အိမ်ထောင်ကျပြီးရင် အနုပညာအလုပ်တွေအရင်လိုမလုပ်တော့ဘူးဆိုတဲ့ ချစ်စနိုးဦး

အိမ်ထောင်ကျပြီးရင် အနုပညာအလုပ်တွေအရင်လိုမလုပ်တော့ဘူးဆိုတဲ့ ချစ်စနိုးဦး

ဒီနှစ်ကုန်ပိုင်းမှာမင်္ဂလာဆောင်မယ်ဆိုပြီးကနဦးသတင်းတွေကတည်းကပြောပြသွားပြီးသားဖြစ်တဲ့ ချစ်စနိုးဦးကတော့ အခုဆိုရင်မင်္ဂလာဆောင်ကျင်းပဖို့ ပြင်ဆင်နေကြတဲ့အကြောင်းနဲ့လက်ထပ်ပြီးသွားလို့ရှိရင်ဘာတွေဆက်လုပ်သွားဖို့ရှိတယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်။

အစ်မကတော့မပြောတတ်သေးဘူး ။အစ်မတို့မင်္ဂလာဆောင်ကျရင်ဘယ်လိုဖြစ်မလဲဆိုတာနီးမှပဲ အခုကတော့ နေရာတွေဘာတွေစပြီးစီစဉ်တုန်းဆိုတော့လေ ။ ဆိုပြီးမင်္ဂလာပွဲနဲ့ပတ်သက်လို့ပြောပြသွားပြီး လက်ထပ်ခွင့်တောင်းခံရတာနဲ့ပတ်သက်ပြီးတော့လဲ “အမှတ်တရပြောရရင်တော့ ပျော်ပါတယ်။ အစ်မမှမဟုတ်ပါဘူး မိန်းကလေးတွေတိုင်းပါပဲ ယောက်ျားလေးတစ်ယောက်က တယုတယလေးမှတ်မှတ်ရရလေး မိန်းကလေးတစ်ယောက်ကိုပွဲလေးလုပ်ပေးတယ်ဆိုရင် လူတိုင်းပျော်ကြမှာပါ။ အစ်မကလည်း မိန်းကလေးတွေထဲကမိန်းကလေးတစ်ယောက်ပဲမို့ ပျော်ရပါတယ် ။”ဆိုပြီးပြောပြသွားပါတယ်။

ချစ်သူသက်တမ်းနဲ့တစ်ယောက်နဲ့တစ်ယောက်ကြားထားရှိတဲ့နားလည်မှုတွေကိုလည်း “ချစ်သူသက်တမ်းက ၅နှစ်နဲ့၉လရှိပါပြီ ။သူနဲ့ကြိုက်နေကြတာပေါ့နော်။ အခု၅နှစ်နဲ့၉လ မှာ လက်ထပ်ခွင့်တောင်းတာပေါ့ ။ နားလည်မှုကတော့ အများကြီးတော့ ထားရတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ သူစိမ်းနှစ်ယောက်ဆိုတဲ့အခါကျတော့ သူလည်းကိုယ့်ကိုနားလည်ပေးရတာတွေအများကြီးရှိသလို ကိုယ်လည်းသူ့ကိုနားလည်ပေးရတာတွေအများကြီးရှိတယ်။ အဓိကက ချစ်တာနဲ့တော့စခဲ့ပေမယ့် နားလည်မှုနဲ့တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနေရတာပေါ့နော် ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုအဲ့ဒါလေးတွေနဲ့ရှေ့ဆက်ရတာပေါ့အမှန်အတိုင်းပြောရင်သူနဲ့သိတာကြာပြီကျောင်းကတည်းက ဒဂုံ(၁)ကတည်းက ဟိုးကိုးတန်းဆယ်တန်းကတည်းက ပီစိကွေးကတည်းကသိခဲ့ကြတာ။ တစ်ယောက်နဲ့တစ်ယောက် အဲ့ဒီတုန်းက သူလည်းသူ့အလုပ်နဲ့သူ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ် အဲ့ဒီလိုနေကြရင်းနဲ့မှ မှတ်မှတ်ရရအစ်မရဲ့တစ်ကိုယ်တော်ခွေဖြစ်တဲ့ ဆွဲငင်အား ဆိုတဲ့ စီးရီးလေးပေါ့ အဲ့တာလေးစပြီးတော့ ထွက်တော့မှ အစ်မတို့နှစ်ယောက်စပြီးတော့ ပြန်ပြီးတွေ့ကြတာ အဲ့ဒီမှာစပြီးတော့ ဇာတ်လမ်းစဖြစ်သွားတာပေါ့။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အိမ်ထောင်ပြုပြီးရင် အနုပညာအလုပ်ဆက်လုပ်သွားမလားဆိုတဲ့ မေးခွန်းကိုလည်း “လုံးဝကြီးမလုပ်တော့ဘူးမဟုတ်ပါဘူး ။ဘာဖြစ်လို့လည်းဆိုတော့ လုပ်တော့လုပ်မယ် ဒါပေမယ့်လည်း အိမ်ထောင်ကျသွားတဲ့အတွက်တော့ မိဘတွေနဲ့နေတာတော့ ကိုယ့်ဘာသာကိုယ်နေချင်သလို ရတယ်လေ။ အိမ်ထောင်တစ်ခုမှာဆိုရင် သူလည်းလူကြီးဖြစ်လာသလို သူလည်းလူကြီးဖြစ်သွားပြီးတော့ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းဖို့ကျတော့လည်း အစ်မနဲ့သူနဲ့ကအခုမှစပြီးဘဝစတာဆိုတော့ အချိန်တစ်ခုတော့လိုတာပေါ့နော်။ အရင်တုန်းကတော့ နားလည်မှုရှိတယ်။ အခုကျတော့ဒါတစ်အိမ်တည်းမှာအတူတူ မနက်ကနေညထိနေကြရတော့မှာလေ အဲ့ဒီတုန်းက ညှ်ိရတာတွေအရင်ကထက်ပိုပြီးတစ်ဆင့်တက်လာမှာလေ ။အဲ့ဒီတော့အချိန်လေးတော့နည်းနည်းပေးရမှာပေါ့ ။ အစ်မအနုပညာအလုပ်ကိုဆက်လုပ်သွားမှာပါ ။အရင်တုန်းကလောက်တော့ဆက်တိုက်ကြီးလုပ်လို့မရတော့ဘူး ။နည်းနည်းနားနားပြီးတော့ဖြည်းဖြည်းချင်းတော့လုပ်သွားမှာပါ။ အိမ်ထောင်ပြုပြီးသွားရင်သီးသန့်နေမှာလားဆိုတဲ့မေးခွန်းကိုလည်း “ အစ်မကတော့ သူတို့အိမ်မှာလိုက်နေမှာပါ။ဘာဖြစ်လို့လဲဆိုတော့ သူကတစ်ဦးတည်းသောသားလည်းဖြစ်တယ်။ အဖေကလည်းနေပြည်တော်မှာ ၊အမေကလည်းဒီရန်ကုန်မှာတစ်ယောက်တည်းနေရတာဆိုတော့ သူ့အမေကိုထားပြီးတော့ထွက်သွားနေလို့မရဘူး။ အစ်မကကျတော့အစ်မမိဘရိှတယ်။ အစ်မမောင်လေးရှိတယ် ဆိုတော့ထွက်လာလို့ရပေမယ့် သူကကျတော့အမေကိုတစ်ယောက်တည်းထားပြီးအစ်မတို့နှစ်ယောက်တည်းနေလို့မရဘူးဆိုတော့အစ်မသူတို့အိမ်မှာနေမှာပါ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Comments are closed.