ဒီကနေ့ဟာ ပရိတ်သတ်အရမ်းချစ်ရတဲ့ မင်းသမီးချော မေပန်းချီ ရဲ့ မွေးနေ့ဖြစ်ပါတယ်

ကျစ်လျစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ရဲ့ အလှတရား ၊ ကြည်လင်တောက်ပတဲ့ အပြုံး ၊ ချစ်စရာအသံဝဲလေးနဲ့ ပရိတ်သတ်တွေရင်ထဲ နေရာယူထားတဲ့ အမျိုးသမီးအနုပညာရှင်တစ်ဦးလို့ဆိုလာရင်တော့ မင်းသမီး မေပန်းချီ ကိုပဲ ရည်ညွှန်းရမှာဖြစ်ပါတယ်။

သူမဟာ ကြော်ငြာ များတွင် ပါဝင်သရုပ်ဆောင်ခဲ့ရုံသာမက ရုပ်ရှင်ဇာတ်ကားများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ထိမိပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ချစ်စရာအပြုံးကြောင့် ပရိတ်သတ်တွေရင်ထဲ အနှေးနဲ့အမြန်နေရာယူလာနိုင်တဲ့ မင်းသမီးဆိုလည်းမမှားပါဘူး။

ဒီကနေ့ဟာတော့ သူမရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သူမရဲ့ ယနေ့ကျရောက်လာတဲ့မွေးနေ့မှာ သူမ ချစ်ရသူတွေ ၊ ပရိတ်သတ်တွေနဲ့ အမြဲ ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါစေ ၊ အနုပညာခရီးလမ်းမှာ ဒီ့ထက်ပိုအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

[zawgyi]

Advertisement




Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*