သဲကန္တာရအပြင်အခြားနေရာတွေမှာဓာတ်ပုံရိုက်ဦးမယ်ဆိုတဲ့ သဉ္ဇာဝင့်ကျော်

သဲကန္တာရအပြင်အခြားနေရာတွေမှာဓာတ်ပုံရိုက်ဦးမယ်ဆိုတဲ့ သဉ္ဇာဝင့်ကျော်

သဉ္ဇာဝင့်ကျော်လို့ပြောလိုက်တာနဲ့ အခုတလော အဆက်မပြတ်ဆိုရလောက်အောင်မြင်နေရတဲ့ အပေါ်ပိုင်းဗလာကျင်းပြီးကင်မရာကို ကျောခိုင်းထားတဲ့ပုံတွေကို ယောက်ျားလေးတွေပြေးမြင်မိကြမယ်ထင်ပါတယ်။ သူအခုလိုဓာတ်ပုံတွေရိုက်ဖြစ်ရတဲ့အကြောင်းအရင်းကို Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေ မသိရမရှိလေအောင်ပြောပြပေးလိုက်ပါရစေ။

နောက်ထပ်ဓာတ်ပုံရိုက်ဖို့ရွေးထားတဲ့နေရာကဆိုတဲ့မေးခွန်းကို “ကွန့်မန့်တွေထဲမှာပြောထားတာတွေ့တယ် သဲကန္တာရတဲ့ ၊ ကျန်ပါသေးတယ်တခြားနေရာတွေ၊ မပြောသေးဘူး ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။ ပုံတွေစရိုက်ဖြစ်တဲ့အိုင်ဒီယာလေးကိုလည်း “ (စဉ်းစားလျက်) ဘယ်လိုပြောရမလဲဒီမြန်မာနိုင်ငံမှာလူသိများကြတာလေ ။နိုင်ငံခြားမှာ ဒါမျိုးကတော်တော်ခေတ်စားနေတာကြာပြီ။ အဲ့ဒီအိုင်ဒီယာလေးနဲ့ရိုက်ဖြစ်သွားတာပါ။ ကိုယ်လုပ်ရင်ရောဘယ်လိုဖြစ်မလဲပေါ့ ။ဘယ်လိုပြောရမလဲကိုယ့်ဟာကိုယ်လုပ်လိုက်ရတော့ကျေနပ်သွားတယ်။ တခြားသူတွေကျေနပ်မကျေနပ်တာသဉ္ဇာဂရုမစိုက်ဘူး ။ သိလည်းမသိဘူးပေါ့နော် ဒါပေမယ့် ဘဝမှာကိုယ် လုပ်ချင်တာလုပ်လိုက်ရရင်ပျော်တဲ့သူဆိုတော့ ။ခံစားမှုကတော့ ဘာနဲ့မှမတူဘူး ဘဝမှာ ဖီလင်အသစ်အသစ်ကလေးတွေအဲဒီလိုလေးတွေလုပ်ချင်တာပေါ့နော်။

ဘာလို့လဲဆိုတော့ သမားရိုးကျချည်းလုပ်နေတယ်ဆိုရင်လည်းအရမ်းရိုးတယ်လေ ။ကိုယ့်ဟာကိုယ်တောင်ရိုးအီနေတာလေ သဉ္ဇာပရိသတ်တွေလည်းရိုးအီနေမှာပေါ့ ။”ဆိုပြီးပြောပြသွားခဲ့တဲ့အပြင် Caption စဉ်းစားဖြစ်ပုံကိုလည်း “ ဒီလိုပါပဲစိတ်ပေါက်လို့ တစ်ခါတလေကျရင် အိမ်ကအဖေရော အမေရောကဆူတယ်။ ညီကိုမောင်နှမတွေကလည်းပြောတယ်ပေါ့ သဉ္ဇာအလုပ်ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့တစ်ခါတလေကျလို့ရှိရင်လည်း ဖန်တွေကလည်း သဉ္ဇာကိုချစ်တဲ့စိတ်နဲ့ ဂရုဏာဒေါသောလေးတွေဖြစ်ကြတာရှိတယ်။အဲ့တော့တစ်ခါတလေကျရင် Stress တွေအရမ်းများတယ်။ အခုနောက်ပိုင်းကအလုပ်တွေတကယ်ရှုပ်တယ်။ခရီးတွေသွားနေရပါတယ်။ ရန်ကုန်မှာနေရတယ်ဆိုတာမရှိဘူး ။ အရမ်းစိတ်ကမွန်းကျပ်တာပေါ့။စိတ်အဲ့ဒီအချိန်မှာအရမ်းမွန်းကျပ်လာလို့တက်လိုက်တာပါ ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.