သင့်ကိုကြောင်စီစီဖြစ်စေမယ့် ရှေးဂရိလူမျိုးတွေရဲ့သမိုင်းဝင်အကြောင်းအရာတွေ

သင့်ကိုကြောင်စီစီဖြစ်စေမယ့် ရှေးဂရိလူမျိုးတွေရဲ့သမိုင်းဝင်အကြောင်းအရာတွေ

ဟိုးရှေးခေတ်ကဂရိနိင်ငံရဲ့အကြောင်းကို တွေးမိလိုက်ပြီဆိုတာနဲ့ ရှေးကျတဲ့အဆောက်အအုံတွေ၊အတွေးအခေါ်ပညာရှင်တွေနဲ့ဒဏ္ဍာရီတွေက အတွေးထဲမှာ အရင်ဆုံးစီတန်းပြီးပေါ်လာမှာပါ။ဒါပေမယ့် ဒီအရာတွေထက်ထူးဆန်းတာကတော့ ယနေ့ခေတ်လူတွေအတွက် အနည်းငယ်ကြောင်စီစီဖြစ်နေစေမယ့် ရှေးဂရိလူမျိုးတွေရဲ့ထူးဆန်းတဲ့ အပြုအမူတွေဖြစ်ပါတယ်။ကဲ ဖတ်ကြည့်ရအောင်နော်။ ။

1.နားဖာချေး

ရှေးဂရိဆရာဝန်တွေဟာ ရောဂါအခြေအနေကိုသိဖို့ နားဖာချေးအရသာမြည်းစမ်းပြီး စစ်ဆေးခဲ့ကြပါတယ်။အခြားအခြေခံကျတဲ့ရောဂါစမ်းသပ်မှုတွေလည်းရှိပေမယ့် လူနာတွေရဲ့နားဖာချေးကို မြည်းစမ်းပြီးစမ်းသပ်တာဟာ အသုံးများတဲ့နည်းတစ်ခုဖြစ်ပါတယ်။အကြောင်းရင်းက ခန္ဓာကိုယ်မှာရှိတဲ့အရည်(နှပ်ရည်၊နှပ်ချေး၊…etc)တွေထဲမှာ ထူးခြားတိကျတဲ့အရသာရှိတာမို့ အရသာပြောင်းပြီဆိုတာနဲ့ ရောဂါအခြေအနေကို အာရုံခံနိုင်တယ်လို့ လက်ခံထားကြလို့ပါ။ဒါကြောင့် သင်ရှေးခေတ်ဂရိနိုင်ငံကို စိတ်ကူးနဲ့လူနာသွားလုပ်မယ်ဆိုရင် ဆရာဝန်ရဲ့ သင့်နားထဲကနားချေးကို လက်နဲ့ကလော်ပြီး အရသာမြည်းစမ်းပြီးစမ်းသပ်တာကိုတော့ ခံရပါလိမ့်မယ်။

2.အမျိုးသမီးတွေရဲ့ ကျန်းမာရေး

အမျိုးသမီးတွေဟာ လေထုညစ်ညမ်းမှုနဲ့မသန့်ရှင်းမှုကြောင့် ပိုပြီးရောဂါဖြစ်လွယ်တယ်လို့ ဂရိတွေကလက်ခံထားကြပါတယ်။ဒါကြောင့်မို့ သူတို့ကိုကာကွယ်ကုသဖို့ရန်အတွက် ထူးဆန်းတဲ့နည်းတွေကို အသုံးပြုခဲ့ကြပါတယ်။ရွှံကို အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် အသုံးပြုခဲ့ကြသလို ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီးတွေကိုလည်း လားရဲ့အညစ်အကြေးကို ကြော်ပြီး ဝိုင်နဲ့ရောသောက်စေပါတယ်။

3.ကျောက်တုံးနဲ့ဖော့ရေမြုပ်

ရှေးဂရိလူမျိုးတွေဟာ အိမ်သာသုံးစက္က္တူအနေနဲ့ ကျောက်ခဲနဲ့ရေမြုပ်တွေကို အသုံးပြုခဲ့ပါတယ်။ဒီမတိုင်ခင်ကတော့ အိမ်သာသုံးစက္ကူနဲ့သန့်ရှင်းရကောင်းမှန်းလည်းမသိခဲ့သလို ဘာမှလည်းမရှိခဲ့ပါဘူး။ဒါပေမယ့် ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို သိလာတဲ့အခါမှာတော့ အိမ်သာသုံးစက္ကူအနေနဲ့ အစားထိုးအသုံးပြုဖို့ နည်းတွေရှာခဲ့ကြပါတယ်။ဂရိလူမျိုးတွေဟာ အရမ်းချွေတာတတ်ပြီး ကျောက်တုံ3းတုံးနဲ့ပြောင်တယ်လို့ ဆိုခဲ့ကြပါတယ်။ပိုက်ဆံရှိတဲ့ ဂရိလူမျိုးတွေကတော့ တုတ်ချောင်းမှာ ဖော့ရေမြုပ်တပ်ပြီး အမြော်အမြင်ရှိစွာ အသုံးပြုခဲ့ကြပါတယ်။

4.ဂူနဲ့တွယ်ဆက်ထားတဲ့အလောင်း

ရှေးဂရိလူမျိုးတွေရဲ့ကြောက်ရွံ့မှုနဲ့အစွဲအရ အလောင်းကောင်တွေ ဂူကနေ မသေမရှင်ပြန်ထလာတာမျိုးမဖြစ်ရလေအောင် ကျောက်တုံးနဲ့ သချိုင်္င်းကို ဖိပိတ်ထားလေ့ရှိကြပါတယ်။

5.ဆွဲဆောင်မှုရှိတဲ့ယောင်္ကျားပုံစံ

ရှေးဂရိလူမျိုးတွေအနေနဲ့ လိင်အဂါင်္သေးငယ်တဲ့ယောင်္ကျားလေးတွေကို ဆွဲဆောင်မှုရှိတယ့်ပုံစံအဖြစ် သတ်မှတ်ထားပါတယ်။ခေါင်းဆောင်ကြီးတွေ၊နတ်ဘုရားပုံတွေနဲ့သန်စွမ်းတဲ့အားကစားသမားပုံတွေကို ပုံဖော်ထားတဲ့ကျောက်ရုပ်တုတွေ၊ရေးဆွဲထားတဲ့ပန်းချီတွေကအစ အလွန်သေးငယ်တဲ့လိင်အဂါင်္ကိုပဲ ထည့်သွင်းရေးဆွဲထားလေ့ရှိပါတယ်။

6.အားကစားရုံက အားကစားသမားများ

ရှေးဂရိအားကစားရုံတွေမှာ သတ်မှတ်ထားတဲ့ဝတ်စုံဆိုတာမရှိသလို အားကစားသမားတွေဟာ ကိုယ်လုံးတီးပုံစံနဲ့ပဲ ဆော့ကြ၊လေ့ကျင့်ကြတာဖြစ်ပါတယ်။ကိုယ်လုံးတီးလေ့ကျင့်ဖို့ ရှက်ကြောက်တဲ့ အားကစားသမားတွေအနေနဲ့လည်း အပြစ်တင်မောင်းမဲခြင်းကို ခံရကြပါတယ်။

7.သူမကိုချစ်တယ်ပြောဖို့

ယနေ့ခေတ် အချစ်ကိုဖော်ပြတဲ့နည်းလမ်းတွေက ရိုးရှင်းပါတယ်။သူမကို ပန်းစည်းပေးမယ်၊အရသာရှိတဲ့ချောကလက်ပေးမယ် အစရှိသဖြင့်ပေါ့။ဒါပေမယ့် ရှေးရှေးတုန်းက ဂရိလူမျိုးတွေရဲ့ နည်းလမ်းကတော့ ဆန်းပါတယ်။ကိုယ်နှစ်သက်သဘောကျတဲ့မိန်းကလေးကိုချစ်တယ်ပြောဖို့ သူမဆီကိုပန်းသီးပစ်ပေးရင်းဖော်ပြကြပါတယ်။ဒီထူးဆန်းတဲ့အမူအကျင့်လေးဟာ တစ်ခါတလေ လက်ထပ်ခွင့်တောင်းတဲ့ပုံစံလည်း ဖြစ်နေတတ်ပါတယ်။

8.ပါးလွှာတဲ့မျက်ခုံးမွှေး

ရှေးဂရိလူမျိုးတွေရဲ့အလေ့အထအရ တစ်စုံတစ်ယောက်ရဲ့ပန်းသီးပစ်ပေးခြင်းခံလိုတဲ့မိန်းကလေးတွေဟာ အောက်ပါအလှအပနည်းများကို လိုက်နာဖို့လိုပါတယ်။အဲဒီအချက်တွေထဲကတစ်ခုကတော့ မထင်မရှားမျက်ခုံးမွှေးဖြစ်ပါတယ်။ဒါဟာသူမကိုအရမ်းဆွဲဆောင်မှုရှိစေတဲ့အချက်ဖြစ်ပြီး မိန်းကလေးတွေအချင်းချင်းတောင် မနာလိုယူရတဲ့အလှဖြစ်ပါတယ်။အဲဒီမထင်မရှားပါးလွှာတဲ့မျက်ခုံးမွှေးတွေကို အနက်ရောင်ခြယ်ပေးရသလို တိရစ္ဆာန်အမွှေးတွေကိုကော်နဲ့ကပ်ပေးခြင်းအားဖြင့် အလှဆင်နိုင်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.