အဝလွန်ခြင်းရဲ့နောက်ဆက်တွဲရောဂါများ

အဝလွန်ခြင်းရဲ့နောက်ဆက်တွဲရောဂါများ

အဝလွန်ခြင်းရဲ့နောက်ဆက်တွဲရောဂါများ

အဝလွန်ခြင်းရောဂါဟာ မြန်မာမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ခံစားနေရတဲ့ ရောဂါ ဖြစ်ပါတယ်။ အဝလွန်တဲ့သူတွေရဲ့ စိတ်မှာ မလှတော့တာ၊ အဝတ်အစားနဲ့ပတ်သတ်ပြီး အလွယ်တကူမရတော့တာ၊ အထိုင်အထမလွယ်တာကလွဲပြီး ကျန်တဲ့ ကျန်းမာရေးဆိုးကျိုးကို တွေးလေ့တွေးထ မရှိပါဘူး။ တစ်ကယ်တော့ အဝလွန်ခြင်းမှာ ဆိုးကျိုးများစွာ ရှိပါတယ်။

အဝလွန်ခြင်းကြောင့် အဆီတွေ သွေးကြောထဲမှာ စုပုံလာပြီး သွေးကြောတွေကျဉ်းလာစေမှာ ဖြစ်ပါတယ်။ ၎င်းသွေးကြောကျဉ်းမှုကြောင့် သွေးတိုး၊ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ချေများလာပါတယ်။ အဝလွန်ခြင်းနောက်ဆက်တွဲရောဂါထဲမှာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အသက်ရှူရခက်ခဲခြင်း၊ အမောမခံနိုင်ခြင်းနှင့် အိပ်နေစဉ်မကြာခဏအသက်ရှူရပ်သွားခြင်းတို့လည်း ဖြစ်ပေါ်နိုင်ပါသေးတယ်။ ခန္ဓာကိုယ်က အဆီပိုတွေကြောင့် အသက်ရှူကြွက်သားများ ကျုံ့ရာဆန့်ရာမှာ အဟန့်အတားဖြစ်စေပြီး အသက်ရှူရခက်ခဲခြင်းဖြစ်ပေါ်တာ ဖြစ်ပါတယ်။

အသက်ရှူရခက်ခဲတာကြောင့် အသက်ရှူမဝတဲ့အခါ ကိုယ်ခန္ဓာအတွက် လုံလောက်တဲ့ အောက်စီဂျင်မရဘဲ လမ်းကြာကြာလျှောက်တာ၊ လှေကားတက်တာ တို့မှာ အမောမခံနိုင်ဖြစ်လာပါတယ်။ အဆိုးဆုံးကတော့ အိပ်နေစဉ်ဟောက်ခြင်း၊ မကြာခဏအသက်ရှူရပ်သွားခြင်းများ ဖြစ်ပွားနိုင်ပါတယ်။ ဒီအဆီပိုတွေကြောင့် ခန္ဓာကိုယ်လေဝင်လေထွက်မကောင်းတော့ဘဲ ကိုယ်နံ့နံနိုင်ပါတယ်။ ဒါအပြင် အဝလွန်သမားများညည်းတွားလေ့ရှိတဲ့ ဒူးနာခါးနာ အန္တရာယ်ကလည်း မသေးလှပါဘူး။ ကိုယ်အလေးချိန်များလာတာနဲ့အမျှ အထိုင်အထ၊ လမ်းလျှောက် စတဲ့လှုပ်ရှားမှုမှန်သမျှမှာ ဝန်ပိ ဒဏ်ပိလာတာကြောင့် ဒူးနာ ခါးနာ အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့လာရပါတယ်

အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာအမျိုးအစားတွေထဲမှာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာဟောင်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ အစာရေမြိုကင်ဆာ၊ သည်းခြေကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ နဲ့ သိုင်းရွိုက်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ ဒါအပြင် ပုံမှန်လူတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဝလွန်သူတွေမှာ မျိုးအောင်နိုင်ချေ/ကလေးရနိုင်ချေ အလွန်နည်းပါးပါတယ်။ ဒါကြောင့် အဝလွန်ခြင်းမဖြစ်ရလေအောင် အစားအသောက်နဲ့ထိန်းချုပ်သလို ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ဖို့ မှာကြားပါရစေ။
လူတိုင်း ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
#carmebot

Comments are closed.