ ဇနီးရှိမှန်း သိလျက်နဲ့ မယားငယ်၊လင်ငယ် အဖြစ်ခံကြတဲ့သူတွေရဲ့ အကုသိုလ်ကလည်း ကြောက်စရာပါ။ သူတို့ကလည်း သူတို့ရဲ့အကုသိုလ်ကြောင့်သာ မလွတ်မလပ်တွေကို တပ်မက်ရတယ်လို့ဆိုနိုင်ပါတယ်။ သူတို့ရဲ့အကုသလု်ကြောင့်သူတို့လို အကုသိုလ်အခြင်းခြင်းတွေ့ဆုံတပ်မက်ကြတာပါ။ပြီးတော့ ဘဝတစ်လျှောက်လုံး ပူပင်သောကနဲ့ရှင်သန်ကြရပြန်တယ်။

ဒါ့အပြင် ဖောက်ပြန်တတ်တဲ့ခင်ပွန်းကို ရထားတဲ့ ဇနီး၊ ကိုယ်ကျင့်တရား မကောင်းလို့ ဖောက်ပြန်တတ်တဲ့ ဇနီးကို ရထားတဲ့ ခင်ပွန်း တွေကိုတော့ အိမ်ထောင်ရေးမှာ ကံဆိုးတယ်လို့ဆိုနို်င်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကံကတော့ အမြဲတမ်း ဆိုးစေတာ မဟုတ်ပါဘူး။ သူတို့ဟာ ဖောက်ပြန်တတ်တဲ့သူနဲ့ အတူတူနေရချိန်မှာသာ ကံဆိုးကြရတာပါ၊ သူတို့ရဲ့ကံဆိုးချိန်တွေကနေ ဝေးကွာဖို့ဖြစ်လာတာကတော့ဖောက်ပြန်တတ်တဲ့သူကို ဘယ်လို မှ သည်းမခံနိုင်တော့လို့ကွာရှင်းလိုက်တဲ့ အချိန်၊ ပြတ်စဲ လိုက်တဲ့ အချိန်မှာ အကုသိုလ်နဲ့ဝေးသွားကြရတာပါ။ ကျမတော့အဲဒီလို ယူဆမိပါတယ်။

အဲဒါကတော့ဒီလို တဏှာလောဘကြီးတဲ့သူ မိသားစုကို သစ္စာဖောက်တဲ့သူတွေနဲ့ကိုယ့်ရဲ့ပတ်သက်မှုကို ပြန်သုံးသပ်ကြည့်ပါ။သစ္စာဖောက်တာ ဖောက်ပြန်တာသူက ကိုယ့်ကိုယ်ရော မိသားစုကိုပါ နောက်ကျောကို ဓါးနဲ့ ထိုးရုံတင်မကဘဲနဲ့ အသည်းနှလုံးကိုပါ ရက်ရက်စက်စက် နှင်းချေပစ်လိုက်လို့ပါပဲ။

နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့တဲ့ အိမ်ထောင်သည်ကာလမှာ ကိုယ်က သူ့အပေါ် နားလည်ပေးခဲ့တယ်။ ကိုယ့်ရဲ့ပျိုမြစ်လှပမှုကို သူ့ဆီကိုပဲ ပေးအပ်ခဲ့တယ်။ သူရဲ့ မပြည့်စုံမှုတွေကို နားလည်ပေးပြီး သည်းခံပေါင်းသင်းခဲ့တာဟာ ကိုယ့်အနေနဲ့ကံဆိုးတာပါ အကျင့်မကောင်းတဲ့သူကို သည်းခံပြိး ပေါင်းနေတာကိုး။

သူ့ကို မျှော်လင့်မိတာက သိပ်များများ စားစား ရှိတာမဟုတ်ပါဘူး။

ကိုယ့်အပေါ်သစ္စာရှိဖို့။ပြီးတော့ကိုယ့်သားသမီးလေးတွေ မိစုံဖစုံနဲ့ ကြီးပြင်းရှင်သန်ဖို့ ။ကိုယ့်မိသားစုလေး အေးချမ်းတည်ငြိမ်စွာနဲ့ ဘ၀ရဲ့နောက်ဆုံး အချိန်ကို ရင်ဆိုင်ဖို့ပါ။ဒါပေမဲ့ မသိားစုကိုသစ္စာဖောက်တဲ့သူက ပေးနေတာ အေးချမ်းမှု သယာမှု ပျော်ရွှင်မှု မဟုတ်ပါဘူး။ သူပေးတဲ့သောကနဲ့းဒုက္ခကမိသားစုတစ်စုလုံး ထိခိုက်ရပါတယ်။။

သေချာ စဉ်းစားကြည့်ပါ။တဏှာကြီးတဲ့သူ၊ မိသားစု အပေါ် သစ္စာဖောက်တဲ့သူ။ မိသားစုအတွက်တ မစဉ်းစားတဲ့တကိုယ်ကောင်းဆန်တဲ့ သူ ။မိသားစုအပေါ် စာနာမဲ့သူ၊ ရက်စက်တဲ့သူ။လူသားကျင့်ဝတ်ဖောက်ဖျက်တဲ့ သူ။

အဲဒီလို လူတွေကို သားသမီးကြောင့်ပဲဖြစ်ဖြစ်၊ စားဝတ်နေရေးကြောင့်ပဲဖြစ်ဖြစ် ညည်းခံပြီး ပေါင်းသင်းနေရတဲ့ သူတွေအနေနဲ့လည်း တစ်သက်လုံး သေရာပါတဲ့စိတ်ဓါတ်ရာကို ခံစားကြရပါတယ်။

ဘာကြောင့်ပဲ ဖြစ်ဖြစ် အိမ်ထောင်ရှင်တိုင်းဟာ ကိုယ့်မိသားစုလေး မပြိုကွဲရေးအတွက်တော့ကြိုးစားအားထုတ်ကြရတာပါပဲ။ကျွန်မ အနေနဲ့ကတော့အိမ်ထောင်ရေး မပြိုကွဲစေဖို့ အရာအားလုံးကိုလိုက်ပြီး အလျော့ပေး၊ညည်းခံပြီး နှိမ့်ကျနေနေရတာကိုလည်း အမြဲတမ်း မှန်ကန်တယ်လို့တော့ မယူဆမိပါဘူး။မမျှတတဲ့ ၊ ရက်စက်တဲ့ အိမ်ထောင်ရေးမှာ တစ်ဘက်ကပဲ အမြဲတမ်း အနစ်နာခံနေရမယ်ဆိုတာလည်း ရက်စက်လွန်းတယ်လို့ မြင်မိတယ်။

စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေရတဲ့ သစ္စာဖောက်ခံရတဲ့သူတွေ၊ အိမ်ထောင်ရေး သောကတွေကနေ လွတ်မြောက်ရေးအတွက် ကာကွယ်ရှင်းပြီး ကိုယ့်မိသားစုအတွက် ကိုယ့်ဟာကိုယ် ဦးဆောင်ပါ၊ဘာသာရေးကိုပိုပြီး အာရုံပြုဖို့စိတ်အေးချမ်းအောင် တရားထိုင်ဖို့ တိုက်တွန်းလိုပါတယ်။

ကိုယ်ကျင့်တရားမကောင်းလို့ ဖောက်ပြန်တတ်တဲ့သူကို ဆွဲဖမ်းထာသရွေ့ ကိုယ်ကပဲ နာကျင်ခံစားနေရမှာပါပဲ။ ဒါကြောင့် လွှတ်ချဖို့ လိုတယ်လို့ယူဆရင် လွှတ်ချလိုက်ပါ။သစ္စာဖောက်တဲ့ အကုသိုလ်များတဲ့သူနဲ့တွဲဖက်နေသရွေ့ကိုယ်ရော မိသားစုပါ မအေးချမ်းနို်င်ပါဘူး။

အကုသိုလ်များနဲ့သူနဲ့ ဝေးကွာနေရတာကလည်း ကိုယ့်ကို သူ့ရဲ့အကုသိုလ်တွေ မကူးစက်စေတော့ဘူးပေါ့၊ သူနဲ့ဝေးသွားတာ ကိုယ့်အတွက် ကံကောင်းဖို့ဖြစ်လာတာလို့ ယူဆနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ သားသမီးကြောင့်ပဲဖြစ်ဖြစ် ကွဲဖို့မဖြစ်နိုင်တဲ့အိမ်ထောင်ရေးမှာတော့ သူ့ရဲ့မတရားမှု၊ ဖောက်ပြန်မှု၊ အကျဉ်းတန်မှုတွေကို လိုက်ပါ ခံစားမနေဘဲ၊ သူ့အကုသိုလ်နဲ့သူ သွားပါစေ၊ သူ့အကုသိုလ်ထဲ ကိုယ့်အကုသိုလ် ၀င်မပါမိအောင် ကြိုးစားနေထိုင်ပါလို့ တိုက်တွန်းချင်ပါတယ်။

ကိုယ်က သံယောဇဉ် ဖြတ်နိုင်သမျှ ဖြတ်ပြီး ဥပက္ခာပြုနိုင်ရေးကိုပဲ ကြိုးစားပါလို့သာ ဆိုချင်ပါတယ်။ ဥပက္ခာပြုတယ်ဆိုတာကလည်း သူနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို လွှတ်ချလိုက်ခြင်းတစ်မျိုါ်ပါပဲ။

ရခဲလှတဲ့လူ့ဘ၀မှာ ဒီလူတစ်ယောက်ကြောင့် နေ့စဉ်နဲ့အမျှ သောကနဲ့ ရှင်သန်နေရတယ်ဆိုရင်လည်း လူဖြစ်ရှုံးလှပါတယ်။ ဒါကြောင့် အချို့ကိစ္စရပ်တွေမှာ လွှတ်ချသင့်တယ်လို့ လက်ခံနားလည်ပြီး လွှတ်ချဖို့အတွက်လည်း တိုက်တွန်းအားပေးလိုပါသေးတယ်။

ကျေးဇူးတင်ပါတယ်။ မတူတဲ့ အမြင်များရှိရငလည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

Comments are closed.