လွှမ်းပိုင်ရဲ့ နှာခေါင်းလေးကို အသည်းယားလို့ ကိုက်ဆွဲပစ်ချင်တယ်ဆိုတဲ့ ညီညီမောင် (စမ်းချောင်း)

လွှမ်းပိုင်ရဲ့ နှာခေါင်းလေးကို အသည်းယားလို့ ကိုက်ဆွဲပစ်ချင်တယ်ဆိုတဲ့ ညီညီမောင် (စမ်းချောင်း)

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ဟာ မြန်မာနိုင်ငံရဲ့ မိတ်ကပ်လောကမှာ ထိပ်ဆုံးက ရပ်တည်နေနိုင်သူတစ်ဦးပါ။ ညီညီမောင်(စမ်းချောင်း)ရဲ့ မိတ်ကပ်အပြင်အဆင်တွေကို ပရိသတ်တွေက အရမ်းသဘောကျပြီး မင်းသမီးတွေရဲ့ ပင်တိုင်မိတ်ကပ်ပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။ လုပ်တဲ့အလုပ်တိုင်းကို စေတနာပါပါနဲ့ အကောင်းဆုံး လုပ်ဆောင်ပေးတာကြောင့် အခုလို အောင်မြင်နေသူလို့လဲဆိုရမှာပါ။

ညီညီမောင်(စမ်းချောင်း)ဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး တစ်ခါတစ်လေမှာလဲ ရယ်စရာ ဗီဒီယိုလေးတွေရိုက်ပြီး လူမှုကွန်ယက်ပေါ်မှာ မျှဝေလေ့ရှိပါတယ်။ ပရိသတ်တွေကလဲ ညီညီမောင်(စမ်းချောင်း)ရဲ့ ရယ်စရာဗီဒီယိုလေးတွေကို နှစ်ခြိုက်အားပေးကြပါတယ်။

ညီညီမောင် (စမ်းချောင်း) က လွှမ်းပိုင်ရဲ့ ပုံလေးတွေကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Share ထားပြီး “လွှမ်းပိုင် နှာခေါင်းထိပ် ကိုက်ဆွဲချင်တာ အသည်းတွေယားလို့ ” ဆိုပြီး အသည်းယားနေကြောင်းကို ပြောထားပါတယ်။

ညီညီမောင်(စမ်းချောင်း) ဟာ မိတ်ကပ်လိမ်းခြယ်ပေးတဲ့အလုပ်အပြင် အနုပညာလုပ်ငန်းတွေကိုပါ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပါတယ်။ ညီညီမောင်(စမ်းချောင်း)ဟာ ကြော်ငြာတွေကိုလဲ ရိုက်ကူးပေးခဲ့တာဖြစ်ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးကိုလဲ လက်ခံရိုက်ကူးပေးနေပြီပဲဖြစ်ပါတယ်။

ညီညီမောင် (စမ်းချောင်း) ကတော့ လွှမ်းပိုင်ရဲ့ နှာခေါင်းကိုကြည့်ပြီး အသည်းယားနေတာကို ပြောပြထားတာ ဖြစ်ပါတယ်။ လွှမ်းပိုင်ရဲ့ နှာခေါင်းလုံးလုံးလေးကို ကိုက်ချင်နေတဲ့ ညီညီမောင်(စမ်းချောင်း)ကတော တကယ်ကိုပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.