နေကြာစေ့စားသုံးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၁၀)မျိုး

နေကြာစေ့စားသုံးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၁၀)မျိုး

နေကြာစေ့ဟာ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် အရမ်းကိုကောင်းမွန်ပါတယ်။နေကြာစေ့ဟာ မြန်မာနိုင်ငံမှာဆိုရင် အလွယ်တကူ ရရှိနိုင်သလို လူတိုင်းနီးပါးကြိုက်တဲ့ အစားအစာဖြစ်ပါတယ်။ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ အလွန်အကျွံမစားဖို့တော့ လိုပါတယ်။

  • (1) နေကြာစေ့ဟာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးအဆစ်တွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။
  • (2) နေကြာစေ့ထဲမှာ အသည်းကို ကျန်းမာစေတဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ပြေစေပါတယ်။
  • (3) နေကြာစေ့ဟာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးအဆစ်တွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။
  • (4) နေကြာစေ့ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေရုံသာမက စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ညဘက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပြီး ပင်ပန်းမှုတွေအားလုံးကို ပြေလျော့သွားစေနိုင်ပါတယ်။
  • (5) နေကြာစေ့ဟာ အမျှင်ဓာတ်ကြွယ်ဝရုံသာမက ဗီတာမင် B အုပ်စု ပါဝင်တာကြောင့် ဝိတ်ကျပြီးသွယ်လျနေစေပါတယ်။ အနည်းငယ်စားရုံနဲ့ ဗိုက်ပြည့်စေနိုင်ပြီး အားအင်လည်းပြည့်ဖြိုးစေပါတယ်။
  • (6) နေကြာစေ့ကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးတိုးရောဂါရှိသူတွေအတွက်လည်း သွေးအားကို ထိန်းညှိပေးနိုင်ပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ် ။
  • (7) နေကြာစေ့ဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတွေ စားသုံးပေးသင့်ပါတယ်။
  • (8) နေကြာစေ့ထဲမှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ကြည်လင်ဝင်းပပြီး နုပျိုနေစေပါတယ်။ နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
  • (9) နေကြာစေ့ဟာ အသားဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သက်သတ်လွတ်စားသုံးသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ နေကြာစေ့စားတဲ့သူက အသားမစားရင်တောင် အသားဓာတ်ပြည့်နေပြီးသားဖြစ်နေမှာပါ။
  • (10) နေကြာစေ့ဟာ အသားအရေကို လှပစေရုံသာမက ဆံပင်ကိုလည်း သန်စွမ်းကျန်းမာပြီး ထူလာစေပါတယ်။ ခြေသည်းလက်သည်းတွေကိုလည်း ကျန်းမာစေပါတယ်။
Comments are closed.