ကမ္ဘာကြီးကို ထိခိုက်​ပျက်​စီး​စေတဲ့ လူသားတို့ရဲ့အ​လေ့အထဆိုး ၆ ချက်

ကမ္ဘာကြီးကို ထိခိုက်​ပျက်​စီး​စေတဲ့ လူသားတို့ရဲ့အ​လေ့အထဆိုး ၆ ချက်

ကမ္ဘာကြီးဟာ ဆယ်​စုနှစ်​တစ်​ခုကုန်​ဆုံးပြီးတိုင်း ပိုပြီးညစ်​ညမ်းသထက်​ညစ်​ညမ်းလို့လာပါတယ်​။ အမှိုက်​​တွေ၊ စည်းမဲ့ကမ်းမဲ့ ပလတ်​စတစ်​ ​တွေ စုပုံလာပြီး ​လေထုနဲ့​ရေထုကိုအင်​မတန်​ဒုက္ခ​ပေးပါတယ်​။ ဒါ​တွေရဲ့​နောက်​ဆုံးသား​ကောင်​က​တော့ လူသား​တွေကိုယ်​တိုင်​နဲ့ သစ်​ပင်​ပန်းမန်​၊ တိရစ္ဆာန်​ငယ်​​လေး​တွေဖြစ်​ပါတယ်​။ ​ဂေဟစနစ်​နဲ့ ဇီဝစနစ်​ကိုပျက်​စီး​စေပြီး သဘာဝပတ်​ဝန်းကျင်​ဟာ အထိနာလာရပါတယ်​။ ကမ္ဘာကြီးကို ထိခိုက်​ပျက်​စီး​စေတဲ့ လူသားတို့ရဲ့အ​လေ့အထဆိုး ၆ ချက်​ ကိုတင်​ပြ​ပေးပါရ​စေ။

မီးပုံးပျံ လွှတ်​တင်​ခြင်း

အဓိကက​တော့ မီး​လောင်​မှုဖြစ်​ပြီ​ဟေ့ ဆိုရင်​ မီးပုံပျံ​တွေရဲ့စနက်​ကမကင်းတာများပါတယ်​။ တိရစ္ဆာန်​​​လေး တွေအတွက်​လည်း အန္တရာယ်​များသလို ​မြေပြင်​​ပေါ်ပြန်​ကျလာတဲ့ မီးပုံးပျံက ကြွင်းကျန်ပလတ်​စတစ်​အမှိုက်​​တွေကိုစား​သောက်​မိတတ်​ကြသလို ​ခွေးနဲ့ငှက်​​လေး​တွေဟာလည်း မီးပုံးပျံမှာသုံးတဲ့ ဝိုင်​ယာကြိုး​တွေနဲ့ပတ်​မိပြီး​သေ​လေ့ရှိကြပါတယ်​။ ရုရှားမှာ​တော့ ဒီအ​လေ့ကို ၂၀၁၄ ကတည်းက ပိတ်​ပင်​တားမြစ်​လိုက်​ပြီဖြစ်​ပြီး ဘရာဇီးမှာ​တော့ မီးပုံးပျံ လွှတ်​တင်​တယ်​ဆိုရင်​ ၃နှစ်​အထိ​ထောင်​ဒဏ်​ကျခံရနိုင်​ပါတယ်​။

အ​မွှေးပွအရုပ်​ကြီး​တွေနဲ့ အမှတ်တရ​ပန်းစည်း​တွေ

လူသား​တွေရဲ့ထုံးစံကေ​တာ့ လူမှု​ရေးအမြင်​အရ​ ဝမ်းသာ​ကြောင်း ဂုဏ်​ပြုဖို့၊ ဝမ်းနည်း​ကြောင်း​ဖော်​ပြဖို့ ဒီလိုအမှတ်​တရပန်းစည်းကြီး​တွေ၊ အ​မွှေးပွအရုပ်​ကြီးေ​တွနဲ့ အသိအမှတ်​ပြုမှု လုပ်​ကြတာပါပဲ။ တကယ်​အချိန်​ကြာလာတဲ့အခါမှာ​တော့ ဒါ​တွေက ကမ္ဘာကြီးရဲ့ကျန်းမာ​ရေးမှာ တကယ်​အသုံးမဝင်​ပါဘူး။ အကျိုးယုတ်​​စေပါတယ်​​။ ဒါ​ကြောင့်​ လူ​တွေအတွက်​တကယ်​အသူံးဝင်​မယ့်​ ​ငွေသားနဲ့သာချီးမြှင့်​ဂုဏ်​ပြုတာ၊ ဝမ်းနည်း​ကြောင်း​​ဖော်​ပြပြီး ကူညီ​ထောက်​ပံ့​ပေးတာက ပိုပြီးအကျိုးရှိ​စေတာမြင်​သာပါတယ်​။

ထုပ်​ပိုးအလှဆင်​မှု

ဒီအချက်​က​လည်း ကမ္ဘာကြီးကိုညစ်​ညမ်းလာ​စေတဲ့ တစ်​ချက်​ပါပဲ။ လက်​​ဆောင်​လှလှ​လေး​တွေထုပ်​ပိုးပြင်​ဆင်​​ပေးတဲ့အခါ တစ်​ဖက်​မှာ စက္ကူ​တွေကို အလဟာသ ဖြစ်​​စေပါတယ်​။ Recycle လုပ်​ပြီးပြန်​အသုံးပြုတဲ့စနစ်​မထွန်းကားတဲ့ နို​င်​ငံမှာ​တော့ အမှိုက်​​တွေသာဖြစ်​သွားပါတယ်​။ ပလတ်​စတစ်​နဲ့ထုပ်​ပိုးမှု​တွေကလည်း ၂၀၁၅ ခုနှစ်​က ချီလီနိင်​ငံတစ်​ခုတည်းမှာတင်​ ပလတ်​စတစ်​အိတ်​​ပေါင်း ၈.၂၇ ဘီလီယံ အထိရှိခဲ့တာပါ။ ထုပ်​ပိုးအလှဆင်​မှုအတွက်​ဆိုရင်​ စက္ကူနဲ့ပလတ်​စတစ်​ကို အကျစ်​လျစ်​ဆုံးနဲ့အနည်းဆုံးဖြစ်​​အောင်​သုံးစွဲသင့်​ပါတယ်​။

တကယ်​အသုံးမလိုတဲ့ပစ္စည်း​တွေ

လူကြိုက်​များတဲ့ပစ္စည်း​တွေကို ​ရေစီး​နောက်​လိုက်​ပြီး လူအများနဲ့အတူ​ခေတ်​မီ​အောင်​လိုက်​ဝယ်​ကြတဲ့ အကျင့်​ပါ။ တကယ်​​တော့ကိုယ့်​အတွက်​တကယ်​လိုအပ်​လားဆို​တော့ ဟုတ်​မ​နေပါဘူး။ ခဏတဖြုတ်​ထပြီး ​ခေတ်​စားတဲ့ပစ္စည်း​တွေကို မဝယ်​တဲ့အခါ၊ မလိုအပ်​တဲ့ပစ္စည်း​တွေကိုမဝယ်​တဲ့အခါ ကမ္ဘာကြီးမှာဝန်​ပိုသက်​သာ​စေပါတယ်​။

ဖုန်းအသစ်​ဝယ်​တာ

တစ်​နှစ်​တစ်​ခါ၊ နှစ်​နှစ်​တစ်​ခါ​လောက်​ဖုန်း​မော်ဒယ်​​အသစ်​​တွေ ထွက်​​နေတာက​တော့ နာမည်​ကြီးကုမ္ပဏီ​တွေရဲ့​ငွေရှာခြင်းနည်းလမ်းပါပဲ။ ​နောက်​ဆုံး​ပေါ်ဖုန်းကိုမှ လူကိုလိုချင်​ကြတဲ့အခါ ဖုန်းအ​ဟောင်းနဲ့ ​မော်​ဒယ်​အ​ဟောင်းအတွက်​ထုတ်​လုပ်​ထားတဲ့ ဖုန်းအပိုပစ္စည်း​တွေဟာ ကမ္ဘာမှာအမှိုက်​​တွေအဖြစ်​ အ​မြောက်​အများ စုပုံလာပါတယ်​။ တကယ်​စိစစ်​ချိန်​ဆပြီး၊ တကယ်​လိုအပ်​တာ​သေချာမှ စဉ်းစား​တွေး​ခေါ်ပြီးဝယ်​ယူတာအ​ကောင်းဆုံးပါပဲ။

မိုးပျံပူ​ဖောင်း​တွေလွှတ်​တင်​ကြတာ

ပွဲလမ်းသဘင်​၊ ပွဲခမ်းပွဲနား​တွေ နဲ့ အထူးဖွင့်​ပွဲ​တွေမှာ ဒီအ​လေ့ကိုတွင်​တွင်​ကျယ်​ကျယ်​အသုံးပြုကြပါတယ်​။ လှပပြီးဆွဲ​ဆောင်​မှု​တော့ရှိ​ပေမယ့်​ တစ်​ဖက်​ကပြသနာက ငှက်​​တွေနဲ့အခြားတိရစ္ဆာန်​ငယ်​​တွေအတွက်​ ထိခိုက်​ပျက်​စီး​စေပြီး ​သေ​ကြေသွားကြရပါတယ်​။ ​မြေ​ပေါ်ပြန်​ကျလာတဲ့ ရာဘာစ​တွေနဲ့ ကြက်​​ပေါင်း​စေး​တွေဟာ ​ပင်​လယ်​ထဲ ကျ​ရောက်​သွားတဲ့အခါ ​ရေ​နေသတ္တဝါ ​တွေအတွက်​လည်းတကယ်​အထိနာ​စေပါတယ်​။

Comments are closed.