ကြည်နူးပီတိဖြစ်စရာ အလှူလေးကို ပြုလုပ်ပြီး သူမရဲ့ မိသားစုအတွက် အလိုချင်ဆုံးဆုကို တောင်းဆုပန်ခဲ့တဲ့ ပိုးအိအိခန့်

မင်းသမီး ပိုးအိအိခန့်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝရရှိထား အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။လက်ရှိမှာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးကစားသမား တိုက်စစ်မှူးအောင်သူနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာသားလေးကိုပိုင်ဆိုင်ထားကာ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

သားလေး သွင်ဦးဟန်ကလည်း တစ်နေ့တခြားလူကြီးလေးလိုဖြစ်လာပြီး ဖေဖေမေမေတို့ရဲ့အသည်းကျော်လေးအပြင် ပရိသတ်တွေကပါ ချစ်အားပိုနေရတာ ဖြစ်ပါတယ်။ အလှူအတန်းတွေကိုလည်း လှူဒါန်းပေးရင်းလည်း သဒ္ဒါတရားထက်သန်စွာ ရက်ရက်ရောရော လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ယခုရက်ပိုင်းမှာလည်း ပိုးအိအိခန့် တို့မိသားစုကတော့ ကြည်နူးစရာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

ဒီတစ်ခါအလှူလေးကတော့ လှည်းကူးမြို့ ကျွန်းကုန်းကျေးရွာ ဗောဓိဓါတ်ပေါင်း စစ်ကိုင်းကျောင်း တည်ထားသော မဂ္ဂဖလ ဓမ္မ စေတီမှာ စေတီ(၃) ဆူအားလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စေတီ(၃) ဆူကို လှူဒါန်းရခြင်းကြောင့်လည်း ပိုးအိအိခန့် က” ဘဝမှာ ဒီထက်မက ဘုရား ၊ စေတီ ၊ ကျောင်း ၊ သိမ် ၊ ဇရပ် အများကြီး ထပ်ပြီး လှူဒါန်းနိုင်သော မိသားစုလေး ဖြစ်ရပါလို၏ “ဆိုပြီး လိုချင်ဆုံးဆုကို တောင်းဆုပန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမွန်မြတ်တဲ့ အလှူလေးကိုပြုလုပ်ခဲ့တဲ့ ပိုးအိအိခန့်တို့ မိသားစုလေးကို ပရိသတ်တွေကလည်း ဆုတောင်းမေတ္တာတွေပို့သပေးလိုက်ပါဦးနော် ။

သတင်းအရင်းအမြစ်៖ Source – Poe Ei Ei Khant

Advertisement

[zawgyi]

မင္းသမီး ပိုးအိအိခန႔္ကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကိုအျပည့္အဝရရွိထား အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။လ က္ ရွိမွာ ျမန္မာ့ဂုဏ္ေဆာင္ ေဘာလုံးကစားသမား တိုက္စစ္မႉးေအာင္သူနဲ႔အတူ သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးကို တည္ေဆာက္ထားၿပီး ခ်စ္စရာသားေလးကိုပိုင္ဆိုင္ထားကာ ဘဝကိုေအးခ်မ္းစြာ ျဖတ္သန္းေနထိုင္ေနတာ ျဖစ္ပါတယ္။

သားေလး သြင္ဦးဟန္ကလည္း တစ္ေန႔တျခားလူႀကီးေလးလိုျဖစ္လာၿပီး ေဖေဖေမေမတို႔ရဲ႕အသည္းေက်ာ္ေလး အျပင္ ပရိသတ္ေတြကပါ ခ်စ္အားပိုေနရတာ ျဖစ္ပါတယ္။ အလႉအတန္းေတြကိုလည္း လႉဒါန္းေပးရင္းလည္း သဒၵါတရားထက္သန္စြာ ရက္ရက္ေရာေရာ လႉဒါန္းေပးတာ ျဖစ္ပါတယ္။ ယခုရက္ပိုင္းမွာလည္း ပိုးအိအိခန႔္ တို႔မိသားစု ကေတာ့ ၾကည္ႏူးစရာ အလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။

ဒီတစ္ခါအလႉေလးကေတာ့ လွည္းကူးၿမိဳ႕ ကြၽန္းကုန္းေက်း႐ြာ ေဗာဓိဓါတ္ေပါင္း စစ္ကိုင္းေက်ာင္း တည္ ထားေသာ မဂၢဖလ ဓမၼ ေစတီမွာ ေစတီ(၃) ဆူအားလႉဒါန္းခဲ့တာ ျဖစ္ပါတယ္။ ေစတီ(၃) ဆူကို လႉဒါန္းရျခင္းေ ၾကာင့္လည္း ပိုးအိအိခန႔္ က” ဘဝမွာ ဒီထက္မက ဘုရား ၊ ေစတီ ၊ ေက်ာင္း ၊ သိမ္ ၊ ဇရပ္ အမ်ားႀကီး ထပ္ၿပီး လႉဒါန္းႏို င္ေသာ မိသားစုေလး ျဖစ္ရပါလို၏ “ဆိုၿပီး လိုခ်င္ဆုံးဆုကို ေတာင္းဆုပန္ခဲ့တာ ျဖစ္ပါတယ္။ ဒီလိုမြန္ျမတ္တဲ့ အလႉေလးကိုျပဳလုပ္ခဲ့တဲ့ ပိုးအိအိခန႔္တို႔ မိသားစုေလးကို ပရိသတ္ေတြကလည္း ဆုေတာင္းေမတၱာေတြ ပို႔သေပးလိုက္ပါဦးေနာ္ ။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*