“မီ” ရုပ်​ရှင်​ရဲ့ ဇာတ်​ညွှန်းကို စာအုပ်​ထုတ်​​တော့မှာမို့ ခင်​ပွန်းအတွက်​ ဂုဏ်​ယူ​နေတဲ့ ပိုင်​ဖြိုးသု

“မီ” ရုပ်​ရှင်​ရဲ့ ဇာတ်​ညွှန်းကို စာအုပ်​ထုတ်​​တော့မှာမို့ ခင်​ပွန်းအတွက်​ ဂုဏ်​ယူ​နေတဲ့ ပိုင်​ဖြိုးသု

အနုပညာကို ချစ်မြတ်နိုးကြတာချင်းတူတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီး​မောင်​နှံနှစ်​ဦးက​တော့ ချစ်​ရတဲ့အနုပညာအလုပ်​​တွေလုပ်​ရင်း သာယာ​ပျော်​ရွင်​တဲ့ အိမ်​​ထောင်​မှုဘဝ​လေးကို ဖန်​တီးပုံ​ဖော်​ထားတာပါ။ ဒါရိုက်​တာ ဏကြီး ပုံ​ဖော်​ရိုက်​ကူးထားတဲ့ “မီ” ရုပ်​ရှင်​ဇာတ်​ကားကြီးကလည်း ပရိသတ်​​တွေရဲ့ အား​ပေးနှစ်​ခြိုက်​ခြင်းကို အပြည့်​အဝရရှိခဲ့တဲ့ ဇာတ်​ကား​ကောင်းတစ်​ကားပါ။ လတ်​တ​လောမှာ​တော့ ပိုင်​ဖြိုးသုက “မီ” ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ ဇာတ်​ညွှန်း ကိုစိတ်ကူးချိုချိုစာပေမှ စာအုပ်​အဖြစ်​ထုတ်​​ဝေ​တော့မယ့်​အ​ကြောင်း​ပြောရင်း ခင်​ပွန်းအတွက်​ပါ ဂုဏ်​ယူမိ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

ပရိသတ်​​တွေအတွက်​ “မီ” ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ ဇာတ်​ညွှန်းကို စာအုပ်​ထုတ်​​တော့မယ့်​အ​ကြောင်း ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။

ပိုင်​ဖြိုးသုက​တော့ “”မီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို စိတ်ကူးချိုချိုစာပေမှ စာအုပ်အဖြစ်ထုတ်ဝေသွားမှာဖြစ်တဲ့အတွက် ဇာတ်ညွှန်းရေးဆရာ/ဒါရိုက်တာကိုဏကြီး( ဒေါ်သုရဲ့အိမ်ဦးနတ်)အတွက် အလွန်ဂုဏ်ယူမိသလို❤️❤️❤️ “မီ” ရုပ်ရှင်ဇာတ်ကားရဲ့ ဂီတမှူးဆရာမြင့်သန်းထွန်းရဲ့ original score CD ကိုလည်းThe sun music Production မှထုတ်ဝေတော့မယ်လို့သိရတဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း 👏👏👏” ဆိုပြီး “မီ” အဖွဲ့သား​တွေရဲ့ကိုယ်​စား ​ပျော်​ရွှင်​စွာ ​ရေးသားထားတာပါ။

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ဇွန်လ (၂၁) ရက်နေ့က စေ့စပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီလ ၁ရက်​​နေ့မှာ ​မင်္ဂလာပွဲ ကျင်းပြုလုပ်​​ခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဇနီး​မောင်​နှံ နှစ်​​ယောက်​​ပေါင်းပြီး အ​​ကောင်းဆုံး​အနုပညာ​တွေကို ဖန်​တီး​နေတဲ့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့နှစ်ဦး ကိုသ​ဘောကျရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.