
သင်ဇာဝင့်ကျော်ရဲ့စမူဆာကို မြင်ရမယ့် ဟဲလေးရဲ့ စမူဆာ MTV
ဟဲလေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကတည်းကအောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီးမကြာသေးမီကပဲ စမူဆာ သီချင်းနဲ့ Facebook တစ်ခွင်ကိုကိုင်လှုပ်ခဲ့တာဖြစ်ပါတယ်။ ဟဲလေးရဲ့ စမူဆာသီချင်းဟာ MTV မထွက်ခင်မှာကို လူမှုကွန်ယက်မှာ တော်တော်လေးပျံ့နှံ့သွားခဲ့ပါသေးတယ်။ ဟဲလေးက စမူဆာအလွန်ကြိုက်သူမို့ သူကြိုက်တဲ့စမူဆာကို သီချင်းလုပ်ဆိုခဲ့တာဖြစ်ကြောင်း မီဒီယာတွေနဲ့အင်တာဗျူးမှာဖြေခဲ့ပါတယ်။ အခုတော့ ဟဲလေးရဲ့ စမူဆာ Music Video အလန်းစားကြီးထွက်ရှိလာခဲ့ပါပြီ။


ဟဲလေးရဲ့ စမူဆာ Music Video ဟာ မော်ဒယ်လှလှလေးတွေအများကြီးအပြင် သင်ဇာဝင့်ကျော်နဲ့အဓိကရိုက်ထားတာဖြစ်ပြီး ဒီထဲမှာသင်ဇာ့ရဲ့ မမြင်ရဲစရာအကြမ်းစားသရုပ်ဆောင်ကွက်ကြီးတွေကို မြင်ရမှာပါ။ MTV ထဲမှာ ဟဲလေးက စမူဆာတွေလည်းထည့်ရိုက်ထားပြီး စမူဆာအကြီးကြီးတွေကိုလည်းတွေ့ရပါတယ်။ သင်ဇာဝင့်ကျော်က Pool ဘေးမှာ ဘစ်ကနီဝတ်ပြီး အမှန်အကန်အလှပြထားတဲ့အခန်းတွေဟာဆိုရင်ဖြင့် ပုရိသတွေရင်ထဲမှာ ဒိန်းဒလိန်းနတ်ဖမ်းစားသွားစေမှာဖြစ်ပြီး မီးမှိန်မှိန်အခန်းထဲမှာမြင်ရမယ့် သင်ဇာရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဟာ ပရိသတ်တွေကို မျက်လုံးပြူးသွားစေမှာအမှန်ပါပဲ။ ပရိသတ်တွေကတော့ သင်ဇာကိုင်ထားတဲ့ စမူဆာလေးကိုပါစားချင်စိတ်ပေါက်သွားပြီလို့ comment တွေပေးထားကြပါတယ်။


စမူဆာကို ဟဲလေးနဲ့အတူဟဲမယ်ဆိုတဲ့ ဒီ စမူဆာ MTV ထဲမှာ အိမ့်ချစ်လည်းပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဟဲလေးက ဒီ video လေးကို လူမှုကွန်ယက်မှာတင်ထားတာတစ်နာရီမပြည့်ခင်မှာကို Like တွေက ငါးထောင်ကျော်နေပြီဖြစ်ပြီး share လေးထောင်ကျော်နေပြီဖြစ်လို့ ဟဲလေးရဲ့ စမူဆာကတော့ သီချင်းရော Music Video ရော ပရိသတ်တွေရင်ထဲရောက်ပြီး ပေါက်သွားခဲ့ပြီလို့ပဲဆိုရမှာပါ။ Video ကို comment ပေးထားတဲ့လူတွေလည်း များပြားနေခဲ့ပြီး အားပေးသူတွေများနေသလို ဝေဖန်သူအချို့လည်းရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဇာ့ပရိသတ်တွေကတော့ သင်ဇာ့ရဲ့ အကြမ်းစားသရုပ်ဆောင်မှုတွေနဲ့ စမူဆာ video ကိုကြည့်မဝဖြစ်နေကြပါပြီ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် စမူဆာ Music Video လေးကို ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စမူဆာကြိုက်လား။ ဟဲလေးရဲ့ စမူဆာသီချင်းကိုရောကြိုက်လား။ ဒီ video လေးကိုရော နှစ်သက်ကြရဲ့လား။ ဟဲလေးနဲ့ သင်ဇာဝင့်ကျော်ကိုနောက်ထပ်အနုပညာအလုပ်တွေအတူတူလုပ်စေချင်ကြလား။ပြောခဲ့ကြပါဦး။