“မ ကျွန်တော့်ကို အမြဲချွဲပါဗျာ” လို့ FA တွေ အားကျအောင် Ro ပြလိုက်တဲ့ သားဂန်း

“မ ကျွန်တော့်ကို အမြဲချွဲပါဗျာ” လို့ FA တွေ အားကျအောင် Ro ပြလိုက်တဲ့ သားဂန်း

အဆိုတော် သားဂန်း နဲ့ သရုပ်ဆောင် ဘေဘီမောင် တို့ချစ်သူ စုံတွဲလေးကတော့ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာရှိတတ်လွန်းတာမို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင် စုံတွဲလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သားဂန်းက ချွဲတတ်လွန်းတဲ့ ချစ်သူမမက အရမ်းချစ်ဖို့ကောင်းလို့ အမြဲချွဲနေပေးဖို့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ချစ်စဖွယ်လေး တင်ထားတာ တွေ့ရပါတယ်။ သားဂန်းကတော့ သူတို့ချစ်သူနှစ်ဦးရဲ့အကြင်နာအကြည့်တွေနဲ့ ကြည်နူးနေတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ဝေမျှပေးထားပါသေးတယ်နော်။

ချစ်ပရိသတ်တွေအတွက် သူ့ထက်အသက်ပိုကြီးပေမယ့် ချွဲလွန်းတဲ့ မမကို အသည်းယားနေတဲ့ သားဂန်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သားဂန်းကတော့ “ကျတော်ထက်အသက်ကြီးပင်မဲ့ ခလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့မ😍မိန်းခလေးတွေကချွဲလေချစ်ဖို့ကောင်းလေပဲ☺️မကျတော့ကိုအမြဲချွဲပါဗျာ😍” ဆိုပြီး ချစ်သူမမ ဘေဘီမောင်ကို အမြဲချွဲပေးဖို့ တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။

ဘေဘီမောင်နဲ့ သားဂန်းတို့ ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလို ပွဲတွေအတူတက်လေ့ရှိပြီး ကြည်နူးစရာ စုံတွဲပုံလေးတွေကိုလည်း လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိပါတယ်။

သားဂန်းနဲ့ ဘေဘီမောင်တို့နှစ်ဦးကတော့ “လွယ်လွယ်နဲ့ မေ့လို့မရတဲ့ အချစ်စစ်”သီချင်းဗီဒီယိုလေးကို ရိုက်ကူးရင်း ချစ်ကြိုးသွယ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ သားဂန်းကတော့ ချစ်သူမမအတွက် သီချင်းတွေရေးပေးဖို့ ရှိတယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း FA တွေအားကျအောင် အကြီးကြီး Ro လိုက်တဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ချစ်သူနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.