လူတော်တော်များများတစ်ခါမှ မမြင်ဖူးသေးတဲ့ Song အမြွာ(၃)ယောက်ရဲ့မွေးကင်းစအရွယ်တုန်းက ပုံရိပ်များ

လူတော်တော်များများတစ်ခါမှ မမြင်ဖူးသေးတဲ့ Song အမြွာ(၃)ယောက်ရဲ့မွေးကင်းစအရွယ်တုန်းက ပုံရိပ်များ

ဂျူမုံလို့ အများသိကြတဲ့ Song Ilkook ရဲ့ Song အမြွာ ၃ယောက်ဖြစ်တဲ့ Daehan, Mingu နဲ့ Mansae တို့ဟာ Superman Returns ဆိုတဲ့အစီအစဉ်မှာပါဝင်ခဲ့ပြီး တောင်ကိုရီးယားလူမျိုးတွေသာမက အာရှတစ်လွှားက လူတွေရဲ့ ချစ်ခြင်းတွေ အမြောက်အများပိုင်ဆိုင်ခဲ့ကြပါတယ်။ အဆိုပါ အစီအစဉ်မှာ နှစ်အတော်ကြာပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ အစီအစဉ်မှ ထွက်ခွာခဲ့ပါတယ်။

အစီအစဉ်က နှုတ်ထွက်သွားတာ အချိန်တော်တော်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် Song Il Guk ကတော့ သား ၃ယောက်ရဲ့ဓာတ်ပုံတွေကို အလျဉ်းသင့်သလို Instagram ပေါ်မှာတင်ပေးခဲ့ပြီး ပရိတ်သတ်တွေရဲ့အလွမ်းတွေကို ပြေစေခဲ့ပါတယ်။ မကြာခဏဆိုသလို ဓာတ်ပုံတွေကိုတင်ပေးတတ်တဲ့ ဖခင်ဖြစ်သူခမျာ ဒီတစ်ခါမှာလည်း သား ၃ယောက်ရဲ့ မွေးကင်းစအရွယ်က ဓာတ်ပုံတွေကို မျှဝေပေးခဲ့ပါတယ်။

အဆိုပါဓာတ်ပုံတွေဟာ Song အမြွာ ၃ယောက်ရဲ့လသား အရွယ်တုန်းက ဓာတ်ပုံတွေဖြစ်ပြီး သူ့ရဲ့ညီမဖြစ်သူဖုန်းထဲမှာ တွေ့ခဲ့တဲ့ ဓာတ်ပုံတွေလို့ဆိုပါတယ်။ လသားလေး၊ မွေးကင်းစလေးတွေရဲ့ မျက်လုံးမပွင့်သေးတဲ့ ပါးဖောင်းဖောင်းလေးပုံရိပ်တွေကိုဖော်ပြပေးသွားမှာဖြစ်လို့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

မျက်လုံးတောင်မပွင့်သေးတဲ့ ကလေး ၃ယောက်ဟာ အရမ်းတွေချစ်ဖို့ကောင်းနေတယ်လို့များ မထင်မိဘူးလား ပရိတ်သတ်ကြီးရေ…။

GI GI(momolay)
Source : KStarLive

Comments are closed.