အောင်လအန်ဆန်း ခဏခဏနိုင်နေ ရတဲ့အကြောင်းအရင်း

အောင်လအန်ဆန်း ခဏခဏနိုင်နေ ရတဲ့အကြောင်းအရင်း

ပြောရရင် လေမုန်တိုင်းနောက်ပါသွားတဲ့ရွှေကျေးညီနောင်လိုပါပဲ ပတ်ဝန်းကျင်ပေါ့ မြန်မာ့သွေးသားချင်းတူပေမဲ့ ပတ်ဝန်ကျင်ကြောင့်အများကြီးကွာဟသွားခဲ့တယ် ..သူကြိုးစားမှု့တို့ဘာတို့တော့ပြောနေကြတာတွေပဲဖြစ်နေလို့ မရေးတော့ပါဘူး …

မြန်မာတွေနဲ့ Team Work အလုပ်ဖြစ်သလားမြန်မာ့အားကစားပွဲတိုင်းလိုလိုမှာ Teamworkနဲ့ကစားတဲ့ပွဲတော်တော်များများမဆင်မပြေကြဘူးမအောင်မြင်ကြတာများတယ် ..အားကစားမှမဟုတ်ပါဘူး ..မြန်မာနိုင်ငံသားတွေမှာအစုလိုက် အဖွဲလိုက် စည်းလုံးညီညွတ်နိုင်တာသိပ်မတွေ့ရဘူး

လူများလေ သွေးကွဲလေ အဖွဲ့များများဖြစ်လာလေလေပါပဲ ..၂ယောက်ပေါင်းရင် ၃ ဖွဲ့ဖြစ်တာမျိုးပေါ့..ဘာလို့လဲ … မနာလိုမှု၊ခေါင်ဆောင်ဖြစ်ချင်တဲ့သူများမှု၊နောက်ကွယ်ကနေပန့်ပိုးပေးမှုမရှိခြင်းနောက်ကြောဓားထိုးမှု၊အချင်းချင်းလုပ်ကြံခြင်း စသည်စသည်များစွာပါပဲ .. တစ်ဦးချင်းအရည်အသွေးပြိုင်ရင်တော့

နိုင်ငံတကာကိုယ်ယှဉ်နိုင်ဖို့များပြီး အဖွဲ့လိုက်ဆိုရင်တော့ ၀က်ဝက်ကွဲတော့တာပါပဲ …မြန်မာ့နိုင်ငံရေးနဲ့ Teamworkနိုင်ငံရေးသမိုင်းကြည့်ရင်လဲ ရန်သူကလုပ်ကြံမှုထက် အချင်းချင်းတစ်ဖွဲ့သားချင်း ယုံကြည်စိတ်ချရသူအချင်းချင်းက လုပ်ကြံသွားကြတာကြီးပါပဲ .

.ဘယ်ရန်သူကလုပ်လိုက်လို့ ကျဆုံးသွားတယ်ဆိုတာ သိပ်မရှိပါဘူး ..ဘုရင်ထီးနန်းအရာမှာလည်း ဖခင်ကိုလုပ်ကြံထီးနန်းလု အဲလိုသမိုင်းတွေကြီးပါပဲ .. ဒီတော့ဒီနိုင်ငံမှာ အောင်မြင်ချင်ရင်ကိုယ်နဲ့အနီးဆုံးပုဂ္ဂိုလ်တွေကို သတိတော်တော်ထားရပါမယ်။ဒေါက်ဖြုတ်သွားကြတဲ့ သာဓကတွေလဲအများကြီးပါပဲ

မိမိရန်သူထက် မိမိအနီး ဆရာဆရာလို့ခေါ်ခေါ်နေတဲ့ပတ်ဝန်းကျင်ကကြောက်စရာပိုကောင်းပါလိမ့်မယ် ..ခုနိုင်ငံရေးသမားတွေကိုစိုးရိမ်တာလည်းအပြင်စည်းအရမ်းလုံခြုံအောင်သာလုပ်နေကြတာ တကယ်ဖြစ်လာရင် အနီးကပ်ဒေါက်ဖြုတ်ကြမည့်အအြေနေတွေများနေပါတယ်နိုင်ငံရေးသမားတွေ အတွက်အထူးသတိထားစရာပေါ့ ….

တစ်ကိုယ်တော်သမားများ – ဒီတော့က အောင်မြင်ချင်ရင် တစ်ဦးတစ်ယောက်ထဲလုပ်ရတဲ့အလုပ်တွေက မြန်မာပြည်မှာပိုအောင်မြင်ရတာလွယ်လိမ့်မယ်လို့ ခန့်မှန်းလို့ရပါတယ်.. Teamwork မလိုတဲ့အလုပ်မျိုးတွေပေါ့ ဥပမာ ..စာရေးဆရာ၊ကဗျာ၊မော်ဒါလ်၊ပန်းပု၊ပန်ချီ၊ကင်မရာ၊ သီချင်းရေးဆရာ အစရှိသည်ပေါ့ .. အဆိုတော်ဆိုရင်တောင် အလုပ်တစ်ခုဖြစ်ဖို့ ၅ ယောက်လောက်ပေါင်းရတော့

ဖြစ်နိုင်လျှင် ကိုယ် Band နဲ့ ကိုယ်ငွေပုံပေး ချုပ်ထားနိုင်ရင် ပိုအဆင်ပြေပါတယ်ခုလက်ဝှေ့ပွဲပွဲမှာလည်း အောင်လအန်ဆန် တစ်ယောက်ထဲမထိုးပဲ မြန်မာ ၅ ယောက် ဂျပန် ၅ ယောက်သာထိုးကြရင်မြန်မာတွေရှုံးမှာသေချာပါတယ် ဘာလို့လဲဆိုတော့ မြန်မာ အချင်းချင်းတွေ ကွင်းထဲ ထိုးကုန်ကြမှာပါ …ဘာပဲဖြစ်ဖြစ် ဒီနေ့ အောင်လအန်ဆန်ရဲ့တစ်ဦးချင်း ဂျပန်နဲ့ထိုးသတ်ကြတဲ့ မြင်ကွင်းလေးကတော့ သိပ်အားရတယ် သေသေချာချာ

လေ့လာကြည့်ရင် တဖက်ရန်သူကို ဘယ်ခြေနဲ့ချုပ်နင်းထားပီး ညာလက်သီးနဲ့ ၀ှိုက်ပီးမထိုးပဲ ဒဲ့ကစ်လိုက်တဲ့အလုံးဟာတော်တော်ပြင်းထန်ပါတယ် ..လက်သီးပြင်းအားအပြင် Body အရွှေ့ လွင့်ထွက်သွားမည့် အီနားရှားကို ဖမ်းချုပ်ထားပီး ညာ ခြေရဲ့ တွန်းအား ဒီ Force ၅ ခုပေါင်းကမြင်းကောင်ရေ ဘယ်လောက်လောက်တောင်ရှိနိုင်မလဲ …တကယ်ပရိယာယ်နဲ့ ကြည့်ကောင်းပီး တိုင်းပြည်အတွက်ဂုဏ်ယူရတဲ့ တိုင်းရင်းသားတစ်ယောက်ရဲ့ လုပ်ရပ်ပါပဲ …

Comments are closed.