မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနရဲ့ ပညာရေးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ချစ်သုဝေ

မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနရဲ့ ပညာရေးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ ချစ်သုဝေ

နိုင်ငံကျော်မင်းသမီးချောလေး ချစ်သုဝေက သရုပ်ဆောင်ကောင်းမွန်ရုံသာမက သီချင်းဆိုလဲ ကောင်းမွန်သူတစ်ဦးဖြစ်ပါတယ်။ ချစ်သုဝေက လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပြီး ချစ်ရတဲ့ မိသားစုလေးကို အချိန်ပေး ဂရုစိုက်နေတာဖြစ်ပါတယ်။ ချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကို စောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ဦးလဲဖြစ်ပါတယ်။

အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအနေနဲ့သာမက ဆရာဝန်မလေးတစ်ဦးဖြစ်တဲ့ ချစ်သုဝေက ခေတ်သစ်ဖောင်ဒေးရှင်းကိုလဲ တည်ထောင်ထားပြီး ပရဟိတလုပ်ငန်းတွေကိုလဲ လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီနေ့မှာတော့ ချစ်သုဝေက “မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌါန (Myanmar learning resource centre-MLRC) ” ရဲ့ “ပညာရေးသံတမန်” အဖြစ် ဆောင်ရွက်ရတော့မယ်ဖြစ်ကြောင်း သူမရဲ့ ဖေ့စ်ဘုတ်မှာ ဝမ်းမြောက်စွာနဲ့ ဝေမျှထားပါတယ်။

“မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌါန (Myanmar learning resource centre-MLRC) ” ရဲ့ “ပညာရေးသံတမန်” အဖြစ် ဆောင်ရွက်ခွင့်ရတော့မှာမို့ ပေးအပ်မယ့်တာဝန်တွေအတွက်အဆင်သင့်ပါ..အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတွင်းကိုမရောက်လာနိုင်တဲ့ ကလေးငယ်တွေအတွက် ပညာသင်ခွင့်ရရှိအောင် ဆောင်ရွက်နေတဲ့ MLRC အတွက် တစ်ထောင့်တစ်နေရာကပါဝင်ရတော့မှာမို့ ကျေနပ်ရတယ်…”

“အတန်းပညာ အတတ်ပညာ အသိပညာ ဉာဏ်ပညာ မည်သို့ပင်ကွဲပြားပေမယ့် လူတစ်ယောက်ရဲ့ ခံယူချက် ရပ်တည်ချက် အတွေးအခေါ် အယူအဆ များဟာ ပညာနဲ့ ယှဉ်မှသာ မှန်ကန်အောင်မြင်နိုင်မှာမို့ပါ…”

“သမီးလေးတွေအပါအဝင် ကလေးတွေကို စာတတ် ပညာတတ်စေချင်တယ်…နောင်တစ်ချိန် ပညာတတ်သူတို့လေးတွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံမှာ ခေါင်းချခွင့်ရချင်တယ်..ကမ္ဘာရဲ့ဘယ်နေရာရောက်ရောက် မြန်မာရယ်လို့ ပညာရဲရင့် ပွဲလယ်တင့်ချင်ပါတယ်”

“ကိုယ်က ဆေးတက္ကသိုလ်၂ မှာ တက္ကသိုလ်တက်ခဲ့ရတော့ ရန်ကုန်တက္ကသိုလ် မြေကို ဒီတစ်ခါ တတိယအကြိမ်ရောက်ဖူးခြင်းပဲ…ပထမတစ်ခါက်က ဆေးကျောင်းပထမနှစ် တစ်နိုင်ငံလုံးအမှတ်အများဆုံးပထမဆု ကို ဘွဲ့နှင်းသဘင်ခန်းမ မှာတက်ယူခွင့်ရတာ။ ဒုတိယအကြိမ်က ကိုယ် ဘွဲ့ရတာ..ခု တတိယအကြိမ်က ပညာရေးသံတမန် အဖြစ် ခန့်အပ်ခံရတာ..”

“မေမေ နဲ့ daeကိုတော့ ဘဝမှာ ၃ခါလောက် ပီတိတွေပေးဖူးခြင်းအမှတ်တရပေါ့လေ…ကြုံတုန်းအလှဓါတ်ပုံလေးတွေရိုက်မိတယ်” ဆိုပြီး သူမရဲ့ အလှဓာတ်ပုံလေးတွေကို မျှဝေထားပါတယ်။

ချစ်သုဝေကတော့ အခုလို “ပညာရေးသံတမန်” အဖြစ် ခန့်အပ်ခံရပြီး တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့လဲ အဆင်သင့်ပါပဲတဲ့။ ပရိသတ်တွေလဲ ချစ်သုဝေအတွက် ဂုဏ်ယူနေကြမယ် ထင်ပါတယ်။ ချစ်သုဝေရဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.