ကမ္ဘာ့သမိုင်းတစ်လျောက် အကြမ်းဆုံး၊ အရမ်းဆုံးလို့ ယူဆရမယ့်လူငါးယောက်အကြောင်း

ကမ္ဘာ့သမိုင်းတစ်လျောက် အကြမ်းဆုံး၊ အရမ်းဆုံးလို့ ယူဆရမယ့်လူငါးယောက်အကြောင်း

၁- Roy Benavidez

အမေရိကန်စစ်တပ်မှ ဆာဂျင်တစ်ယောက်ဖြစ်တဲ့ Roy Benavidez ဟာ ရန်သူထောင်ချီဝိုင်းခံထားရတဲ့ အထူးတပ်ဖွဲ့ ၁၂ ယောက်ကို ကယ်တင်ဖို့အတွက် ဓါးတစ်ချောင်း ၊ ဆေးသေတ္တာတစ်ခုနဲ့ ရဟတ်ယာဉ်ပေါ်ကနေ ရန်သူ့နယ်မြေထဲခုန်ဆင်းခဲ့သူတစ်ယောက်ပါ ။အထူးတပ်ဖွဲ့ဝင် ၈ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့်လည်း သူကတော့ ဓါးထိုးဒဏ်ရာ ၊ လှံစွပ်ဒဏ်ရာ နဲ့ ကျည် ၇ ချက်ထိခဲ့ပြီး အဆုတ်ပေါက်ထွက်သွားခဲ့ရပါတယ်။ အခြေအနေအလွန်ဆိုးရွားလွန်းတဲ့အတွက် ဆရာဝန်က သူ့ကို အလောင်းအိတ်ထဲထည့်ပြီးတော့ ဇစ်ပိတ်ဖို့လုပ်တဲ့အချိန်မှာ ဆာဂျင်က ဆရာဝန်ကို တံတွေးနဲ့လှမ်းထွေးခဲ့ပါတယ် ။ ဒါဟာ ရင့်သီးတဲ့အပြုအမူမဟုတ်ပဲ သူအသက်ရှင်နေသေးကြောင်းပြနိုင်တဲ့တစ်ခုထဲသော သူလုပ်နိုင်တဲ့ကိစ္စဖြစ်နေလို့ပါ ။တစ်နှစ်လောက် ဆေးရုံမှာ ကုသမှုခံရခဲ့ပြီးနောက် Medal of Honor ကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ် ။

၂- Simo Hayha

White Death လို့ လူတွေသိကြတဲ့ ဖင်းနစ် စနိုက်ပါတစ်ယောက်ဟာ အပူချိန် ၄၀ ဒီဂရီအောက် ကျဆင်းနေတဲ့အချိန်မှာ ဖြစ်ပွားခဲ့တဲ့ Winter War အတွင်းမှာ လူပေါင်း ၅၀၅ ဦးသတ်ခဲ့ပြီး အများဆုံးသတ်နိုင်တဲ့ စနိုက်ပါတစ်ယောက်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ် ။ရန်သူတွေဟာ စစ်ပွဲထဲမှာ သူ့ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားပြီးတော့ အကြိမ်ပေါင်းများစွာ သတ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ် ။၁၉၄၀ ပြည့်နှစ်မှာတော့ ပေါက်ကွဲကျည်ဆံထိမှန်ပြီး မျက်နှာထိခိုက်သွားပြီးနောက် နိုင်ငံ လွတ်လပ်ရေးရတဲ့နေ့မှ သတိပြန်လည်လာခဲ့ပါတယ် ။မူလအတိုင်းပြည်လည်ကောင်းမွန်ဖို့အတွက်တော့ ၇ နှစ်လောက်အချိန်ယူခဲ့ရပါတယ် ။

၃- Juliane Koepcke

အသက် ၁၇ နှစ်အရွယ်ဒီကောင်မလေးဟာ သူ့အမေနဲ့ သူ့အဖေရှိရာကို သွားလည်တဲ့အချိန်မှာ သူတို့စီးလာတဲ့လေယာဉ်ကိုမိုးကြိုးထိမှန်ပြီး Peruvian မိုးသစ်တောထဲပျက်ကျခဲ့ပါတယ် ။ အံ့သြစရာကောင်းလှစွာပဲ ဒီကောင်မလေးဟာ ညှပ်ရိုးတစ်ချောင်း ကျိုး ၊ လက်ဖျံရိုးအက်သွားပြီး မျက်လုံးအနည်းငယ်ဖူးယောင်နေရုံမှအပ ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရရှိခဲ့ပါဘူး။သူ့အမေကတော့ သူလိုကံမကောင်းတဲ့အတွက် လေယာဉ်ပျက်ကျမှုမှာ အသက်မရှင်သန်နိုင်ခဲ့ပါဘူး။Juliane ဟာ အစားအသောက်အနေနဲ့ သကြားလုံးတွေကိုသာ စားခဲ့ပြီး သူ့အဖေပြောထားဖူးတဲ့အတိုင်း မြစ်တစ်ခုကိုရှာပြီး မြစ်ဘေးတစ်လျောက် မှာ လူသူရှိမရှိလိုက်လံရှာဖွေနေခဲ့ပါတယ်။  ကိုးရက်အကြာမှာတော့ လှေတစ်စီးကိုတွေ့ခဲ့ပြီး ဒီလှေပေါ်မှာရှိနေတဲ့ ဓါတ်ဆီတွေ နဲ့ သူ့ရဲ့ ပိုးစွဲနေတဲ့ဒဏ်ရာတွေကို ကုသခဲ့ပြီးနောက် လှေပိုင်ရှင်ကို စောင့်ဆိုင်းနေခဲ့ပါတယ် ။

၎- Hugh Glass

သူကတော့ တောတွင်းစူးစမ်းလေ့လာရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဝက်ဝံတိုက်ခိုက်တာခံခဲ့ရတာဖြစ်ပြီး ဝက်ဝံကို ဓါးတစ်ချောင်းနဲ့ပဲ ပြန်လည်ခုခံတိုက်ခိုက်ပြီး အနိုင်ယူခဲ့သူပါ ။ဝက်ဝံတိုက်ခိုက်ခံရတဲ့အတွက် အပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် သတိမေ့မြောပြီး သေလုမြောပါးဖြစ်နေခဲ့ပါတယ်။ သူ့အဖွဲ့ဟာ သူ့ကိုသေမှာပဲလို့ယူဆပြီးတော့ သူ့ရဲ့ ဓါးနဲ့ရိုင်ဖယ်ကို ယူသွားပြီး သူသတ်ခဲ့တဲ့ ဝက်ဝံရဲ့အရေခွံနဲ့ ခြုံပေးခဲ့ပြီး ထွက်သွားခဲ့ကြပါတယ် ။Glass သတိပြန်ရတဲ့အချိန်မှာတော့ ခြေထောက်ကျိုးနေတဲ့အတွက်လမ်းမလျောက်နိုင်ပေမယ့် ဒီနေရာကထွက်သွားဖို့လိုတာကို သူသေချာသိနေခဲ့ပါတယ် ။ ဒါကြောင့် သူဟာ မိုင် ၂၀၀ လောက်အကွာမှာရှိတဲ့ Fort Kiowa မြို့ကို ရောက်ဖို့အတွက် တွားသွားရင်းနဲ့ပဲ ဖောင်တစ်ခုရအောင်တည်ဆောက်ခဲ့ပြီး ရေစီးအတိုင်းမြောချကာ သူ့မြို့ဆီကို အရောက်ပြန်လာနိုင်ခဲ့ပါတယ် ။

၅- Shavarsh Karapetyan

ရေကူးချန်ပီယံတစ်ယောက်ဖြစ်တဲ့ Shavarsh ဟာ ၁၉၇၆ ခုနှစ်တုန်းက Yerevan Lake ရေကန်ထဲ ကျသွားခဲ့တဲ့ ကားပေါ်မှလူတွေကို ကယ်ဆယ်ခဲ့တဲ့သူတစ်ယောက်ပါ။သူ ရောက်သွားတဲ့အချိန်မှာ ကားဟာ ရေအောက်အနက် ၁၀ မီတာလောက်ရောက်နေပါပြိ ။သူဟာ ကားအနောက်မှန်ကိုခွဲပြီးတော့ ကားထဲမှာရှိနေတဲ့လူပေါင်း ၂၀ ကိုကယ်တင်ခဲ့ပြီးတဲ့နောက်မှာတော့ မေ့မြောသွားခဲ့ပါတယ် ။မှန်ကွဲရာမှ ရှသွားခဲ့ဒဏ်ရာမှတစ်ဆင့် Spesis ရောဂါပိုးဝင်သွားတဲ့အတွက် ၄၅ ရက်တိုင်တိုင် သတိလစ်မေ့မြောနေခဲ့ပါတယ် ။ဒီအခြေအနေကြောင့်ပဲ သူ့ရဲ့ ရေကူးချန်ပီယံဘဝအဆုံးသတ်သွားခဲ့ရပါတယ် ။ဒါပေမယ့်လည်း ၁၉၈၅ ခုနှစ် အဆောက်အဦးတစ်ခုမီးလောင်နေတဲ့အချိန် ၊ အဆောက်အဦးအတွင်းမှာ ပိတ်မိနေတဲ့သူတွေကို ထပ်မံကယ်ဆယ်ခဲ့ပါသေးတယ် ။ဒီတစ်ခါမှာလည်း ပထမအကြိမ်လိုပဲ အင်အားအကုန်သုံးပြီး ကယ်ဆယ်ခဲ့တဲ့အတွက် နောက်တစ်ကြိမ်ဆေးရုံရောက်ခဲ့ရပါတယ် ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Writer -Min Thu (Daily Hot News ) .

Comments are closed.