ဒုတိယအကြိမ်ပြန်လည် ဆုံတွေ့ကြရပြန် ဦးမဲ့ မသည်းအုံ နဲ့ မကြာဥ

ဒုတိယအကြိမ်ပြန်လည် ဆုံတွေ့ကြရပြန် ဦးမဲ့ မသည်းအုံ နဲ့ မကြာဥ

ဆရာတော်အရှင်ဆန္ဒဓိက ကိုယ်တိုင်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပေါ် အခြေခံထားသောမုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးဟာ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးသော ရုပ်ရှင်တွေထဲက တစ်ခုအပါအ၀င်ဖြစ်သလို ပရိသတ်တွေရဲ့ ခံစားချကနဲ့ အတူ ရသတွေ ပေးစွမ်းနိုင်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ ပညာပေးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။

ဒီရုပ်ရှင်ကြီးရဲ့ ဇာတ်ပို့ တစ်ဦးဖြစ်တဲ့ မကြာဥ ဇာတ်ကောင်နဲ့ သရုပ်ဆောင် မင်းသမီး အေးဝတ်ရည်သောင်း ခေါ် မအေးသောင်းကို အားလုံးက အကယ်ဒမိဆု ရရှိစေချင်ခဲ့သလို ဒီနှစ်မှာ အကယ်ဒမီဆုကြီးနဲ့ လွဲခဲ့ရတာကြောင့် ပရိသတ်အများက စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မုန်းစွဲ မှ မသည်းအုံ ဇာတ်ကောင် နဲ့ ဖွေးဖွေးဟာလည်း ဒီနှစ်ရဲ့ ဇာတ်ဆောင်ဆုကို ရွှေကြာ ရုပ်ရှင်ဆုနဲ့ သုံးထပ်ကွမ်း အကယ်ဒမီဆုကို ရယူခဲ့ပြီး ပရိသတ်အချစ်ကို ထပ်မံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကြာဥ လေးကို အကယ်ဒမီဆုရရှိစေချင်တဲ့ ပရိသတ်တွေအတွက် မအေးသောင်းအတွက် နောက်ထပ် အခွင့်အရေးတစ်ခုက ထပ်မံရောက်ရှိလို့လာပြန်ပါတယ်။ နောက်ထပ်အသစ်ရိုက်ကူးမဲ့ ရုပ်ရှင် ဇာတ်ကားတစ်ခုဖြစ်သော “ပုဂံမော် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မကြာဥ( အေးသောင်း)နဲ့ မသည်းအုံ(ဖွေးဖွေး) တို့ ဒုတိယအကြိမ် အတူပြန်လည်ရိုကကူးမှာဖြစ်ပြီး ဇာတ်ဆောင် မင်းသားကတော့ အကယ်ဒမီ မင်းသားချော မြင့်မြတ် လို့ သိရှိရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပုဂံမျှော် ရုပ်ရှင် ဇာတ်ကားကြီး ထွက်ရှိခဲ့မယ် ဆိုရင် အားပေးကြမှာလား…။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.