မဟာမြတ်မုနိဘုရားမှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးခြင်းခံခဲ့ရတဲ့ သင်ဇာဝင့်ကျော်

မဟာမြတ်မုနိဘုရားမှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးခြင်းခံခဲ့ရတဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး ဆွဲ​ဆောင်​မှုရှိလွန်းတဲ့ မင်းသမီးချောတစ်ဦးပါ။ သင်​ဇာဝင့်​​ကျော်​က အမြဲလိုလို တက်ကြွလန်းဆန်းနေသူတစ်ဦးဖြစ်ပြီး လူတကာငေးရလောက်တဲ့ အလှပိုင်ရှင်လေးလို့ဆိုလဲ မမှားပါဘူး။ လှပလွန်းတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်က အများနဲ့မတူတဲ့ ဖက်ရှင်တွေကိုလဲ ဝတ်ဆင်တတ်တာကြောင့် ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သင်ဇာဝင့်ကျော်က မန္တလေးမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မန္တလေးကို ရောက်ခိုက် သင်ဇာဝင့်ကျော်က မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ကို ချစ်ကြတဲ့ ပရိသတ်တွေက သင်ဇာဝင့်ကျော်ကို အုံးအုံးကြွကြွ အားပေးပြီး ဝိုင်းကြည့်ခဲ့တာကို တွေ့ရပါတယ်။

သင်ဇာလေးကို ဝိုင်းကြည့်နေလိုက်ကြတာနော်။

ပရိသတ်တွေ အများကြီးပဲနော်။

သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလဲ သင်ဇာ့ရဲ့ ပုံရိပ်လေးတွေကို သဘောကျနှစ်ခြိုက်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.