ကမ္ဘာ့လစာငွေအများဆုံး ဘောလုံးနည်းပြ၅ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး အသင်းလက်မဲ့ နည်းပြ၂ဦးအထိ ပါဝင်နေ

ကမ္ဘာ့လစာငွေအများဆုံး ဘောလုံးနည်းပြ၅ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး အသင်းလက်မဲ့ နည်းပြ၂ဦးအထိ ပါဝင်နေ

ယနေ့ခေတ် ဘောလုံးလောကမှာတော့ ကစားသမားတွေနဲ့ တန်းတူ ဘောလုံးအသင်းနည်းပြတွေဟာလည်း လစာဝင်ငွေ အမြောက်အများ ရရှိနေကြပါပြီ။ တစ်ချို့နည်းပြတွေဟာ ရလဒ်တွေ ဆိုးရွားလို့ အထုတ်ပယ်ခံရတာတောင်မှ လျော်ကြေးငွေ အများအပြား ရရှိတာခဲ့တာကို တွေ့မြင်ရမှာပါ။ ပြင်သစ်မဂ္ဂဇင်း တစ်ခုဟာ ကမ္ဘာ့လစာငွေအများဆုံး နည်းပြများကို စာရင်းပြုစုခဲ့ပြီး ထိပ်ဆုံး ၅ဦးမှာတော့ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ ၂ဦးအထိ ပါဝင်နေပါတယ်။

5. ဗယ်ဗာဒီ ( ဘာစီလိုနာ – ယူရို (၂၃)သန်း )

လစာဝင်ငွေအများဆုံးစာရင်းရဲ့ နံပါတ်၅နေရာမှာတော့ ဘာစီလိုနာအသင်းရဲ့နည်းပြ ဗယ်ဗာဒီဟာ တစ်နှစ်လုပ်ခ ယူရို၂၃သန်းနဲ့ ရပ်တည်နေပါတယ်။ အသက်၅၅နှစ်အရွယ် စပိန်နိုင်ငံသားဟာ ဘာစီလိုနာအသင်းနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စာချုပ်သက်တမ်း တစ်နှစ်ထပ်တိုးထားခဲ့ပြီး ဒီရာသီမှာ ဘာစီလိုနာအသင်းကို ဖလားသုံးလုံး လမ်းကြောင်းပေါ်ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

4. ဂွာဒီယိုလာ ( မန်စီးတီး ယူရို(၂၄)သန်း )

မန်စီးတီးအသင်းရဲ့ နည်းပြဂွာဒီယိုလာဟာ တစ်နှစ်လုပ်ခ ယူရို ၂၄သန်း နဲ့ ကမ္ဘာ့လစားအများဆုံး နည်းပြစာရင်းရဲ့ နံပါတ်၎နေရာမှာ ရပ်တည်နေပါတယ်။ ဗယ်ဗာဒီနဲ့ တူညီနေတဲ့ အချက်ကတော့ ယှဉ်ပြိုင်နေတဲ့ ဖလားအားလုံးရဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေပြီး အသင်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

3. သီယာရီအွန်နရီ ( အသင်းလက်မဲ့ ယူရို (၂၅.၅)သန်း )

အာဆင်နယ်အသင်းရဲ့ ဂန္ထ၀င်ကစားသမားဟောင်း သီယာရီအွန်နရီ ဟာ မိုနာကိုအသင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလက သုံးနှစ်စာချုပ်နဲ့ စတင်ကိုင်တွယ်ခဲ့ပြီး ဇန်နဝါရီလမှာတော့ ထုတ်ပယ်ခံခဲ့ရပါတယ်။ မိုနာကိုအသင်းကို ပွဲ၂၀သာ ကိုင်တွယ်ခွင့်ရရှိခဲ့ရပေမယ့် ၅ပွဲသရေကျပြီး ၁၁ပွဲရှုံးနိမ့်ကာ ၄ပွဲသာအနိုင်ရရှိခဲ့တာကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် သူရရှိခဲ့တဲ့ လစာကတော့ ယူရို ၂၅သန်းခွဲအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

2. ဟိုဆေးမော်ရင်ဟို ( အသင်းလက်မဲ့ ယူရို(၃၁)သန်း )

ကမ္ဘာ့လစာငွေအများဆုံး နံပါတ်၂နည်းပြအဖြစ်တော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုက တစ်နှစ်လုပ်ခ ယူရို ၃၁သန်းအထိ ရရှိပြီး ရပ်တည်နေတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ရလဒ်တွေဆိုးရွားစေခဲ့တဲ့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာတော့ အွန်နရီနည်းတူ ထုတ်ပယ်ခံခဲ့ရကာ ကစားသမားဟောင်း ဆိုးလ်ရှားနဲ့ အစားထိုးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

1. ဒီယေဂို ဆီမြွန်နီ ( အက်သလက်တီကိုမက်ဒရစ် ယူရို(၄၁)သန်း )

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အသက်၄၈နှစ်အရွယ် အာဂျင်တီးနားနည်းပြ ဒီယေဂို ဆီမြွန်နီ ဟာ ကမ္ဘာ့လစာငွေအများဆုံး နည်းပြတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အသင်းနဲ့ ၂၀၂၂ခုနှစ်ထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သစ်မှာတော့ ဆီမြွန်နီဟာ တစ်နှစ်လုပ်ခ ယူရို ၄၁သန်း ရရှိသွားမှာ ဖြစ်ပြီး ကမ္ဘာ့လစာငွေအများဆုံး ရရှိတဲ့ နည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.