ဂျပန်မြေမှာ အနိုင်ထိုးခဲ့တဲ့ အောင်လရဲ့  ကြောက်မက်ဖွယ် ထိုးကွက်များ

ဂျပန်မြေမှာ အနိုင်ထိုးခဲ့တဲ့ အောင်လရဲ့  ကြောက်မက်ဖွယ် ထိုးကွက်များ

အောင်လအန်ဆန်းဟာ ကမ္ဘာနဲ့ချီပြီးအောင်မြင်မှုရထားတဲ့ လက်ဝှေ့သမားကောင်းတစ်ဦးဖြစ်သလို လက်ရှိအချိန်မှာမြန်မာနိုင်ငံကိုယ်စားပြုထိုးသတ်နေတာဖြစ်ပါတယ်။ ဒီနေ့ မတ်လ ၃၁ ရက်နေ့မှာ ထိုးသတ်သွားခဲ့တဲ့ ဂျပန်လက်ဝှေ့ကျော် ဟဆဲ့ဂါဝါနဲ့ ထိုးသတ်ပွဲအတွက် အောင်လက အင်တာဗျူးတွေဖြေခဲ့ရာမှာ နှစ်ချီတည်းနဲ့ထိုးသတ်သွားမယ်လို့ ပြောခဲ့ပါတယ်။ အောင်လကိုအားပေးတဲ့ပရိသတ်တွေက အောင်လရဲ့အစွမ်းအစကို ယုံကြည်ကြပေမယ့်လည်း ဟဆဲ့ဂါဝါရဲ့ ဟန်ပန်ကိုကြည့်ပြီး နှစ်ချီထဲနဲ့ သိပ်ပစ်ဖို့ရာခက်ခဲမယ်လို့ဝေဖန်နေခဲ့တဲ့သူတွေလည်းရှိသလို အောင်လပြောတာ လွန်များသွားသလားလို့ စိုးရိမ်နေကြသူတွေလည်းရှိပါတယ်။ ဒါပေမယ့် စကားအပိုမပြောတတ်တဲ့ အောင်လက ဒီနေ့မှာ သူ့စကားမှန်ကန်ကြောင်းပြသွားခဲ့ပါပြီ။

ပြိုင်ဘက်ဖြစ်သူဟာ အောင်လနဲ့ ခန္ဓာကိုယ်မတိမ်းမယိမ်းရှိပြီး ဂုဏ်သတင်းကျော်ဇောသူဖြစ်သလို ကြောက်မက်ဖွယ်ရာ ထိုးသတ်မှုအကွက်တွေပိုင်ဆိုင်ထားသူဖြစ်ပေမယ်လို့ မြန်မာ့စပါးအုံးမြွေကြီး အောင်လကတော့ မဖြုံရေးချမဖြုံလို့ပဲဆိုရမှာပါ။ အောင်လဟာ ပွဲစတင်ကတည်းက သွေးအေးအေးနဲ့ ဖြည်းဖြည်းဆေးဆေးသာထိုးသတ်နေခဲ့ပြီး လေးမိနစ်ဝန်းကျင်လောက်ရောက်ချိန်မှာတော့ ဟဆဲ့ဂါဝါခမျာ အောင်လရဲ့ အရပ်မျက်နှာပေါင်းစုံက ဝင်လာတဲ့ တိုက်ကွက်တွေကို အသက်လုရှောင်တိမ်းနေရတဲ့အခြေရောက်နေပါပြီ။ တဖြည်းဖြည်းနဲ့ အောင်လရဲ့ ထိုးသတ်မှုတွေဟာ မြန်ဆန်လာခဲ့ပြီး ပွဲကိုအသာစီးက ဦးဆောင်နေခဲ့သလို ပြိုင်ဘက်မှာ ဟန်ချက်ပျက်ပြီး ယိုင်လဲတဲ့အချိန်တွေကမကြာခဏဆိုသလိုဖြစ်နေခဲ့တာပါ။

ပွဲစဉ်တစ်လျှောက်မှာ ပရိသတ်တွေကလည်း တခဲနက်အားပေးနေခဲ့ကြပြီး ဟဆဲ့ဂါဝါကလည်း ခေသူမဟုတ်တာမို့ ဒီပွဲကတော့ ကြည့်ကောင်းတဲ့ပွဲလို့ဆိုရမှာပါ။ ခဏတွင်းချင်းဇာတ်သိမ်းသွာားတာမျိုးမဟုတ်ပဲ သူတစ်ပြန်ုကိုယ်တစ်ပြန်နဲ့ အောင်လရဲ့ နာမည်ကြီး ပြင်းထန်ရက်စက်တဲ့ ထိုးသတ်ကွက်တွေနဲ့ကြောက်မက်ဖွယ်လက်သီးတွေကို တဝကြီးမြင်တွေ့ရတာမို့ ပရိသတ်တွေအတွက်လည်းကျေနပ်စရာပါပဲ။ ဟဆဲ့ဂါဝါဟာ တော်ရုံနဲ့ အရှုံးမပေးပဲ ဇွဲနပဲကြီးစွာထိုးသတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အကြိတ်အနယ်လုံးထွေးသတ်ပုတ်ကြပြီးနောက်မှာ မြန်မာရဲ့ အောင်လအန်ဆန်းကို ဘယ်လိုမှမတတ်သာတော့ပဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ အောင်လကတော့ ဆိုခဲစေမြဲစေဆိုသလိုပဲ ပြောတဲ့အတိုင်းစကားတည်ပြီး မြန်မာ့ဂုဏ်ဆောင်လိုက်ပြန်ပါပြီ။ အောင်လအန်ဆန်းရဲ့ ဟဆဲ့ဂါဝါကိုနှစ်ချီနဲ့လှဲသိပ်ခဲ့တဲ့ တိုက်ကွက်တွေကို ကြည့်ချင်တဲ့ပရိသတ်ကြီးအတွက် video ထည့်သွင်းဖော်ပြလိုက်ပါတယ်။ အောင်မြင်မှူကိုစားမြုံ့ပြန်ချင်တဲ့ပရိသတ်ကြီးလည်း ဒီ video လေးကိုပြန်ကြည့်နိုင်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.