ကျန်းမာရေးကို အလွန်ကောင်းမွန်စေတဲ့ ထမင်းရည်

ကျန်းမာရေးကို အလွန်ကောင်းမွန်စေတဲ့ ထမင်းရည်

ကျန်းမာရေးကို အလွန်ကောင်းမွန်စေတဲ့ ထမင်းရည်

နေ့စဉ်စားတဲ့ အစားအသောက်တွေထဲက ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ အရာတွေထဲမှာ ထမင်းရည်ကလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ခုနောက်ပိုင်း ထမင်းချက်ကြတဲ့အခါ ထမင်းရည်ကို အလွယ်တကူ ငဲ့ထုတ်ပစ်တက်ကြပါတယ်။ ဒါမှမဟုတ် ထမင်းပေါင်းအိုးနဲ့ ရေခမ်းချက်ကြပါတယ်။ ဒါ့ကြောင့်ခုနောက်ပိုင်းမှာတော့ ထမင်းရည်သောက်တဲ့ အလေ့အထတွေဟာပျောက်ဆုံးကုန်ပါတယ်။ ဟိုးအရင်က ထမင်းချက်တဲ့အခါ ထမင်းရည်လေးခံပြီး ဆားခတ်သောက်သုံးကြပါတယ်။ ထမင်းရည်ကို ကိုယ်ခံအားကောင်းမွန်စေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် သားသားမီးမီးတို့ကိုတိုက်ကြပါတယ်။ ထမင်းရည်မှာ Folic Acid ဓါတ်အများဆုံးပါဝင်တဲ့ အတွက် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေပါတယ်။ ထမင်းကိုကျိုချက်ပြီးမှ ထွက်ပေါ်လာတဲ့ အဆီအနှစ်တွေ ဖြစ်တဲ့ အတွက်ကြောင့်လည်း ထမင်းထက် ထမင်းရည်ရဲ့ ဓါတ်ကပိုပြီးအကျိုးကျေးဇူးများပါတယ်

ထမင်းရည်ထဲမှာ ကာဗွန်ဟိုက်ဒရိတ်တွေ အပြည့်ပါတာကြောင့် မနက်စောစော သောက်သုံးခြင်းဖြင့် ရေဓာတ်ရော ကယ်လိုရီရော ရရှိနိုင်တာကြောင့် တစ်နေကုန်လုံး လန်းဆန်းတက်ကြွနေစေမှာပါ။ မနက်တိုင်းထမင်းရည်ပူပူလေးကို သောက်ပေးခြင်းဖြင့် ၀မ်းမှန်စေခြင်း ၊အပူအပုပ်ကင်းခြင်း ၊မျက်စိလည်းကြည်လင်စေခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေပါတယ်။ ဒါအပြင် ရေဓါတ်ပြည့်ဝစွာပါဝင်ခြင်းကြောင့် အသားခြောက်ပြီး အသားတွေ ကွဲအက်ခြင်းများမှလည်း ကာကွယ်ပေးပါသေးတယ်။ ကလေးငယ်တွေကို နို့မှုန့်တိုက်မယ့်အစား ညဘက် မအိပ်ခင်မှာ ထမင်းရည်ကို ဆားခတ်ပြီး တိုက်ကြည့်ပါ။ တစ်ညလုံး ဝမ်းအေးပြီး အိပ်မောကျစေပါတယ်။ ထမင်းရည်က အစာကြေလွယ်ပြီး ရင်ပြည့်ရင်ကယ်တာလည်း မရှိစေတာကြောင့် ကလေးငယ်တို့အတွက် အလွန်ကောင်းမွန်စေတဲ့ အစားစာတစ်မျိုးပဲဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ထမင်းရည်နဲ့ ခေါင်းလျှော်ခြင်းပါ။ အအေးခံထားတဲ့ ထမင်းရည်နဲ့ ခေါင်းလျှော်တဲ့အခါ ဆံသားတောက်ပြောင်ခြင်း ၊ ဆံပင်သန်ခြင်း ၊ ခေါင်းမှာသန်းတွေတက်လာတဲ့အခါ ထမင်းရည်နဲ့ တိုက်ချရင်တောင်သန်းတွေကျတယ်လို့ ဆိုကြပါတယ်။ ကဲ ဒါကြောင့် ဒီလောက်ကောင်းတဲ့ ထမင်းရည်ကို အလကားသွန်မပစ်ဖို့ မှာကြားပါရစေ။

creid;Caremebot 

Comments are closed.