မိန်းမချော ကာရိုက်တာ ပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ ကမ်းလှမ်းကြတယ်ဆိုတဲ့ သံသာမိုးသိမ့်

မိန်းမချော ကာရိုက်တာ ပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ ကမ်းလှမ်းကြတယ်ဆိုတဲ့ သံသာမိုးသိမ့်

သံသာမိုးသိမ့်ကတော့ အခုလက်ရှိ MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ကျွန်မက မဟေသီ ဆိုတဲ့ ကားမှာ ဗီလိန်နေရာက သရုပ်ဆောင်ပြီး ပရိသတ်မုန်းလောက်အောင် ပီပြင်တဲ့ သရုပ်ဆောင်မှုတွေ နဲ့ မိန်းမချော ဆိုတဲ့ကာရိုက်တာနဲ့ မင်းသမီးချောလေး တစ်ယောက်ပါ ။

သူမရဲ့ သရုပ်ပီပြင်လှတဲ့ ဗီလိန် ကာရိုက်တာကြောင့် မုန်းတဲ့ ပရိသတ်တွေရှိသလို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း အများအပြားပါပဲ ။ လတ်တလောမှာတော့ ကျော်ထက်ဇော်နဲ့ အချစ်ဖွဲ့လေညင်း ဆိုတဲ့ စီးရီးတွဲလေးကို ထိုင်းဒါရိုက်တာနဲ့ရိုက်ကူးနေတယ်လို့သိရပါတယ် ။ ပင်းတယမှာ တစ်လခွဲ ရန်ကုန်မှာလေးလ နေပြည်တော်မှာ တစ်လ ရိုက်ကူးပြီး ၈လပိုင်းမှာလောက်မှာ ဒီစီးရီးလေးပြီးမယ်လို့သိရပါတယ် ။

မိန်းမချော ကာရိုက်တာနဲ့ ပရိသတ်တွေကြားမှာပေါက်သွားတော့ ရုပ်ရှင်ကားကြီးတွေ လာကမ်းလှမ်းကြတဲ့အတွက် အရမ်းဝမ်းသာသလို အခွင့်အရေးရရင်လည်း လုပ်မှာပါလို့ သူမ က ပြောပြခဲ့ပါတယ် ။ ပရိသတ်တစ်ယောက်နဲ့ ကျွန်မက မဟေသီ ကားကိုပြန်ကြည့်တဲ့အခါမှာတော့ တချို့နေရာလေးတွေမှာ အားမရတာ လေးတွေတွေ့ပါတယ်တဲ့ ။ သူမအနေနဲ့ သူမ ဝေါထဲမှာ ဖြစ်ဖြစ် MRTV -4 Page မှာဖြစ်ဖြစ် သူမအတွက်ပေးထားသမျှကွန်မန့်တွေကို တစ်ကြောင်းမကျန် အကုန်လိုက်ဖတ်လေ့ရှိသလို ပြင်ဆင်စရာရှိတာလေးတွေ လည်း ပြင်ဆင်ဖြစ်တယ်လို့သိရပါတယ် ။ ကဲပရိသတ်ကြီးကရော မိန်းမချောကို ချစ်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.