နိုင်ငံခြားက Race Girl လေး တစ်ယောက်လို လန်းနေတဲ့ သင်ဇာဝင့်ကျော်

နိုင်ငံခြားက Race Girl လေး တစ်ယောက်လို လန်းနေတဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး ဆွဲ​ဆောင်​မှုရှိလွန်းတဲ့ မင်းသမီးချောတစ်ဦးပါ။ သင်​ဇာဝင့်​​ကျော်​က အမြဲလိုလို တက်ကြွလန်းဆန်းနေသူတစ်ဦးဖြစ်ပြီး လူတကာငေးရလောက်တဲ့ အလှပိုင်ရှင်လေးလို့ဆိုလဲ မမှားပါဘူး။ မတ်လ (၃၁) ရက်နေ့က သင်ဇာဝင့်ကျော်က မန္တလေး-ပြင်ဦးလွင် အမြန်လမ်းမကြီး ၂၆/၂ မိုင်အနီးရှိ ရတနာပုံဆိုင်ဘာစီးတီး အားကစားကွင်းမှာ ကျင်းပတဲ့ Myanmar Drift Championship 2019 ပွဲကို တက်ရောက်ပေးခဲ့ပါတယ်။

ထိုပွဲလေးမှာ သင်ဇာဝင့်ကျော်က နိုင်ငံခြားက Rece Girl ပုံစံမျိုးလေး ဝတ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

အရမ်းတွေ မိုက်နေပါပြီ သင်ဇာရယ်

သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Myanmar Drift Championship ပွဲကို အမိုက်စားဝတ်စုံလေး ဝတ်ပြီး တက်ရောက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်ကြီးလဲ ရူးခါနေအောင်လှတဲ့ သင်ဇာဝင့်ကျော်ရဲ့အလှမှာ စီးမြောသွားမယ်ထင်ပါတယ်။ သင်ဇာ့ရဲ့ အခုပုံလေးတွေကို သလောကျနှစ်ခြိုက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.