အံ့မင်းညိုရဲ့ သမီးလေးရောဂါ ပျောက်ကင်းအောင် ဆေးကုသဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ ချစ်သုဝေ

အံ့မင်းညိုရဲ့ သမီးလေးရောဂါ ပျောက်ကင်းအောင် ဆေးကုသဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ ချစ်သုဝေ

ပရိသတ်တွေကို သူတတ်စွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေပေးခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေးက မွေးရာပါ နှလုံးအပေါက်ပါ ရောဂါကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ အံ့မင်းညိုရဲ့ သမီးလေးရောဂါကို ပျောက်ကင်းအောင် ပရိသတ်တွေက ဝိုင်းပြီးဆုတောင်းပေးခဲ့ကြရာ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက ကုသပေးဖို့ တာဝန်ယူ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းက ဆေးကုပေးတဲ့အတွက် ပရိသတ်တွေက တော်တော်လေး ဝမ်းသာခဲ့ရတာဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းမှ အံ့မင်းညိုရဲ့ သမီးလေးကို ဆေးကုသဖို့အတွက် နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ အာရုံကြော လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အံ့မင်းညိုရဲ့ သမီးလေး ရောဂါက ပျောက်ကင်းအောင် ကုသပေးဖို့ နောက်ကျသွားပြီလို့ သိရပါတယ်။ သမီးလေးက မွေးရာပါနှလုံးရောဂါဖြစ်ခဲ့တာဖြစ်ပြီး ကြားထဲမှာ ကုသမှုလုံလုံလောက်လောက်မရှိခဲ့တာကြောင့် အခုချိန်မှာ ခွဲစိတ်ကုသဖို့ ခဲယဉ်းသွားတာဖြစ်ပါတယ်။

အလှူရှင်တွေများသွာ ပေါ်ပေါက်လာမှ အခုလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ရတာ စိတ်မကောင်းစရာပါပဲ။ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် အချိန်သိပ်နောက်ကျသွားတာပါ။

ခွဲစိတ်ကုသခွင့်မရရှိပေမယ့် သမီးလေးကတော့ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်လျက်ရှိပါတယ်။ ပရိသတ်ကြီးလဲ အံ့မင်းညိုရဲ့ သမီးလေး ကျန်းကျန်းမာမာရှိဖို့ ဆုတောင်းပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.