သင့်အသည်းနှလုံးကို အရည်ပျော်သွားစေမယ့် ထူးဆန်းတဲ့တိရစ္ဆာန်ပုံပြင် ၇ ခု

သင့်အသည်းနှလုံးကို အရည်ပျော်သွားစေမယ့် ထူးဆန်းတဲ့တိရစ္ဆာန်ပုံပြင် ၇ ခု

ကျွန်တော်တို့ဟာ အကောင်းတွေကို အဆိုးတွေက ဖုံးသွားတတ်တဲ့ ကမ္ဘာကြီးမှာ နေထိုင်ကြပါတယ်။ ဘယ်လိုပင်ဖြစ်နေစေကာမူ ကြင်နာပြီး သူရဲကောင်းဆန်တဲ့ အပြုအမူတွေကိုတော့ သတိမထားမိဘဲ ဖြစ်မသွားရအောင် ကျွန်တော်တို့က တင်ဆက်ပေးလိုက်ပါတယ်။ နေ့တိုင်း လူပေါင်းများစွာဟာ သူတို့ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင်လုပ်ဖို့ ကြိုးစားကြပါတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ အနည်းဆုံး သူတို့ထဲကတချို့နဲ့ သင့်ကို အသိအကျွမ်းဖြစ်သွားဖို့ပါ။သတ္တိတို့ ကိုယ့်ကိုယ်ကိုအနစ်နာခံစွန့်လွှတ်မှုတို့ဆိုတာ လူသားတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ သေးငယ်ပြီး အမွေးဖွားလေးနဲ့ ခြေလေးချောင်းသူငယ်ချင်းလေးတွေမှာလည်း ရှိကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကသူတို့ရဲ့ ကြည်နူးဖွယ်ရာအပြုအမူလေးတွေအကြောင်း အရမ်းကောင်းတဲ့ အကြောင်းအရာလေးတွေကို ပြောပြဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီရဲရင့်ပြီး မြင့်မြတ်တဲ့တိရစ္ဆာန်လေးတွေဆီကနေ လူတိုင်းတစ်ခုခုကို သင်ယူနိုင်မယ်လို့ ထင်ပါတယ်။

၇။ Dasher သစ္စာရှိတဲ့ စောင့်ရှောက်သူ

အံ့ဩစရာကောင်းတဲ့ ဒီ German Shepherd မျိုး Dasher ကတော့ ဩစတေးလျနိုင်ငံ Mildura မှာနေပါတယ်။ Dasher အသက် ၇ လအရွယ်မှာ သူဟာ သူရဲကောင်းဘွဲ့ကို ရခဲ့တာပါ။ ခွေးလေးဟာ သူ့ပိုင်ရှင်ရဲ့ ကလေးကို ကာကွယ်ရင်း မုန်တိုင်းဖြစ်နေစဉ်အတွင်း တောထဲမှာ ၁၄ နာရီထက်မက နေခဲ့တာပါ။အသက် ၂ နှစ်အရွယ် Dante Berry ဟာ မိသားစုထဲကနေ လမ်းလျှောက်ထွက်သွားလိုက်တာကို သတိထားမိတာ Dasher တစ်ကောင်တည်းပါ။ ကလေးဟာ နေရာအားလုံးကို လျှောက်သွားခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့သစ္စာရှိတဲ့ သူငယ်ချင်းလေးကတော့ သူ့နောက်ကနေ ကပ်ပြီး လိုက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့အိမ်ကနေ ၁.၈ မိုင်ဝေးတဲ့နေရာ တောအုပ်ထဲမှာ လမ်းပျောက်သွားပါတော့တယ်။ တော်တော်ကြာတဲ့အထိ ကလေးမိဘတွေဟာကလေးပျောက်ဆုံးနေတာကို သတိမထားမိကြပါဘူး။ သူတို့ဟာ ရဲကိုခေါ်ပြီး ကလေးကို နေရာတိုင်းမှာ လိုက်ရှာပါတယ်။ ဒါပေမဲ့ ဆိုးဝါးလှတဲ့မုန်တိုင်းတစ်ခုဟာ အဲညမှာ ဖြစ်ပွားခဲ့ပါတယ်။ လမ်းတွေပေါ်မှာ ကားပိတ်ဆို့မှုတွေဖြစ်ခဲ့လို့ရှာဖွေမှုကို ရာသီဥတုကောင်းလာတဲ့ထိ ရွှေ့ဆိုင်းခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာ ကလေးပျောက်နေတယ်လို့သတိထားမိချိန်ကနေ ၁၅ နာရီကြာတဲ့အခါ Dante နဲ့ Dasher ကိုတောထဲမှာ တွေ့ခဲ့ပါတယ်။ ကံကောင်းတဲ့ကလေးဟာ ခြစ်ရာတစ်ခုလေးတောင် မရှိခဲ့ပါဘူး။ အမျိုးသမီးကပြောတာကတော့ ခွေးလေးဟာ အမြဲတမ်း သူတို့ရဲ့ သစ္စာရှိတဲ့ကာကွယ်သူဖြစ်တာကြောင့် ခွေးလေးရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မအံ့ဩပါဘူးလို့ ဆိုပါတယ်။

၆။ လင်းပိုင်-အသက်ကယ်သူများ

ပရော်ဖက်ရှင်နယ်ရေလွှာလျှောစီးသူတစ်ယောက်ဖြစ်တဲ့ Todd Endris ဟာ လင်းပိုင်တချို့ရဲ့ အကူအညီကြောင့် သေခြင်းကနေ လွတ်မြောက်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လမှာ လှိုင်းစီးနေတုန်း ၁၆.၄ ပေ(၅ မီတာ)နီးပါးရှည်တဲ့ ငါးမန်းဖြူကြီးတစ်ကောင်က Todd ကို တိုက်ခိုက်ခဲ့ပါတယ်။ ရက်စက်တဲ့သတ္တဝါကြီးဆီကနေ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားပြီးနောက်မှာ Todd ဟာ ဆက်တိုက်ခိုက်ဖို့ အားအင်ကုန်ဆုံးလုနီးပါးပါပဲ။ ဒါပေမဲ့ ရုတ်တရက် လင်းပိုင်းအုပ်စုတစ်စုဟာ သူ့ကို ကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ဟာ ငါးမန်းကို ခပ်ဝေးဝေးရောက်သွားအောင် လုပ်လိုက်ပြီး ဒဏ်ရာရနေတဲ့ ရေလွှာလျှောစီးသမားကို ဝိုင်းထားပေးခဲ့ပါတယ်။ မျှော်လင့်မထားတဲ့ ကယ်ဆယ်သူ ဒီအံ့ဩဖွယ်ရာ အုပ်စုဟာ Todd ကို ရှေးဦးပြုစုနိုင်ဖို့ ကမ်းခြေကို ပို့ပေးခဲ့တာပါ။

၅။ Cher Ami စာပို့ခို

Cher Ami ဟာ ဒုတိယကမ္ဘာစစ်အတွင်းက အရေးကြီးသတင်းတွေကို ဖလှယ်ဖို့ သုံးတဲ့ အမေရိကန်စစ်တပ်ရဲ့ အချက်ပြခို ၆၀၀ ထဲက တစ်ကောင်ပါ။ တစ်နှစ်အတွင်းမှာ Cher Ami ဟာ အကြိမ်များစွာပျံသန်းခဲ့ပြီး အထူးတလှယ် အရေးကြီးတဲ့ သတင်း ၁၂ ခုကို ပေးပို့နိုင်ခဲ့ပါတယ်။ Cher Ami ရဲ့ နောက်ဆုံးခရီးကတော့ Meuse-Argonne တိုက်ခိုက်မှုအတွင်း ၁၉၁၈ အောက်တိုဘာလမှာ ဖြစ်ခဲ့တာပါ။ ငှက်ကလေးဟာ သူ့ရင်ဘတ်မှာ ဒဏ်ရာရထားပါတယ်။ မျက်လုံးတစ်ဖက်ကန်းနေပါတယ်။ ခြေတစ်ချောင်းဆုံးရှုံးသွားပါတယ်။ ဒါပေမဲ့ သတင်းကိုတော့ ရအောင်ပို့ပေးနိုင်ခဲ့တာပါ။ အဲဒါက အကူအညီဖြတ်တောက်ခံထားရတဲ့ စစ်သား ၂၀၀ ကို ကူညီပေးနိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Cher Ami ဟာ ကမ္ဘာပေါ်က သူရဲကောင်းအဆန်ဆုံးတိရစ္ဆာန်တွေထဲကတစ်ကောင်အဖြစ် TIME Magazine ကဖော်ပြခဲ့ပါတယ်။

၎။ The just lions

ကရုဏာတရားလုံးဝမရှိတဲ့ ခြသ်လေို့ သားရဲတောင် တခြားတိရစ္ဆာန်တွေနဲ့ လူသားတွေပေါ်မှာ စာနာစိတ်ကို ပြသနိုင်ပါတယ်။ ၂၀၀၅ ခုနှစ်က အီသီယိုးပီးယားမှာ လူတစ်စုဟာ သူတို့အဖွဲ့ဝင်တစ်ယောက်ကို အတင်းအကြပ်လက်ထပ်စေဖို့အတွက် ၁၂ နှစ်အရွယ်ကောင်မလေးကို ပြန်ပေးဆွဲခဲ့ပါတယ်။ နောက်တစ်ပတ်အကြာမှာ ကောင်မလေးကို ခြသ်ေ့ ၃ ကောင်ရဲ့ ကာကွယ်ထားမှုအောက်မှာ တောထဲမှာ ပြန်တွေ့ခဲ့ပါတယ်။ ကောင်မလေးကို ရိုက်နှက်နေတဲ့ လူတွေကို ခြသ်ေ့တွေက မြင်တဲ့အခါ ကျူးကျော်သူတွေကို မောင်းထုတ်ပြီး သူမကို ကာကွယ်ပေးခဲ့တာပါ။ ရဲတွေက ကောင်မလေးကို တွေ့တဲ့အချိန်မှာခြသ်ေ့တွေက ဆုတ်ခွာပေးခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးလုံလုံခြုံခြုံနဲ့ အိမ်ပြန်သွားမှသာ သူတို့တောထဲကို ပြန်သွားကြတာပါ။သူမရဲ့ ထွက်ဆိုချက်မှာတော့ ရဲတွေရောက်မလာခင်ထိ ခြသ်ေ့တွေက ကာကွယ်ပေးတာပါလို့ ပြောခဲ့ပါတယ်။

၃။ Geo စစ်မှန်တဲ့သူရဲကောင်းခွေး

Geo ဟာ သူ့ရဲ့ပိုင်ရှင် Charlie Riley ဆိုတဲ့ ၁၀ နှစ်သားကောင်လေးကို ကယ်တင်ခဲ့တဲ့ German Shepherd နဲ့ Collie စပ် ခွေးတစ်ကောင်ပါ။ Charlie ဟာ သူ့ခွေးလေးနဲ့ လမ်းပေါ်မှာကစားနေချိန် ရုတ်တရက် ထရပ်ကားတစ်စီးဟာ အရှိန်မြင့်ကြီးနဲ့ ကောင်လေးဆီတည့်တည့်လာပြီး ပလက်ဖောင်းကို တိုက်ပစ်ခဲ့တာပါ။ ခွေးလေးဟာ Charlie ကို ဘေးတွန်းထုတ်လိုက်ပြီး လာတိုက်တဲ့ထရပ်ကားဆီက တိုက်လိုက်တဲ့ အပြင်းဆုံးဒဏ်ကို ခံလိုက်ပါတယ်။Geo ဟာ လမ်းပေါ်ကို ပစ်ကျသွားပြီး အခင်းဖြစ်ရာကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ထရပ်ကားဟာ သနားစရာတိရစ္ဆာန်လေးကို တစ်ကြိမ်မက တိုက်ပစ်ခဲ့ပါတယ်။သတ္တိရှိတဲ့ခွေးလေးဟာ ဖြစ်ရပ်ဆန်းကြယ်စွာပဲ အသက်ရှင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ပြင်းထန်တဲ့အတွင်းဒဏ်ရာတွေကို ရခဲ့ပြီး သူ့ခြေထောက်နဲ့ ကျောရိုး ကျိုးသွားခဲ့ပါတယ်။ ကံကောင်းစွာပဲ တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေးက Geo ကိုသေခြင်းကနေကယ်တင်လိုက်နိုင်ပါတယ်။ ဒါပေမဲ့ သူဟာ ကြာရှည်ကုသမှုကို ခံယူရမှာဖြစ်ပြီး ပြန်လည်ထူထောင်ဖို့ လေ့ကျင့်ရမှာပါ။ အခုတော့ ခွေးလေးဟာ လုံးဝကျန်းမာနေပါပြီ။ သူတို့သားကို ကယ်တင်လို့ ကျေးဇူးတင်နေတဲ့ မိသားစုကြားမှာ သူဟာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။

၂။ ကြောင်သူနာပြု

ပုံထဲက အနက်ရောင်ကြောင်ကတော့ Rademenes လို့ခေါ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ သူ့ကို နာကျင်ခံစားစေတဲ့ ပြင်းထန်တဲ့ အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းရောဂါတစ်ခုနဲ့ ပိုလန်က တိရစ္ဆာန်ဂေဟာကို ရောက်လာခဲ့ပါတယ်။ သူ့ပိုင်ရှင်တွေက သူ့ကိုလက်လျှော့လိုက်ပြီဆိုပြီး ခေါ်လာခဲ့ပေမဲ့ ဆရာဝန်တွေက သူ့ကို နောက်ထပ်အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အားလုံးအံ့အားသင့်သွားတာကတော့ ကြောင်လေးဟာ သက်သာလာတာပါပဲ။ ဒါ့အပြင် ရောဂါကို ကျော်လွှားပြီးနောက်မှာ ကြောင်လေးဟာပြန်လည်လေ့ကျင့်ထူထောင်ရေးစင်တာမှာ တြခားတိရိစ္ဆာန်လေးတွေကို စောင့်ရှောက်ပေးလို့ သူနာပြုဆိုတဲ့ နာမည်ကို ရခဲ့ပါတယ်။ Rademenes ဟာ တခြားလူနာတိရစ္ဆာန်လေးတွေကို သူတို့နားနေတဲ့အချိန်မှာ နွေးနေစေဖို့ ဖက်ထားပေးတယ်။ တခါတရံသူတို့နားတွေကို လျှာလေးနဲ့ လျက်ပေးပါတယ်။ ဒီနေ့တော့ ကြောင်သူနာပြုလေးဟာ ဂေဟာရဲ့ အချိန်ပြည့်ဝန်ထမ်းဖြစ်နေပါပြီ။ Rademenes စောင့်ရှောက်ပေးတဲ့ တိရစ္ဆာန်လေးတွေဟာ ပိုပြီး မြန်မြန်ဆန်ဆန်သက်သာလာတယ်လို့ ပြောကြပါတယ်။ အခုတော့ နည်းနည်းလေးကြင်နာပေးရင်ကို အံ့ဖွယ်တွေဖြစ်လာတယ်မလား။

၁။ Romeo ဖော်ရွေတဲ့ဝံပုလွေ

Nick Jans ဟာ သူ့ဘဝအချိန်တော်တော်များများကို တောရိုင်းသတ္တဝါတွေရဲ့ သဘာဝအတိုင်းနေထိုင်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ဓာတ်ပုံဆရာနဲ့ စာရေးဆရာတစ်ယောက်ပါ။ Alaska က Juneau မှာ သူ့အိမ်အနီးကို အနက်ရောင်အထီးကျန်ဝံပုလွေ ရောက်လာတဲ့အချိန်မှာ သူ့ခွေးဟာ ထွက်ကြည့်ခဲ့ပါတယ်။ နောက်လာဆက်ဖြစ်မယ်ဆိုတာ သူတွေးတောင်မတွေးနိုင်ခဲ့ပါဘူး။ တိရစ္ဆာန်နှစ်ကောင်ဟာ အချင်းအချင်း မတိုက်ခိုက်ကြပါဘူး။ မကြာခင် ဝံပုလွေက ပုံမှန်ရောက်လာတတ်ပြီးသူ့ကို ရိုမီယိုလို့ နာမည်ပေးလိုက်ပါတယ်။ တခြားဒေသခံတွေကလည်း သူတို့ခွေးတွေကို ဝံပုလွေနဲ့ ကစားနိုင်စေဖို့ ခေါ်လာကြပါတယ်။ အချိန်နဲ့အမျှ ရိုမီယိုဟာ လူသားတွေနဲ့ ဆက်သွယ်တတ်လာပါတယ်။ သူဟာ ကြိုတတ်တယ်။ စကိတ်စီးသူတွေကိုအဖော်လုပ်ပေးတယ်။ သူတို့နဲ့အတူ နေပူစာတောင် လှုံနေတတ်ပါတယ်။ ဒီဆက်နွယ်မှုလေးဟာ ၆ နှစ်ကြာခိုင်မြဲနေခဲ့ပြီး Nick Jans ရဲ့ ရိုမီယိုဆိုတဲ့ဝံပုလွေဆိုတာအတွက် အခြေခံကို ပေးခဲ့ပါတယ်။ ဝမ်းနည်းစွာနဲ့ ရိုမီယိုဟာ အချိန်မတိုင်ဘဲသေဆုံးခဲ့ရပါတယ်။ သူ့ကို တခြားပြည်နယ်က တိရစ္ဆာန်ခိုးပစ်သမားတွေက အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူ့အကြောင်းလေးကတော့ မြို့ထဲမှာ ကျန်ရှိနေဆဲပါ။ ဖော်ရွေတဲ့ဝံပုလွေကို အောက်မေ့တဲ့ အထူးပွဲလေးတောင် ရှိပါသေးတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.