ကမ္ဘာ​ကျော်​ ရုပ်​ရှင်​တစ်​ခုကို မှီငြမ်းထားတယ်​လို့ ​ဝေဖန်​ခံ​နေရတဲ့ “မုဒြာ​ခေါ်သံ” ရုပ်​ရှင်​ဇာတ်​ကား

ကမ္ဘာ​ကျော်​ ရုပ်​ရှင်​တစ်​ခုကို မှီငြမ်းထားတယ်​လို့ ​ဝေဖန်​ခံ​နေရတဲ့ “မုဒြာ​ခေါ်သံ” ရုပ်​ရှင်​ဇာတ်​ကား

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပထမဦးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇတ်​လမ်းဇာတ်​အိမ်​ ခိုင်​ခိုင်​နဲ့ ကျက်သရေရှိလှတဲ့ မြန်မာ့မြေရဲ့အလှအပတွေကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ တော်တော်လေး နှစ်ခြိုက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ရုပ်ရှင်ဇာတ်ကားကြီးက​တော့ ရုံတင်ပြသတုန်းကလည်း ဝက်ဝက်ကွဲအောင် အောင်မြင်​ခဲ့ပါ​သေးတယ်​။ လတ်​တ​လောမှာ​တော့ ပရိသတ်​တစ်​ဦးက “မုဒြာ​ခေါ်သံ” ရုပ်​ရှင်​က ကမ္ဘာ​ကျော်​ ရုပ်​ရှင်​ဇာတ်​ကားကြီး “Lion”ကို မှီငြမ်းရိုက်​ကူးထားတဲ့သ​ဘောမျိုး ​ဝေဖန်​​ထောက်​ပြထားတာ​ကြောင့်​ လူမှုကွန်​ယက်​မှာ ရုတ်​ရုတ်​သဲသဲ ဖြစ်​​နေတာပါ။

ချစ်​ပရိသတ်​​တွေအတွက်​ လူမှုကွန်​ယက်​မှာ ရုတ်​ရုတ်​သဲသဲ ဖြစ်​​နေတဲ့ ကမ္ဘာ​ကျော်​ ရုပ်​ရှင်​ “Lion”ကို မှီငြမ်းထားတယ်​လို့ ​ထောက်​ပြခံ​နေရတဲ့ “မုဒြာ​ခေါ်သံ” ရုပ်​ရှင်​ဇာတ်​ကားကြီးအ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

အဆိုပါအ​ကြောင်းကို​တော့ ပရိသတ်​တစ်​ဦးက “မြန်မာရုပ်ရှင်တွေသိပ်မကြည့်ဖူးတော့ ရွှေကြာနဲ့ Golden Lotus အတူတူပဲလားတော့ နှစ်ကားလုံးမကြည့်ဖူးတော့မသိဘူး…Mudras Calling လဲမကြည့်ဖူးတော့သေချာမသိပေမဲ့ Facebook ကဇာတ်လမ်းအကျဉ်းဖတ်ရသလောက်ကတော့ …အိန္ဒိယဖွား သြစတေးလျနိုင်ငံသား လုပ်ငန်းရှင်စာဆေရာ Saroo Brierley ရဲ့ ဘဝဖြစ်ရပ်မှန် A Long Way Home ဆိုတဲ့ Authobiographical စာအုပ်နဲ့ အဲ့စာအုပ်ကို ရုပ်ရှင်ပြန် ရိုက်ထားပီး အော်စကာဆုရှင် ဒေ့ပတေးနဲ့ နီကိုးကစ်မန်တို့သရုပ်ဆောင်ထားတဲ့ Lion ဆိုတဲ့ရုပ်ရှင်နဲ့ ဇာတ်လမ်းကျောရိုး တပုံစံထဲလိုပဲ…ဒီဇာတ်ကားကို ၂၀၁၂/၂၀၁၃ မတိုင်ခင်က ဖန်တီးခဲ့တယ်ဆိုရင်တော့တမျိုးပေါ့…

၁၉၈၆ ခုနှစ်မှာ အိန္ဒိယက (၅) နှစ်သားကလေးတယောက်က ရထားပေါ်ပါသွားရင်းနဲ့ အိမ်အပြန်လမ်းပျောက်ခဲ့ပါတယ်…နောက်ပိုင်း သြစတေးလျမောင်နှံနှစ်ယောက်ကမွေးစားခဲ့လို့ နိုင်ငံရပ်ချားပါသွားခဲ့ရပါတယ်…နောက်နှစ်ပေါင်း အစိတ်လောက်ကြာတဲ့အခါ ၂၀၁၂ ကျတော့ အိန္ဒိယမှာသူ့မိခင်အရင်းကိုပြန်လာရှာပီးတွေ့ခဲ့ပါတယ်…ဒီဖြစ်ရပ်တွေက ကမ္ဘာ့မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်ပီး ၂၀၁၃ မှာတော့ သူ့ဘဝဖြစ်ရပ်မှန် နဲ့ သူ့မိသားစုကိုပြန်ရှာတဲ့ အကြောင်းတွေကို A Long Way Home ဆိုတဲ့နာမည်နဲ့ စာအုပ်ရေးသားထုတ်ဝေခဲ့ပါတယ်…၂၀၁၆ မှာတော့ သြစတေးလျ ဒါရိုက်တာ Garth Davis က ရုပ်ရှင်အဖြစ်အသက်သွင်းခဲ့ပီး နိုင်ငံတကာဆုတွေနဲ့အတော်အောင်မြင်ခဲ့ပါတယ်…

(Saroo Brierley က သူ့အမေကို Google Earth ကနေပြန်ရှာတွေ့ခဲ့လို့ တကမ္ဘာလုံးက မီဒီယာတွေ ဟိုးလေးတကျော်ဖြစ်ခဲ့တာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်ပါ) စိတ်ဝင်စားစရာ ဇာတ်လမ်းတခုကို Remake လုပ်တာပဲဖြစ်ဖြစ် မှီငြမ်းတာပဲဖြစ်ဖြစ် တကမ္ဘာလုံး လုပ်နေကြတာပါပဲ…အဲ့တာက ရှက်စရာမဟုတ်ပါဘူး…ကာယကံရှင်တွေဆီက ခွင့်ပြုချက်မတောင်းခံမိရင်သာရှက်စရာပါ…ဆင်တူးယိုးမှား မှီငြမ်းပြုခဲ့ရင်တောင် Inspired by true story of…. ဆိုတာမျိုးတော့ Credit ပေးသင့်တယ်လို့ထင်ပါတယ်… ကျနော်တယောက်ထဲရဲ့အမြင်ပါ…”ဆိုပြီး “မုဒြာ​ခေါ်သံ” ရုပ်​ရှင်​ကို ​ဝေဖန်​​ထောက်​ပြခဲ့တာပါ။

အဆိုပါ​ဝေဖန်​မှု​တွေကို​တော့ ဒါရိုက်​တာ ခရစ္စတီးနားခီက “2013/2014 ထဲက မုဒြာဆိုတာလေးတော့ စုံစမ်းပြီးမှ ရေးပေါ့…Lion ပြတဲ့အချိန်မှာ မုဒြာက၂၀၁၅ မတ်လထဲက ASEAN film festival မလေးမှာ ကျင်းပပြီးနေပြီ” ဆိုပြီး ပြန်​လည်​​ဖြေရှင်းခဲ့တာ ​တွေ့ရပါတယ်​။

ချစ်​ပရိသတ်​​တွေ​ရော အဆိုပါ ကိစ္စကို ဘယ်​လိုထင်​မြင်​မိလဲဆိုတာ ​ပြောသွားခဲ့ပါဦး​နော်​။ အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.