ထူးဆန်းအံ့သြဖွယ်ရာသေခြင်းတရားတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ လူ ၈ယောက်

ထူးဆန်းအံ့သြဖွယ်ရာသေခြင်းတရားတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ လူ ၈ယောက်

သေခြင်းတရားဆိုတာ ဘယ်အချိန်၊ဘယ်နေရာဆိုပြီးကြိုတင်သိထားလို့ရတဲ့ အရာမဟုတ်ပါဘူး။ပန်းခြံသွားနေရင်း၊လမ်းလျှောက်ရင်း သေသွားတာလည်းဖြစ်နိုင်သလို ထီပေါက်ပြီးမှ သေခြင်းတရားနဲ့ရင်ဆိုင်သွားရတဲ့လူတွေလည်းရှိပါတယ်။သေသွားတဲ့အဖြစ်အပျက်တွေပုံစံအမျိုးမျိုး၊နည်းအမျိုးမျိုးရှိတဲ့အထဲမှာမှ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့သေခြင်းတရားမျိုးရင်ဆိုင်ခဲ့ရတဲ့လူ ၈ယောက်ရှိပါတယ်။သူတို့ရဲ့အကြောင်းကိုတစ်ချက်လေ့လာကြည့်ပါဦး။

(၁)အသားစားငါးတွေကြောင့်သေခဲ့ရတဲ့အမျိုးသား

၂၀၁၁၊ဘော်လီဗီယာနိုင်ငံ၊Rosario Del Yata မှာနေထိုင်တဲ့အသက် ၁၈နှစ်အရွယ်ကောင်လေးက လှေစီးနေရင်း အရက်ကလည်းမူးနေတာကြောင့် လှေပေါ်ကနေရေကန်ထဲကိုခုန်ချဖို့ဆုံးဖြတ်ခဲပပါတယ်။ကံဆိုးစွာနဲ့ သူခုန်ချတဲ့အချိန်မှာပဲ အသားစားငါးတွေဝိုင်းအုံလာပြီးကိုက်ဖြတ်စားသောက်ခံလိုက်ရပါတယ်။စုံစမ်းချက်တွေအရ သူက ငါးဖမ်းသမားတစ်ယောက်လို့လည်းသိရပါတယ်။အသားစားငါးတွေက ပုံမှန်အားဖြင့် သေးငယ်တဲ့သတ္တ၀ါအရှင်လေးတွေကိုစားလေ့ရှိပါတယ်။ လူကိုစားတယ်ဆိုတဲ့အဖြစ်အပျက်ကတော့ တကယ့်ကိုထူးဆန်းရှားပါးပါပဲ။ထိုကောင်လေးကတော့ကံဆိုးစွာနဲ့အစားခံလိုက်ရတာပါ။

(၂) မုတ်ဆိတ်မွှေးကိုခလုတ်တိုက်ပြီးသေဆုံးသွားတဲ့အမျိုးသား

Hans Steininger ဆိုတဲ့အမျိုးသားဟာ ၁၅၆၀ခုနှစ်တုန်းက ကမ္ဘာမှာမုတ်ဆိတ်မွှေးအရှည်ဆုံးလူတစ်ယောက်အဖြစ်လူသိများပါတယ်။သူ့ရဲ့ မုတ်ဆိတ်မွှေးက ၄ပေ ၂လက်မတောင်ရှည်ပါတယ်။သူက သူ့ရဲ့မုတ်ဆိတ်မွှေးတွေကို သားရေအိတ်ထဲမှာစုပြီးထည့်ထားလေ့ရှိပါတယ်။တစ်ရက်မှာတော့ သူက မုတ်ဆိတ်မွှေးတွေကိုသိမ်းဖို့မေ့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သူကအဆောက်အဦးထဲကထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ သူ့ရဲ့ မုတ်ဆိတ်မွှေးတွေကိုခလုတ်တိုက်မိပြီး အမြင့်ကနေပြုတ်ကျကာလည်ပင်းကျိုးပြီးသေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

(၃)မင်္ဂလာဆောင်ဓာတ်ပုံရိုက်ရင်းရေနစ်ပြီးသေဆုံးသွားတဲ့သတို့သမီး

ဝမ်းနည်းစရာအဖြစ်အပျက်ပါပဲ၊မင်္ဂလာဆောင်ဆိုတာ ချစ်တဲ့သူနဲ့အတူတူဘ၀သစ်ကိုပျော်ရွှင်စွာစတင်ရမှာပါ။ဒါပေမဲ့အသက် ၃၀အရွယ်အမျိုးသမီးတစ်ယောက်ကတော့ကံမကောင်းခဲ့ပါဘူး။သူမဟာ မင်္ဂလာဆောင်အပြီးမှာ အမှတ်တရဓာတ်ပုံရိုက်ဖို့အတွက် Montreal မြို့အနီးမှာရှိတဲ့ Ouareau မြစ်အနီးကိုသွားခဲ့ပါတယ်။သူမဟာ ဓာတ်ပုံရိုက်ဖို့အတွက်ရေထဲမှာမတ်တပ်ရပ်ရင်းပို့စ်ပေးနေခဲ့တာပါ။ဒါပေမဲ့သူမရဲ့ မင်္ဂလာဆောင်ဝတ်စုံကတဖြည်းဖြည်းရေနစ်မြှုပ်လာပြီးသူမကိုအောက်ကိုဆွဲချသွားပါတော့တယ်။သူမဟာ ဓာတ်ပုံဆရာကိုအကူအညီတောင်းခဲ့ပေမဲ့သူမရဲ့ ဝတ်စုံကချည်မျှင်တွေနဲ့လုပ်ထားတာကြောင့် မရုန်းနိုင်ပဲ ရေအောက်ကိုပဲဆွဲချသွားခံခဲ့ရပါတယ်။

(၄)အတွင်းခံဘောင်းဘီဆွဲတင်ခံရလို့ သေဆုံးသွာခဲ့တဲ့အမျိုးသား

ကြားရတာထူးတော့ထူးဆန်းနေပါလိ့မ်မယ်။ဒါပေမဲ့ဒီမတော်တဆမှုက အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။Oklahoma ပြည်နယ်မှာနေထိုင်တဲ့အမျိုးသားတစ်ယောက်ရဲ့ မယားပါသားဖြစ်သူဟာ သူ့ရဲ့အတွင်းခံဘောင်းဘီကိုခေါင်းပေါ်ထိရောက်အောင်ဆွဲတင်ခဲ့ပါတယ်။အဲ့ဒီနောက်ရုန့်ရင်းဆန်ခတ်တွေဖြစ်ခဲ့ပြီး အမျိုးသားကသတိလစ်မေ့မျောသွားခဲ့ပါတယ်။မယားပါသားဖြစ်သူက မြေပြင်ပေါ်လဲကျသွားတဲ့ပထွေးဖြစ်သူကိုဒီအတိုင်းပဲထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ဆရာဝန်တွေရဲ့စစ်ဆေးချက်အရ ထိုအမျိုးသားဟာ ဦးခေါင်းဆီကိုပြင်းထန်တဲ့အားတစ်ခုသက်ရောက်မှုကြောင့်သေဆုံးခဲ့တာဖြစ်သလို အသက်ရှုကျပ်မှုကြောင့်သေဆုံးသွားတာလည်းဖြစ်တယ်လို့သိရပါတယ်။

(၅) အသက်ပြန်ရှင်လာခဲ့ပေမဲ့ မကြာခင်မှာပဲတကယ်သေဆုံးခဲ့ရတဲ့အမျိုးသမီး

ရုရှားနိုင်ငံကအမျိုးသမီးတစ်ယောက်ဟာ ဆရာဝန်တွေရဲ့ သေဆုံးကြောင်းမှားယွင်းသတ်မှတ်ခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။မိသားစုတွေက သူမရဲ့ဈာပနအခမ်းအနားကိုကျင်းပနေတဲ့အချိန်မှာ ထိုအမျိုးသမီးက ပြန်ပြီးနိုးထလာခဲ့ပါတယ်။ဒါပေမဲ့ သူမကို လူတွေက အခေါင်းထဲမှာပိတ်လှောင်ထားခဲ့ပြီးမကြာခင်မီးသဂြိုလ်တော့မှာပါ။သူမကကြောက်လန့်တကြားအော်ဟစ်ပေမဲ့ဘယ်သူကမှမကြားခဲ့ပါဘူး။အော်ဟစ်ရင်းကနေပဲ နှလုံးရှော့ခ်ဖြစ်ပြီး တကယ်သေဆုံးသွားခဲ့ပါတယ်။

(၆)အသက်ကယ်စောင့်တွေရှိတဲ့ပါတီပွဲမှာရေနစ်သေဆုံးသွားခဲ့တဲ့အမျိုးသား

New Orleans မြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ အသက်ကယ်စောင့်တွေအတွက်ကျင်းပတဲ့ပါတီပွဲတစ်ခုကိုတက်ရောက်ခဲ့ပါတယ်။အသက်ကယ်စောင့်တွေကလည်းရေနစ်သူကိုကယ်တင်တာမဟုတ်တဲ့အတွက် ပထမဆုံးအကြိမ်စိတ်လွတ်ကိုယ်လွတ်ရေကူးခဲ့ကြပါတယ်။ပါတီပွဲပြီးဆုံးတဲ့အချိန်မှာတော့ ဧည့်သည်တွေကရေကူးကန်အောက်ခြေက လူတစ်ယောက်ကိုသတိထားမိခဲ့ပါတယ်။ပါတီပွဲမှာအသက်ကယ်လက်မှတ်ရပြီးသား သက်တော်စောင့်လေးယောက်ရှိခဲ့ပေမဲ့ ဘယ်သူကမှသူရေနစ်သွားတာကိုမမြင်ခဲ့ပါဘူး။ရှာတွေ့တဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပါပြီ။

(၇)အိပ်ပျော်နေတုန်း နွားပိပြီးသေဆုံးခဲ့တဲ့အမျိုးသား

ဒီအချက်ကထူးဆန်းလွန်းလို့ ဘယ်သူကမှဖြစ်နိုင်တယ်လို့မတွေးမိလောက်ပါဘူး။ဒါပေမဲ့တကယ်ဖြစ်ခဲ့ပါတယ်။Joao Maria De Souza ဆိုတဲ့အမျိုးသားဟာသူ့ရဲ့အိပ်ခန်းထဲမှာအိပ်နေရင်း ရုတ်တရက်ခေါင်မိုးပေါ်ကနေ နွားတစ်ကောင်ပြုတ်ကျလာခဲ့ပါတယ်။နွားဟာအမိုးပေါ်ကိုတက်ပြီး ဖြတ်သန်းလာနေတုန်းမှာ အမိုးက သူ့ရဲ့ အလေးချိန်ကိုမခံနိုင်ပဲ ပြိုကျသွားခဲ့ရာမှ ထိုအမျိုးသားအပေါ်ကျခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့အမျိုးသမီးကလည်းဘေးနားမှာအိပ်နေပေမဲ့ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပါတယ်။အမျိုးသားကတော့ကံဆိုးစွာနဲ့သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

(၈)ရူးမိုက်တဲ့အတွေးတွေနဲ့ကိုယ့်ကိုယ်ကိုမီးတောင်ထဲခုန်ချသေဆုံးခဲ့တဲ့အမျိုးသား

ဒဏ္ဍာရီအရ ဂရိနိုင်ငံက Empedocles ဆိုတဲ့အမျိုးသားဟာ ထာဝရရှင်သန်နိုင်တဲ့ဘုရားသခင်အဖြစ်ပြန်လာမယ်လို့ယုံကြည်ပြီး Siciliy ကျွန်းပေါ်က မီးတောင်ထဲကိုခုန်ချသတ်သေခဲ့ပါတယ်။အံ့သြစရာတော့မရှိပါဘူး။ဒီလိုမီးတောင်ထဲကိုခုန်ချခဲ့တာဟာရူးမိုက်တဲ့အတွေးသက်သက်သာဖြစ်ပြီး မီးတောင်ကသူ့ကိုတဖြည်းဖြည်းဝါးမျိုဖျက်ဆီးခဲ့ပါတယ်။ဘယ်သူကမှသူ့ရဲ့ယုံကြည်မှုကိုသိမသွားသလို ဘယ်သူကမှလည်းမယုံကြည်ခဲ့ပါဘူး။မိုက်မဲမှုအတွက်ပေးဆပ်လိုက်ရတာပါပဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.