ပညာရေးသံတမန်ဖြစ်သွားတဲ့ ချစ်သုဝေအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရတဲ့ လင်းလင်း

ပညာရေးသံတမန်ဖြစ်သွားတဲ့ ချစ်သုဝေအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရတဲ့ လင်းလင်း

လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အမြဲလိုလို ရရှိနေတဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေး ဖြစ်ပါတယ်။ ပေါ်ပင်မလုပ်တတ်တဲ့ မိသားစုဖြစ်ပြီး အများအကျိုးအတွက်လည်း အမြဲတမ်းလိုလို ကူညီပေးတတ်တဲ့ မိသားစုလေး ဖြစ်တာကြောင့်လည်း ပရိသတ် အားပေးမှုက များပြားနေတာ ဖြစ်ပါတယ်။ ယခုလည်း သူတို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျ ဂုဏ်ယူဖွယ်ကောင်းတဲ့ ကိစ္စလေး တခုကို လုပ်ပြလိုက်ပါပြီ။

ဒါကတော့ အဆိုတော်သရုပ်ဆောင် ဖြစ်သူချစ်သုဝေကတော့ မြန်မာနိုင်ငံ ရဲ့ ပညာရေး သံတမန် အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကိုတော့ ချစ်သုဝေက သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ “”မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌါန (Myanmar learning resource centre-MLRC) ” ရဲ့ “ပညာရေးသံတမန်” အဖြစ် ဆောင်ရွက်ခွင့်ရတော့မှာမို့ ပေးအပ်မယ့်တာဝန်တွေအတွက်အဆင်သင့်ပါ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတွင်းကိုမရောက်လာနိုင်တဲ့ ကလေးငယ်တွေအတွက် ပညာသင်ခွင့်ရရှိအောင် ဆောင်ရွက်နေတဲ့ MLRC အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ရတော့မှာမို့ ကျေနပ်ရတယ်

“အတန်းပညာ အတတ်ပညာ အသိပညာ ဉာဏ်ပညာ မည်သို့ပင်ကွဲပြားပေမယ့် လူတစ်ယောက်ရဲ့ ခံယူချက် ရပ်တည်ချက် အတွေးအခေါ် အယူအဆ များဟာ ပညာနဲ့ ယှဉ်မှသာ မှန်ကန်အောင်မြင်နိုင်မှာမို့ပါ။ သမီးလေးတွေအပါအဝင် ကလေးတွေကို စာတတ် ပညာတတ်စေချင်တယ်…နောင်တစ်ချိန် ပညာတတ်သူတို့လေးတွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံမှာ ခေါင်းချခွင့်ရချင်တယ်..ကမ္ဘာရဲ့ဘယ်နေရာရောက်ရောက် မြန်မာရယ်လို့ ပညာရဲရင့် ပွဲလယ်တင့်ချင်ပါတယ်။ ကိုယ်က ဆေးတက္ကသိုလ်၂ မှာ တက္ကသိုလ်တက်ခဲ့ရတော့ ရန်ကုန်တက္ကသိုလ် မြေကို ဒီတစ်ခါ တတိယအကြိမ်ရောက်ဖူးခြင်းပဲ”

“ပထမတစ်ခါက်က ဆေးကျောင်းပထမနှစ် တစ်နိုင်ငံလုံးအမှတ်အများဆုံးပထမဆု ကို ဘွဲ့နှင်းသဘင်ခန်းမ မှာတက်ယူခွင့်ရတာ။ ဒုတိယအကြိမ်က ကိုယ် ဘွဲ့ရတာ။ ခု တတိယအကြိမ်က ပညာရေးသံတမန် အဖြစ် ခန့်အပ်ခံရတာ။ မေမေ နဲ့ daeကိုတော့ ဘဝမှာ ၃ခါလောက် ပီတိတွေပေးဖူးခြင်းအမှတ်တရပေါ့လေ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။

ဒီစာသားလေးနဲ့ သူ့ဇနီးဖြစ်သူ ချစ်သုဝေပုံတွေကိုတော့ လင်းလင်းက ပြန်မျှဝေထားပြီး “ညည်းလို့မိန်းမမျိုးရထားတဲ့ ကျုပ်လိုယောကျာင်္းက ဒါမျိုးမှ ဂုဏ်မယူ ဘယ်လိုဂုဏ်ယူရမလဲဟ စိတ်သာချ ကျုပ်လျှောက်နေတဲ့လမ်းမှာလဲ ညည်းဂုဏ်မငယ်စေရသလို နိုင်ငံ နဲ့ ခေါင်းဆောင် အပေါ်လဲ ဘယ်တော့မှ သစ္စာမပျက်စေဘူးဟေ့” ဆိုပြီး စာသားလေးပါ အပိုရေးထားတာ ဖြစ်ပါတယ်။

သူတို့ရဲ့ မိသားစုလေးကတော့ အမြဲတမ်း ပရိသတ်တွေကို လေးစားအားကျအောင် လုပ်နေတဲ့ မိသားစုလေး ဖြစ်ပြီး ယခုမှာလည်း ဇနီးဖြစ်သူ ချစ်သုဝေကတော့ သူတို့မိသားစုကို ဂုဏ်တက်အောင် လုပ်ပေးလိုက်နိုင်ပြန်ပြီပဲ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက်လည်း ပညာရေးသံတမန်ဖြစ်သွားတဲ့ ချစ်သုဝေရဲ့ ရိုးရှင်းလှပလွန်းတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Comments are closed.