သူငယ်ချင်း အဆိုတော်တွေရဲ့ အထုပ်ကို ဖြည်ချလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

သူငယ်ချင်း အဆိုတော်တွေရဲ့ အထုပ်ကို ဖြည်ချလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်လို့ ပြောလိုက်တာနဲ့ မြန်မာတနိုင်ငံလုံး ကလေးကအစ လူကြီးအဆုံး အားလုံးသိကြတဲ့ အောင်မြင်မှုကို ကောင်းကောင်းကြီး ထိန်းသိမ်းထားနိုင်တဲ့ အဆိုတော် သရုပ်ဆောင် တယောက်ပါ။ ပရိသတ်တွေကို အမြဲလေးစားပြီး အသစ်အဆန်းလေးတွေကို အမြဲတမ်းလိုလို လုပ်ပြတတ်တဲ့ စိုင်းစိုင်းခမ်းလှိုင်တယောက်ကတော့ ပြီးခဲ့တဲ့ရက်ကလည်း ပရိသတ်တွေအားလုံး အံ့အားသင့်စေတဲ့အရာတခုကို လုပ်ပြလိုက်ပြန်ပါတယ်။ ဒါကတော့ သူ့ရဲ့ သီချင်းတပုဒ်ကို သာမန်နဲ့ ခွဲထွက်ပြီး Animation လေးနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။

သီချင်းလေးကတော့ ပရိသတ်တွေကြားမှာ Audio ထွက်ကတည်းက တော်တော်လေး ရေပန်းစား လူကြိုက်များခဲ့တဲ့ “ငါ့ရည်စားက ပိုမိုက်တယ်” ဆိုတဲ့ သီချင်းလေးကို Animation ဇာတ်လမ်းတပုဒ်နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Animation နဲ့ လုပ်ထားတဲ့ သီချင်း MTV အနည်းငယ်သာ ရှိတာကြောင့် ပရိသတ်တွေအနေနဲ့ တော်တော်လေး အားရကျေနပ်ခဲ့ကြပါတယ်။ ဒီဗီဒီယိုလေးကနေတဆင့် စိုင်းစိုင်းက သူ့ ဘော်ဒါတွေရဲ့ ချစ်သူတွေကို ခပ်တည်တည်နဲ့ ဖော်ပစ်လိုက်ပါတော့တယ်။

စိုင်းစိုင်းရဲ့ Animation MTV ထဲမှာတော့ သီချင်းစာသားထဲကအတိုင်း ကိုယ့်ချစ်သူ သူ့ချစ်သူ အပြိုင်ကြွားခဲ့တာ ဖြစ်ပြီး ပြင်ပလောကက အတိုင်း စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ ကိကိကျောဇော၊ ဂျွန်၊ နေဝင်း၊ ဖြိုးလေး၊ G Fatt တို့ကတော့ သီချင်းထဲမှာ ချစ်သူတွေအကြောင်း စပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့သီချင်း စပ်ဆိုပြီး ကာတွန်းဇာတ်ကောင်လေးတွေ လုပ်ထားတဲ့ ကောင်မလေးတွေကတော့ အပြင်မှာ တကယ်ရှိကြပါတယ်။ ဘယ်ဇာတ်ကောင်က ဘယ်သူလေးတွေဖြစ်မလဲဆိုတာကို တချက်ကြည့်လိုက်ရအောင်ဗျာ။

သီချင်းထဲမှာ စိုင်းစိုင်းခမ်းလှိုင်က သူ့ချစ်သူအကြောင်းကို နတ်သမီးတယောက်လိုမျိုး ဖွဲ့နွဲ့ထားပြီး အင်ဂျင်နီယာမလေးဆိုပြီး စပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒီကောင်မလေးကတော့ စိုင်းစိုင်း တရားဝင်ပရိသတ်တွေကို အသိမပေးထားပေမယ့်လည်း စိုင်းစိုင်းနဲ့ တွဲနေတယ်လို့ သတင်းတွေ တော်တော်များများထွက်နေတဲ့ သဲအိမ်စံ ပဲ ဖြစ်ပါတယ်။

ကိကိကျော်ဇော်ကတော့ ကလေးဘဝကတည်းက သီချင်းတွေဆိုလာပြီး ပရိသတ်တွေ သတိထားမိတဲ့ အဆိုတော်တယောက်ဖြစ်ပါတယ်။ သူကတော့ သီချင်းထဲမှာ သူ့ကောင်မလေးက Make Up Artist လေးဆိုပြီးရေးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူလေးကတော့ တကယ့် Makeup Artist လေး အေးသီရိထွန်းထွန်း ဖြစ်ပါတယ်။

နောက်ထပ် Snare အဖွဲ့က ဖြိုးလေးကတော့ သူ့ရဲ့ ကောင်မလေးအလှအပကို ဖွဲ့နွဲ့သွားပြီး ရွှေမင်းသမီးဆိုပြီးတော့ စပ်ဆိုသွားတာ ဖြစ်ပါတယ်။ ဒါကိုတော့ အားလုံးလည်းသိကြမယ် ထင်ပါတယ်။ ဖြိုးလေးရဲ့ ချစ်သူကတော့ သရုပ်ဆောင် ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။

နေဝင်းကလည်း သူ့ကောင်မလေးအကြောင်းကို လှလှပပ ရေးစပ်ထားပြီး ခရီးသွား Blogger လေးဆိုပြီးတော့ စပ်ဆိုထားပါသေးတယ်။ သူ့ကောင်မလေးကတော့ အားလုံးလည်း ရင်းနှီးပြီးသားဖြစ်တဲ့ Travel Kueen လေး အိမ့်ချစ်ချော ဖြစ်ပါတယ်။

စိုင်းစိုင်းနဲ့ ဟိုးအရင်တွေကတည်းက တွဲပြီးမြင်ရတဲ့ ဂျွန်ကတော့ သီချင်းထဲမှာ သူ့ကောင်မလေးကို ဆရာဝန်မလေးဆိုပြီးတော့ သီဆိုသွားတာ ဖြစ်ပါတယ်။ တကယ်လည်း ဂျွန်ရဲ့ ချစ်သူလေးကတော့ ချစ်စရာကောင်းလှတဲ့ ဆရာဝန်မလေး မြတ်သီရိမောင် ဖြစ်ပါတယ်။ ဂျွန်ကတော့ ဒီသီချင်းစလုပ်တုန်းက သူ့မှာချစ်သူမရှိပါဘူးတဲ့ သီချင်းထဲမှာ ဆရာဝန်မလေးလို့ ရေးစပ်လိုက်ရင်း ဂျွန်တယောက်ကတော့ ဒီသီချင်းကြောင့် ဆရာဝန်မလေးနဲ့ ရည်းစားဖြစ်ခဲ့တာလို့လည်း ရင်ဖွင့်ထားပါသေးတယ်။

G Fatt ကလည်း အမြဲတမ်းစာသားတွေကို ထိထိမိမိရေးစပ်တတ်တဲ့ သူတယောက်ဖြစ်ပြီး ဒီသီချင်းထဲမှာလည်း သူ့ကောင်မလေးကို ကျွန်တော်ရူးခါအောင်ချစ်တဲ့ ကပြားမလေး ဆိုပြီး စပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါကတော့ သရုပ်ဆောင် မတ်မတ်နန်းစုရတီစိုးဆိုတာကိုတော့ အားလုံးလည်း ရိပ်မိလောက်မယ် ထင်ပါတယ်။

ကဲနောက်ဆုံးတယောက် ဘန်နီဖြိုးကတော့ သီချင်းထဲမှာ စာရင်းကိုင်လေးလို့ ပြောထားပါတယ်။ ဒါကတော့ သူလည်းလက်ရှိမှာ သူ့ချစ်သူကို ပရိသတ်တွေကို အသိမပေးထားသလို ဘယ်သူ့ကိုရည်ရွယ်ပြီး ဆိုထားလည်းဆိုတာကိုတော့ မသိပါဘူး။ ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ဘန်နီဖြိုး ကောင်မလေးကို ဘယ်သူလို့ထင်လဲ။

စိုင်းစိုင်းရဲ့ ငါ့ရည်စားကပိုမိုက်တယ် ဆိုတဲ့ Animation MTV လေးထဲက ကောင်မလေးတွေရဲ့  ပြင်ပက ပုံလေးတွေကိုလည်း တွေ့သွားပြီဆိုတော့ ဘယ်သူ့ဆောင်က အမိုက်ဆုံးဖြစ်မလဲဆိုတာကို ပြောချင်လွန်းလို့ ပရိသတ်ကြီးက ပြောသွားကြည့်လေ။ သီချင်းတပုဒ်ထဲမှာတင် နာမည်ကျော် အဆိုတော်တွေရဲ့ ချစ်သူတွေကိုပါသိလိုက်ရပြီဆိုတော့ အားလုံးလည်း ပျော်ကြမယ်ထင်ပါတယ်။ ယူတို့မှာလည်း အရမ်းဂေါ်တဲ့ ဆော်တွေရှိရင်လည်း Comment မှာ ချပြခဲ့ကြပါဦး။

Comments are closed.