ဒီတစ်ခါတော့ တကယ်ပြတ်သွားပြီလို့ တရားဝင်ကြေငြာလိုက်တဲ့ နန်းဆုရတီစိုး

ဒီတစ်ခါတော့ တကယ်ပြတ်သွားပြီလို့ တရားဝင်ကြေငြာလိုက်တဲ့ နန်းဆုရတီစိုး

ပရိသတ်တွေအရမ်းချစ်ကြတဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ စုံတွဲလေးကတော့ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ ရှိလှတာကြောင့် လူတိုင်းက အားကျချစ်ခင်နေကြရတာပါ။ သူတို့နှစ်ဦးကတော့ မကြာခဏဆိုသလိုလည်း သီချင်းအသစ်တွေ အတူဖန်တီးပြီး ပရိသတ်တွေကို ချပြလေ့ရှိပါတယ်။ လတ်တလောမှာတော့ နန်းဆုက Single is the best ဆိုပြီး တကယ်ပြတ်သွားပြီဆိုတဲ့အကြောင်း သူမရဲ့လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ G Fatt နဲ့ နန်းဆုတို့နှစ်ဦးကို သဘောကျနေကြတဲ့ ပရိသတ်တွေကလည်း April Fool လား တကယ်ကြီးလားဆိုတာ ဝေခွဲမရဖြစ်နေကြတာပါ။

ချစ်ပရိသတ်တွေအတွက် ဒီတစ်ခါတော့ တကယ်ပြတ်ပြီဆိုပြီး ပရိသတ်တွေကို တရားဝင်ထုတ်ပြောလိုက်တဲ့ နန်းဆုရတီစိုးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းဆုရတီစိုးကတော့ “ဒီတခါကတကယ်ပြတ်တာပါနော် single is the best ပါ စုံစမ်းမေးမြန်းခြင်းသည်းခံပါ” ဆိုပြီး ဒီနေ့မနက်က လူမှုကွန်ယက်မှာ ထုတ်ပြောထားတာပါ။

G Fatt ကလည်း ဒီမနက်မှာပဲ “အသဲကွဲလို့ ဘဝပျက်သွားတယ် ဆိုတာ မရှိဘူး .. ငါ့ အဘိဓာန်ထဲမှာ .. (ဘယ်သီချင်းထဲကလဲ မှတ်မိပါသလား)” ဆိုပြီး တင်ထားပါသေးတယ်။

ချစ်တတ်လွန်းသူကြီး G Fatt နဲ့ မမချောချောနန်းဆုတို့ရဲ့ ကြည်နူး ကြည်နူးဖွယ်ကောင်းလှတဲ့ အချစ်ရေးကလည်း ပရိသတ်တွေကို အမြဲလိုလို အားကျစေခဲ့တာပါ။ ဒါပေမယ့်လည်း ဒီနေ့မနက်သတင်းကြောင့် ပရိသတ်တွေလည်း အကုန်လုံး စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း နန်းဆုနဲ့ G Fattတို့နှစ်ဦး April Fool အနေနဲ့ ပရိသတ်တွေကို စနောက်နေကြတာပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.