ကြည့်မိသူတိုင်း မျက်ရည်မဆည်နိုင်ဖြစ်ရတဲ့ သက်ငယ်မုဒိန်း ဖြစ်ရပ်မှန် ဇာတ်လမ်းတို

ကြည့်မိသူတိုင်း မျက်ရည်မဆည်နိုင်ဖြစ်ရတဲ့ သက်ငယ်မုဒိန်း ဖြစ်ရပ်မှန် ဇာတ်လမ်းတို

အခုခေတ်မှာ ကြားရတဲ့ ရာဇဝတ်မှုများမှာ သက်ငယ်မုဒိန်းမှုဆိုတာက တော်တော်များများ ပါဝင်တာကို ပရိသတ်ကြီးလဲ သတိထားမိမှာပါ။ သက်ငယ်မုဒိန်းမှုတွေက များသောအားဖြင့် မုဒိန်းကျင့်ပြီး သတ်ဖြတ်တယ်ဆိုတာတွေကို ကြားရလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ပရိသတ်တွေအတွက် အိုင်းရစ်လေပြည်ဦး အဓိက သရုပ်ဆောင်ထားတဲ့ သက်ငယ်မုဒိန်းဖြစ်ရပ်မှန် ဇာတ်လမ်းတိုလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။

ဒီဇာတ်လမ်းလေးက စာရေးဆရာ စိုးထိုက်(ဖဒို)ရဲ့ “လူပီသတဲ့လူ” ဝတ္ထုမှာ ပါဝင်တဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ် ဖြစ်ပါတယ်။ ထိုဝတ္ထုလေးကို သရုပ်ဆောင် အိုင်းရစ်လေပြည်ဦးက စာရေးဆရာထံ ခွင့်တောင်းပြီး သူမကိုယ်တိုင် သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်၊

ထိုဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင် အိုင်းရစ်လေပြည်ဦးက ဒီဇာတ်လမ်းလေးကို တင်ဆက်ရခြင်းက ဘာအကျိုးအမြတ်မှ မျှော်လင့်လို့မဟုတ်သလို၊ သနားစရာကောင်းတဲ့ ကလေးတို့ရဲ့ဘဝကို ခုတုံးလုပ် အောင်မြင်ကျော်ကြားခြင်လို့လဲ လုပ်တာမဟုတ်ကြောင်း ပြောထားပါတယ်။ ကလေးတို့အတွက် မိမိလုပ်နိုင်တဲ့ အနုပညာအခန်းကဏ္ဍကနေ ကူညီပေးခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

“သက်ငယ်မုဒိမ်းဒဏ်ဖြင့် ကျူးလွန်သူတို့ အပြစ်ကျသူက ကျမည်ဖြစ်သော်လည်း ကလေးငယ်တို့ရဲ့ဘဝတစ်လျှောက် ဘာအပြစ်မှမရှိပဲ ပုံရိပ်မဲကြီးဖြင့် ရပ်တည် လျှောက်လှမ်းရပေဦးမည်။ ကြိုတင်ကုစားခြင်းက အကောင်းဆုံးဆေးဖြစ်သည် ဆိုသည့်စကားအတိုင်း ဒီဇာတ်လမ်းတိုလေးကြည့်ရင်း မိမိပတ်ဝန်းကျင်က ကလေးငယ်လေးများ၏ အဖြူထည်ဘဝလေးများကို မစွန်းထင်းရအောင်ကာကွယ်စောင့်ရှောက်လိုသူများ ရှိလာခဲ့လျှင် ဤ ဇာတ်လမ်းတိုလေး ဖန်တီးတင်ဆက်ရကျိုးနပ်ပေပြီ။ လောကကြီးအကြောင်း ဘာမှမသိသောလူတကာကို ယုံစားတတ်သော အဖြူထည်ကလေးတို့ကိုလည်း ဒီဇာတ်လမ်းတိုလေး ဖွင့်ပြရင်း ယုံချင်စရာမကောင်းတဲ့ လူတချို့အကြောင်းပြောပြလိုက်ပါ မိတ်ဆွေ ၊ အနာဂတ်ကလေးလေးတွေနဲ့ ကမ္ဘာကြီးလန်းနိုင်ပါစေဆုတောင်းရင်း” လို့ အိုင်းရစ်လေပြည်ဦးက ပြောထားပါတယ်။

ပရိသတ်ကြီးလဲ ဒီပညာပေးဇာတ်လမ်းတိုကို ကြည့်ပြီး ကောင်းမွန်တဲ့ အသိတစ်ခုခုရသွားခဲ့မယ်ဆိုရင် ဖန်တီးသူတွေအတွက် ပင်ပန်းရကြိုးနပ်မှာ အမှန်ပါပဲ။ ပရိသတ်ကြီးလဲ ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.