သူ့ရဲ့ ကိုယ်ပိုင်စတူဒီယိုမှာ သီချင်းသွင်းရင်း ရုပ်ပြောင်လေးတွေလုပ်နေတဲ့ နေတိုး

သူ့ရဲ့ ကိုယ်ပိုင်စတူဒီယိုမှာ သီချင်းသွင်းရင်း ရုပ်ပြောင်လေးတွေလုပ်နေတဲ့ နေတိုး

ပျိုပျို အိုအိုမရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေတိုးဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးပါ။ နေတိုးက အမြို့မြို့အနယ်နယ်မှာ အားပေးသူပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးဆိုလဲ မမှားပါဘူး။နေတိုးက လက်ရှိမှာလဲ သူချစ်ခင်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။

နေတိုးက သိန်းတစ်သောင်း တန်ဖိုးရှိတဲ့ ကိုယ်ပိုင်စတူဒီယိုကြီးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နေတိုးရဲ့ စတူဒီယိုကြီးမှာ ရုပ်ရှင်လဲ ရိုက်ကူးနိုင်သလို သီချင်းတွေလဲ သွင်းနိုင်တာပဲ ဖြစ်ပါတယ်။

မနေ့ကတော့ သူ့ရဲ့ ကိုယ်ပိုင်စတူဒီယိုကြီးမှာ နေတိုးက သီချင်းတိုက်နေတယ်ဆိုပြီး သူ့ရဲ့ ပုံလေးတွေကို မျှဝေထားပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် နေတိုးရဲ့ ပုံရိပ်တွေကို မျှဝေလိုက်ပါတယ်နော်။

နေတိုးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာ ဖြစ်ပြီး Box 88 (သေတ္တာနံပါတ် ၈၈)ကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

လူငယ်လေးတစ်ယောက်လို ချောမောနေတဲ့ နေတိုး

အခုတော့ ကိုနေတိုးတစ်ယောက် ဘာသီချင်းတွေ တိုက်နေလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။

ရုပ်ပြောင် 😛

ကိုနေတိုးတစ်ယောက် သီချင်းတိုက်ရင်း ပျော်နေတဲ့ ပုံပဲနော်။ ရုပ်ပြောင်လေးတွေ လုပ်နေတာ အများကြီးပဲ။ ပရိသတ်ကြီးလဲ နေတိုးရဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုကျးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.