မြန်မာ့ စပါးအုံး အောင်လအန်ဆန်းဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပြီ

မြန်မာ့ စပါးအုံး အောင်လအန်ဆန်းဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပြီ

ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တဲ့ အောင်လအန်ဆန်း စိန်ခေါ်မှုတိုင်း ကို ငြင်းပယ်ခြင်း မရှိသော အောင်လ အန်ဆန်း ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံနှင့် ယှဉ်ပြိုင်ထိုးသတ်ရတော့မည်။မြန်မာ့ စပါးအုံး အောင်လအန်ဆန်းနှင့် ဖိလစ်ပိုင်လူမျိုး အမေရိကန် ကိုယ်ခံပညာကစားသမား Brandon Vera တို့ ၂ ဦး ယှဉ်ပြိုင်ကြမည့် ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲကြီးကို အောက်တိုဘာလတွင် ပြုလုပ်သွားမည် ဖြစ်သည်။

မတ်လ ၃၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်နေသည့် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် ဂျပန်နိုင်ငံသား Ken Hasegawa နှင့် ရင်ဆိုင်ယှဉ်ပြိုင်ကာ အနိုင်ယူခဲ့ပြီး….၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ် နိုင်ခဲ့သည့် အောင်လအန်ဆန်းသည်ဖိလစ်ပိုင်နိုင်ငံသား အမေရိကန်လူမျိုး ဟဲဗီးဝိတ်ချန်ပီယံ Brandon Vera ၏ လိုက်ဟဲဗီဝိတ်ချန်ပီယံ စိန်ခေါ်မှုကို လက်ခံခဲ့သည်။

ပုံမှန်ကိုယ်အလေးချိန်သည် မစ်ဒယ်ဝိတ်တန်းတွင်ရှိနေသူ အောင်လအန်ဆန်းသည် ဝိတ်တန်းတစ်ဆင့်တက်ကာလိုက်ဟဲဗီးဝိတ်တန်းတွင် ဝိတ်တန်းတစ်ခုဆင်းလာခဲ့သူ Vera နှင့် ရင်ဆိုင်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

Veraသည် မြန်မာ့စပါးအုံး အောင်လအန်ဆန်ထက် အလုံးအထည်နှင့် ကိုယ်အလေးချိန် အပိုင်းတွင် သိသိသာသာ အသာစီးရရှိနေသောကြောင့်….အောင်လအန်ဆန်း အနေနဲ့ ခက်ခဲတဲ့ ပြိုင်ဘက်တယောက်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.