လုပ်အားခချွေးနည်းစာလေးနဲ့ ဝယ်ယူထားတဲ့ကားအသစ်တစ်စီးကို ထုတ်ကြွားလိုက်တဲ့ ခြူးလေး

လုပ်အားခချွေးနည်းစာလေးနဲ့ ဝယ်ယူထားတဲ့ကားအသစ်တစ်စီးကို ထုတ်ကြွားလိုက်တဲ့ ခြူးလေး

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ် အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားခဲ့တဲ့ သူမကတော့ ယခုအချိန်အထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင် ရိုက်ကူးပေးနေဆဲဖြစ်တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားခဲ့ရတဲ့ ခြူးလေးကတော့ ယခုဆိုရင် နိုင်ငံကျော် အကယ်ဒမီ မင်းသား မင်းသမီးများဖြစ်ကြတဲ့ မြင့်မြတ်၊ သက်မွန်မြင့်တို့နဲ့ ရုပ်ရှင်အတူရိုက်ကူး သရုပ်ဆောင်ခွင့်ရလို့ အရမ်းကို ပျော်ရွှင်ဝမ်းသာမဆုံးဖြစ်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ သတိုးတေဇရဲ့ “ကဝေသေလို့ခြောက်တဲ့သစ္ဆေ” ဝတ္ထုကို ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) က ကန့်ကောမြို့မှာ စတင်ရိုက်ကူးပေးနေပြီပဲ ဖြစ်ပါတယ်။

နိုင်ငံကျော် သရုပ်ဆောင် အနုပညာရှင်များဖြစ်ကြတဲ့ မြင့်မြတ် သက်မွန်မြင့်တို့နဲ့ ရုပ်ရှင်အတူ ရိုက်ကူးခွင့်ရလို့ အရမ်းကို ပျော်ရွှင်နေတဲ့ ခြူးလေးကတော့ ယခုဆိုရင် ကားသစ်ကြီးတစ်စီးကို လုပ်အားခနဲ့ ဝယ်ယူလိုက်ပြီပဲ ဖြစ်ပါတယ်။ လုပ်အားခနဲ့ ဝယ်ယူထားတဲ့ ကားအသစ်ကြီးကို ထုတ်ကြွားလိုက်တဲ့ ခြူးလေးကတော့ ” ကိုယ် တတ်နိုင်တာလေးနဲ့ ဒီလိုဘဲ တစ်ဆင့်ချင်း တက်ရတာပေါ့ “

” အပြာလေးကနေ အဖြူလေး ဖြစ်ခဲ့ပါပြီကွယ် အပြာလေးလိုလည်း လိမ္မာပါနော် ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ လုပ်အားခလေးကို စုဆောင်းပြီး တတ်နိုင်တာလေးနဲ့ ကားအသစ်တစ်စီး ဝယ်ယူခဲ့တဲ့ ခြူးလေးအတွက်ကတော့ ဝမ်းသာဂုဏ်ယူစရာပါပဲနော်။

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲကြဲ အနုပညာရှင်ကြီးတွေနဲ့ လက်တွဲလုပ်ဆောင်ခွင့်ရလို့ အရမ်းကိုပျော်ရွှင်မဆုံး ဖြစ်နေရတဲ့ ခြူးလေးအတွက် ကားအသစ်တစ်စီးကိုပါ ဝယ်ယူနိုင်ခဲ့တာကြောင့် ပရိသတ်ကြီးလည်း အပျော်ပေါ်အပျော်ဆင့်ပြီး ဝမ်းသာဂုဏ်ယူမိမယ်လို့ ထင်ပါတယ်။ သူမရဲ့ လုပ်အားခနဲ့ ကားအသစ်တစ်စီး ဝယ်ယူနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်နေတဲ့ ခြူးလေးအတွက် ဂုဏ်ယူမိတယ်ဆိုရင် Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေဆဲဖြစ်တဲ့ ခြူးလေးကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော် ချစ်ပရိသတ်ကြီးရေ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.